ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီများသို့ သတိပေးကြေညာချက်ထုတ်ပြန်


05 November, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီများသို့ သတိပေးကြေညာချက်ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကုမ္ပဏီများသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


ကုမ္ပဏီများသို့ အသိပေးကြေညာချက်

 

၁။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ စတင် အာဏာ တည်ပြီးနောက် ဥပဒေ ပြဋ္ဌာန်းချက်များ နှင့်အညီ အီလက်ထရောနစ်မှတ်ပုံတင်စနစ် (MyCO) အား ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင် အသုံးပြုလျက်ရှိပြီး မှတ်ပုံတင်ရန် တင်ပြလာသော ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ စိစစ် ဖွဲ့စည်းခွင့်ပြုလျက်ရှိသကဲ့သို့ ဖွဲ့စည်းမှတ်ပုံတင်ပြီးဖြစ်သော ကုမ္ပဏီများကိုလည်း မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

၂။ အီလက်ထရောနစ်မှတ်ပုံတင်စနစ် (MyCO) အား အများပြည်သူ အသုံးပြုရလွယ်ကူစေရန်နှင့် နိုင်ငံတကာ အဆင့်မီစေရန် တည်ဆောက်ထားသော်လည်း လက်ရှိအချိန်တွင် ကုမ္ပဏီများနှင့် ကုမ္ပဏီ ဒါရိုက်တာများ၊ ကုမ္ပဏီတွင်ပါဝင်သူများသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုအားနည်းနေကြောင်း အောက်ဖော်ပြပါ အချက်များအရ တွေ့ရှိရပါသည်

(က) ဥပဒေအရ လိုအပ်သည့် နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်သည့်အတွက် ဆိုင်းငံ့ ခြင်း-Suspended အခြေအနေတွင် အရေးယူခံထားရသော ကုမ္ပဏီများ အရေအတွက် များပြားလာခြင်း၊

(ခ) ဥပဒေအရ လိုအပ်သည့် နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်သည့်အတွက် မှတ်ပုံ တင်စာရင်းမှပယ်ဖျက်ခြင်း- Struck-off အခြေအနေတွင် အရေးယူခံထားရသော ကုမ္ပဏီ များ အရေအတွက် များပြားလာခြင်း၊

(ဂ) မှတ်ပုံတင်စာရင်း တင်သွင်းထားသော ကုမ္ပဏီ၏ မှတ်ပုံတင် ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ် တည်ရှိမနေခြင်း၊

(ဃ) ဥပဒေအရ ပြုစုထားရှိရန် လိုအပ်သော မှတ်ပုံတင်စာရင်းစာအုပ်နှင့် အခြားလိုအပ်သော အချက်အလက်များကို ပြုစု၍ သိမ်းဆည်းထားရှိရမည့် လိုအပ်ချက်ကို သိလျက်နှင့် ဖြစ်စေ မသိ၍ဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊

(င) အချို့သော ကုမ္ပဏီ/အဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာကိစ္စများဆောင်ရွက်ရာတွင် ဘဏ်များ၌ သီးခြား ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်ရမည့်အစား လူပုဂ္ဂိုလ်ဆိုင်ရာ ဘဏ် စာရင်းများကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရခြင်း၊

(စ) ကုမ္ပဏီများမှတ်ပုံတင်ပြီးနောက် သက်ဆိုင်ရာ ဌာနများ၏ သီးခြားလိုင်စင်/ခွင့်ပြုချက် များကို မရယူဘဲ လုပ်ငန်းများ ဆောင်ရွက်နေခြင်း၊

(ဆ) ကုမ္ပဏီဒါရိုက်တာများနှင့် ကုမ္ပဏီတွင်ပါဝင်သူများ (အချို့) သည် မြန်မာနိုင်ငံကုမ္ပဏီ များ ဥပဒေတွင် ပြဋ္ဌာန်းပါရှိသည့် ဒါရိုက်တာများနှင့် ပါဝင်သူများ၏ တာဝန်များအား သိလျက်နှင့် ဖြစ်စေ မသိ၍ဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိခြင်း

၃။ ကုမ္ပဏီများ မှတ်ပုံတင်ရာတွင် အီလက်ထရောနစ် မှတ်ပုံတင်စနစ်-MyCO ဖြင့် လွယ်ကူစွာ မှတ်ပုံတင်နိုင်သကဲ့သို့ မှတ်ပုံတင်အရာရှိအနေဖြင့် ကုမ္ပဏီများလိုက်နာဆောင်ရွက်ရန် အီလက်ထရော နစ် နည်းလမ်းဖြင့် စောင့်ကြည့်သည့် စနစ်များအလိုအလျောက် သတိပေးမည့် စနစ်များမှားယွင်းမှုနှင့် ပျက်ကွက်မှုတို့ကို သတိပေးအကြောင်းကြားခြင်းနှင့် အရေးယူခြင်းတို့ကို MyCO မှတစ်ဆင့် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ကုမ္ပဏီများနှင့် ကုမ္ပဏီဒါရိုက်တာများ၊ ကုမ္ပဏီတွင်ပါဝင်သူများအနေဖြင့် မြန်မာ နိုင်ငံ ကုမ္ပဏီများ ဥပဒေကို ပိုမိုနားလည်လိုက်နာစေနိုင်ရန်အတွက် အရည်အသွေးမြင့်မားသော စိစစ်မှု များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လိုက်နာမှုမရှိကြောင်းတွေ့ရှိရပါက ဥပဒေအရ သတ်မှတ်ထားသော ဒဏ်ကြေးငွေ ချမှတ်ခြင်းနှင့် အခြားသော အရေးယူဆောင်ရွက်မှုများအား ပြုလုပ် သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Laws and Regulations Read 472 times