ကိုရီးယား စားသောက်ကုန်များ ရက်စွဲဖော်ပြပုံ ပြောင်းလဲမည်


13 December, 2022

ကိုရီးယား စားသောက်ကုန်များ ရက်စွဲဖော်ပြပုံ ပြောင်းလဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကိုရီးယားနိုင်ငံ၏ စားသောက်ကုန် သိုလှောင်မှု လမ်းညွှန်ချက်များကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရောင်းချနောက်ဆုံးရက်စွဲ sell-by date ဖော်ပြပေးသည့်နည်းလမ်းအစား သုံးစွဲ‌နောက်ဆုံးရက်စွဲ use-by date ဖော်ပြသည့်နည်းလမ်းကို ပြောင်းလဲမည်ဖြစ်သည်။
.
လက်ရှိအသုံးပြုနေသည့် ရောင်းချနောက်ဆုံးရက်စွဲ ဖော်ပြပေးသည့်နည်းလမ်းကို ၁၉၈၅ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၃၈ နှစ်အကြာတွင် နည်းလမ်းပြောင်းလဲ ကျင့်သုံးခြင်းဖြစ်သည်။
.
ရောင်းချနောက်ဆုံးရက်စွဲသည် စားသောက်ကုန်ကို အရည်အသွေး ယိုယွင်းမှု မစတင်ခင် မည်သည့်ရက်အထိသာ အရောင်းဆိုင်၏ စင်ပေါ်တွင် တင်ပြထားနိုင်ကြောင်းကို ညွှန်ပြသည်။
သုံးစွဲ‌နောက်ဆုံးရက်စွဲသည် စားသောက်ကုန်သည် မည်သည့်ရက်အထိ အရည်အသွေး မူလအတိုင်း ဆက်ရှိနေမည်ကို ညွှန်ပြသည်။
အစားအသောက်နှင့် ဆေးဝါးအန္တရာယ်ကင်းရှင်းရေး ဝန်ကြီးဌာနအဆိုအရ ရောင်းချနောက်ဆုံးရက်စွဲသည် သုံးစွဲ‌နောက်ဆုံးရက်စွဲထက် ၂၀% ပိုစောသည်။
သို့ဖြစ်ရာ စားသောက်ကုန် အရည်အသွေး မူလအတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ဆိုင်မှာ ရောင်းချဖို့ ပြသခွင့် မရရှိတော့ချေ။ ထို့ကြောင့် စားသောက်ကုန်များ အလဟဿဖြစ်ရခြင်း ပိုများ‌နေစေသဖြင့် သုံးစွဲ‌နောက်ဆုံးရက်စွဲနည်းလမ်းကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်သည်။ 
Source koreatimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Laws and Regulations Tips Read 548 times