ကန်ဘဏ္ဍာရေးဌာန စောင့်ကြည့်နိုင်ငံသုံးငွေ ၁၂ နိုင်ငံစာရင်း ထုတ်ပြန်


13 June, 2022

ကန်ဘဏ္ဍာရေးဌာန စောင့်ကြည့်နိုင်ငံသုံးငွေ ၁၂ နိုင်ငံစာရင်း ထုတ်ပြန်

အမေရိကန်နိုင်ငံရဲ့  အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်ကဲ့သို့  နိုင်ငံသုံးငွေအ‌ပေါ် ကြိုးကိုင်ခြင်း မရှိပါသော်လည်း ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ရဲ့  နိုင်ငံခြားငွေလဲလှယ်ရေးမူဝါဒများကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားကြောင်း ဘဏ္ဍာရေးဌာနက  ပြောကြားခဲ့ပါတယ်။

အဆိုပါ စောင့်ကြည့်စာရင်းက အမေရိကန်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေးမှာာကုန်သွယ်ရေးပိုငွေ ကြီးမားတဲ့ နိုင်ငံတွေမှာ ယှဉ်ပြိင်မှု အားသာချက်ရရှိဖို့အတွက် ပို့ကုန် ဈေးသက်သာအောင် နိုင်ငံသုံးငွေကို တမင်ရည်ရွယ်ချက်ရှိရှိဖြင့် တန်ဖိုးချသလားဆိုတာကို စောင့်ကြည့်တဲ့စာရင်း monitoring list ဖြစ်ပါတယ်။

စောင့်ကြည့်စာရင်းမှာ နိုင်ငံ ၁၂ နိုင်ငံ ထည့်သွင်းထားကြောင်း ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပါတယ်။တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အီတလီ၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် မက္ကဆီကိုတို့ ဖြစ်ပါတယ်။

အိုင်ယာလန်နှင့် ဆွစ်ဇာလန်နိုင်ငံနှစ်နိုင်ငံတို့ကို  ဒီဇင်ဘာလ ကတည်းက စာရင်းမှ ဖယ်ရှားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

#MyanmarIndustryGuide

Laws and Regulations Banking & Loan Read 8450 times