ကမ္ဘောဒီးယား ဗဟိုဘဏ် ဥက္ကဋ္ဌအသစ် ဒေါ်လာ အသုံးပြုမှု လျှော့ချရေး ဦးစားပေး ဆက်လက်လုပ်ဆောင်မည်


02 August, 2023

ကမ္ဘောဒီးယား ဗဟိုဘဏ် ဥက္ကဋ္ဌအသစ် ဒေါ်လာ အသုံးပြုမှု လျှော့ချရေး ဦးစားပေး ဆက်လက်လုပ်ဆောင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကမ္ဘောဒီးယား ဗဟိုဘဏ် National Bank of Cambodia (NBC) ၏ ဒုဥက္ကဋ္ဌမှ ဉက္ကဋ္ဌ အသစ် ဖြစ်လာခဲ့သူ Chea Serey က ကမ္ဘောဒီးယား စီးပွားရေးတွင် ကန်ဒေါ်လာ သုံးစွဲမှု လျော့ကျစေရေးကို ဦးစားပေးအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။

ကမ္ဘောဒီးယား စီးပွားရေးတွင် နိုင်ငံသုံးငွေ ရီယဲ riel သုံးစွဲမှု မြှင့်တင်မည်ဟု Serey က ပြောကြားသည်။
ကမ္ဘောဒီးယား စီးပွားရေးတွင် ကန်ဒေါ်လာ သုံးစွဲမှု မြင့်မားသည်။ ဘဏ်အပ်နှံငွေတွင် နိုင်ငံသုံးငွေ ရီယဲသည် ၁၀% မျှသာ ရှိသည်။ နိုင်ငံအတွင်း ငွေကြေးသုံးစွဲမှုသည် ရီယဲသည် ၁၆% မျှသာ ရှိသည်။ 
၁၉၉၂-၁၉၉၃ ၂ နှစ်တာတွင် ကုလသမဂ္ဂ ပါဝင်လုပ်ကိုင်ခဲ့စဉ်က ရန်ပုံငွေ သုံးစွဲခဲ့ရာတွင် ကန်ဒေါ်လာ အမြောက်အမြား ကမ္ဘောဒီးယား စီးပွားရေးထဲသို့ စီးဝင်ခဲ့ခြင်း၏ ကြိုမမြင်မိသော ရလဒ်အဖြစ် ကန်ဒေါ်လာ သုံးစွဲမှု တွင်ကျယ် သွားခဲ့သည်။ ကုလသမဂ္ဂ ရန်ပုံငွေမှ စီးဝင်ခဲ့သော ကန်ဒေါ်လာ ပမာဏသည် ကမ္ဘောဒီးယား ဂျီဒီပီ၏ ၇၅% အထိ ရှိခဲ့သည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ တွင် ရီးယဲအပေါ် ယုံကြည်မှု ရှိအောင် တည်ငြိမ်သော ငွေလဲနှုန်း ဖြစ်နေစေခဲ့သည်။ ငွေဖောင်းပွမှုလည်း နည်းပါးစေခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရီးယဲသုံးစွဲသည့် သက်တမ်း ၄၂ နှစ်မြောက် အခမ်းအနား ကျင်းပခဲ့သည်။

လည်ပတ်ငွေကြေးများတွင် ရီးယဲ ပါဝင်သည့် ရာခိုင်နှုန်းသည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၁၄ ရာခိုင်နှုန်း ပိုများလာခဲ့သည်။ ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား ငွေလဲနှုန်းသည် တည်ငြိမ်နေခဲ့ပါသည်။

ရီးယဲသုံးစွဲသည့် သက်တမ်း ၄၃ နှစ်ထဲသို့ ရောက်ရှိချိန်တွင် နိုင်ငံတွင်း လည်ပတ်နေသည့် ရီးယဲ စုစုပေါင်း ၁၄ ထရီလီယံကျော် ရှိကြောင်း Serey က ထုတ်ဖော်ပြောကြားခဲ့သည်။
ပြည်တွင်းငွေကြေး ရီးယဲ သုံးစွဲမှုကို ပိုမိုမြှင့်တင်ရန် ပြည်သူများကို သူမက တိုက်တွန်းသည်။

Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 269 times