အပ်ငွေအာမခံ ပရီမီယံကြေး နှုန်းထား လျှော့ချ သတ်မှတ်


30 May, 2023

အပ်ငွေအာမခံ ပရီမီယံကြေး နှုန်းထား လျှော့ချ သတ်မှတ်

Join Telegram Channel
https://t.me/Guid4U

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်မှ ဘဏ်အပ်ငွေအာမခံ ပရီမီယံကြေးနှုန်းထားကို  ၀.၂၅% မှ ၀.၁၂% သို့ လျှော့ချသတ်မှတ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါသည်။ 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်

နေပြည်တော်

စာအမှတ် ၊ ၅၆၉ / ၃၈၅ -ကက(၁)/၂၀၁၂-၂၀၁၃

ရက်စွဲ ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်

              အမှာစာ

 

အကြောင်းအရာ ။ အပ်ငွေအာမခံ(Deposit Insurance)ထားရှိရန်ကိစ္စ

၁။ နိုင်ငံပိုင်ဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များရှိ အပ်ငွေစာရင်းပိုင်ရှင်များ အပ်ငွေအာမခံ အကာအကွယ်ရရှိရေးနှင့်ဘဏ်များ၏ အသုံးစရိတ်မမြင့်မားစေရေးကိုရည်ရွယ်၍ မြန်မာ့အာမခံလုပ်ငန်း အနေဖြင့် ယခင်ပရီမီယံနှုန်း (၀.၂၅%)မှ ယခု (၀.၁၂%)သို့ လျော့ချ၍ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ် ပါသည်။

၂။ သို့ပါ၍ ဘဏ်များအနေဖြင့် အပ်ငွေအာမခံ (Deposit Insurance) ထားရှိခြင်းအား အောက်ပါအတိုင်း လိုက်နာရန်ညွှန်ကြားပါသည်-

(က) အပ်ငွေအာမခံ (Deposit Insurance) အား ကျပ် (၁)သိန်းမှ ကျပ် (၁၀)သိန်း ထိ ထားရှိရန်၊

(ခ) အာမခံသက်တမ်းပြတ်တောက်မှုမရှိစေရေးဆောင်ရွက်ရန်၊ 

(ဂ) ဘဏ်ခွဲများအားလုံးရှိအပ်ငွေများအတွက်အပ်ငွေအာမခံထားရန်၊

၃။ အမှာစာထုတ်ပြန်သည့်နေ့မှစ၍မြန်မာ့အာမခံလုပ်ငန်းသို့ ဆက်သွယ် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ဥက္ကဋ္ဌ (ကိုယ်စား)

( သိန်းဇော် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် )
 

 

Source CBM

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 277 times