ချေးငွေအရင်းနှင့်အတိုးများ ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် အမှာစာ ထုတ်ပြန်


06 August, 2021

COVID-19 ကာလအတွင်း ချေးငွေပေးဆပ်မှု(အရင်းနှင့်အတိုး)များ ကောက်ခံ ခြင်းနှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်း

ကူးစက်မြန် COVID-19 ရောဂါကာလအတွင်း အများပြည်သူအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်း၍ စီးပွားရေးအခြေအနေ ခက်ခဲကြပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် ယင်းကာလအတွင်း ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ချေးငွေရယူသူများထံမှ ချေးငွေအရင်းနှင့်အတိုးများ ကောက်ခံရာတွင် ချေးငွေရယူသူများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။

၂။ ချေးငွေအရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုများအပေါ် ပျက်ကွက်ကြေး များ (Default Charges) ထပ်ဆောင်းကောက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ မပြုလုပ်ကြရန် အကြောင်းကြားပါသည်။


 

Banking & Loan Read 1220 times