စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃) သင်တန်းသားခေါ်ယူ


06 October, 2023

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃) သင်တန်းသားခေါ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


“စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃)” ကို WIPO FILE User Account ပိုင်ရှင်များနှင့် မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။

သင်တန်း နေ့ရက်/ အချိန်/ နေရာ

● သင်တန်းနေ့ရက်
(၂၃-၁၀-၂၀၂၃) ရက်နေ့မှ (၂၇-၁၀-၂၀၂၃)ရက်နေ့ထိ၊ (၅) ရက်

● သင်တန်းအချိန်
နေ့စဉ် ( ၀၉:၃၀ )မှ ( ၁၅:၀၀ )နာရီအထိ

● သင်တန်းနေရာ
ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့် ဦးစီးဌာန၊ 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

● သင်ကြားမည့်စနစ်
Virtual Online (Zoom Meeting)

 

လျှောက်လွှာလက်ခံမည့် နေ့ရက်နှင့် သင်တန်းကြေး

● သင်တန်းလျှောက်လွှာ Form လက်ခံခြင်း
(၄-၁၀-၂၀၂၃) မှ (၁၁-၁၀-၂၀၂၃)ထိ

● သင်တန်းကြေးပေးသွင်းရမည့်ရက်
(၄-၁၀-၂၀၂၃) မှ (၁၃-၁၀-၂၀၂၃)ထိ

● သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း
ထုတ်ပြန်ကြေညာမည့်ရက်
(၁၈-၁၀-၂၀၂၃) မှ (၁၉-၁၀-၂၀၂၃)ထိ

● သင်တန်းကြေး
၃၀၀,၀၀၀ (သုံးသိန်းကျပ်တိတိ)
မှတ်ချက်။     သင်တန်းကြေးအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ ပေးသွင်းရန်။

 

လျှောက်ထားခြင်း/ ငွေသွင်းခြင်းလုပ်ငန်းအဆင့်ဆင့်

● လျှောက်လွှာပုံစံအား ipd.gov.mm တွင် Download ရယူ၍ ipdtraining [email protected] သို့ ပေးပို့လျှောက်ထားရမည်။
● သင်တန်းတက်ရောက်ခွင့်ရရှိမှုအား ipd.gov.mm တွင် ကြေညာမည် ဖြစ်ပါသည်။
● အခြားသော သင်တန်းဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
● သင်တန်းလျှောက်လွှာပေးပို့ပြီးပါက မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ သင်တန်းကြေး ပေးသွင်းရမည်။
● သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် E-mail မှ [email protected] သို့ ပေးပို့ရမည်။
●သင်တန်းကြေး ပေးသွင်းမှု စိစစ်ပြီးပါက Zoom ID & Password များအား လျှောက်ထားသူ၏ လျှောက်လွှာပါ E-mail သို့ ပေးပို့မည် ဖြစ်ပါသည်။


စည်းကမ်းချက်များ

● သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်း မပြုပါ။
● လျှောက်လွှာတွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
● သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါက နောင်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေးတက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
● သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။
● သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီး စာမေးပွဲအောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။
● သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်းသား အဖြစ် မှတ်ယူမည်မဟုတ်ပါ။
● သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက် နိုင်လျှင်ဖြစ်စေ၊ ● သင်တန်းတက်ရောက်ဆဲ ပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းပြီးထားသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
မှတ်ချက်။ အသေးစိတ် သိရှိလိုပါက ၀၆၇-၄၃၀၅၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မူပိုင်ခွင့်ဦးစီးဌာန

 

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)  သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံ ကို အောက်ပါ link တွင် ဝင်ရောက် download ရယူနိုင်ပါသည်။

cv form.pdf

 

 

MID
 

Tips Read 408 times