အရှေ့တောင်အာရှ ငွေကြေးများ ဒေါ်လာငွေလဲနှုန်းတန်ဖိုးကျဆင်းသဖြင့် စီးပွားရေး ထိခိုက်လာနိုင်


22 October, 2023

အရှေ့တောင်အာရှ ငွေကြေးများ ဒေါ်လာငွေလဲနှုန်းတန်ဖိုးကျဆင်းသဖြင့် စီးပွားရေး ထိခိုက်လာနိုင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ကြီးထွားနှုန်း နည်းပါးနေခြင်း၊ အမေရိကန်နှင့် အတိုးနှုန်း ကွာဟခြင်းတို့ကြောင့်  မကြာသေးမီလများအတွင်း အရှေ့တောင်အာရှ ငွေကြေးများသည် ကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် တန်ဖိုးကျဆင်းသွားခဲ့ကြသည်။

 


အရှေ့တောင်အာရှငွေကြေးများသည် တဟုန်ထိုးတန်ဖိုးတက်နေသော ကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက တစ်နှစ်တာအတွင်း အနိမ့်ဆုံး‌ ငွေလဲနှုန်း အနီးတွင် ပေါက်ဈေးများ ဖြစ်ပေါ်နေသည်။
မလေးရှားရင်းဂစ်နှင့် ထိုင်းဘတ်ငွေတို့သည် ကျဆင်းမှုကို ဦးဆောင်နေသည်။
ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် နိုင်ငံသုံးငွေ တန်ဖိုးကျဆင်းမှု၏ စီးပွားရေးအပေါ်အကျိုးသက်ရောက်မှုကို ဒေသတွင်းရှိ အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများက စိုးရိမ်မကင်း ဖြစ်နေကြသည်။


 ငွေလဲနှုန်းတွင် နိုင်ငံသုံးငွေ တန်ဖိုးကျဆင်းသည်အခါ သွင်းကုန်များ ပြည်တွင်းမှာ ရောင်းချသည့် ကုန်ဈေးနှုန်းများ မြင့်တက်သည်။ ရေနံဈေးနှုန်း မြင့်တက်သည်ကလည်း ပြည်တွင်းကုန်ဈေးနှုန်းကို မြင့်တက်အောင် လေပင့်ပေးနေသည်။

ပို့ကုန်များ တင်ပို့ရာတွင် ဈေးနှုန်းလျော့ကျသည့် အားသာချက်ရှိသော်လည်း ‌ကမ္ဘာ့ အဓိကဈေးကွက်ကြီးများတွင် စီးပွားရေး လေးလံနေသဖြင့် ဒေသတွင်းမှ နိုင်ငံများထံမှ ဝယ်ယူတင်သွင်းမှုများ၊ အမှာစာများ လျော့နည်းနေသည်။ ဒေသတွင်း ပို့ကုန်လုပ်ငန်းရှင်များသည် ဈေးကွက်ကြီးမျာ အထူးသဖြင့် တရုတ်တွင် အဆင်မပြေသဖြင့် ပို့ကုန်များ တင်ပို့နိုင်ဖို့ ကြိုးစားရုန်းကန်နေကြရသည်။

 နိုင်ငံသုံးငွေ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးကျသည့်အခါ အရင်းအနှီးများ ပြန်နုတ်သိမ်းကြသဖြင့် ပြည်ပသို့ စီးထွက်ကုန်သည်။ 
“ဒေါ်လာဈေးမြင့်တာ၊ တရုတ်စီးပွားရေးအားနည်းတာနဲ့ ရေနံဈေးတွေ မြင့်တာတို့ ပေါင်းဆုံမှုဟာ အာဆီယံစီးပွားရေးအများစုအတွက် အန္တရာယ်ရှိတဲ့ ကော့တေးတစ်ခု ဖြစ်လာပါတယ်”ဟု စင်ကာပူရှိ Saxo Markets မှ စျေးကွက်ဗျူဟာမှူး Charu Chanana က ပြောကြားသည်။

ရင်းဂစ်နှင့် ဘတ်တို့သည်  အရှေ့တောင်အာရှတွင် ယခုနှစ်အတွင်း ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဆိုးဝါးနေခဲ့သည်။ 
မလေးရှားရင်းဂစ်သည် အောက်တိုဘာလ ၄ ရက်တွင် တစ်ကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၁၀ လတာအတွင်း အနိမ့်ဆုံး ၄.၇၂၉ သို့ ရောက်ရှိခဲ့သည်။ 
ထိုင်းဘတ်သည်  အောက်တိုဘာလ ၃ ရက်တွင် ၁၀ လတာအတွင်း  အနိမ့်ဆုံးဖြစ်သည့် တစ်ကန်ဒေါ်လာလျှင် ၃၇.၀၇ ဘတ်သို့ ကျဆင်းခဲ့သည်။

ရင်းဂစ် က ၆.၉% ၊ ဘတ်က ၄.၄% ကျဆင်းသည်။ 
ဗီယက်နမ် ဒေါင်က ၃.၄% ကျဆင်းသည်။
စင်ကာပူဒေါ်လာက ၂.၁% ၊ အင်ဒိုနီးရှား ရူပီက ၀.၇% ကျဆင်းသည်။ 
အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ် Federal Reserve က ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် အတိုးနှုန်းကို အမြင့်နှုန်းထားမှာ ပိုမိုကြာရှည်စွာ ထားလိမ့်မည်ဟု ရင်းနှီးမြုပ်နှံသူအချို့က တွက်ဆထားကြသည်။
သို့ဖြစ်ရာ အတိုးနှုန်း ပိုရနေဦးမည့် အမေရိကန်သို့ အရှေ့တောင်အာရှမှ ငွေလုံးငွေရင်းများကို ပြောင်းရွှေ့ကြသည်။ ထိုအခါ အရှေ့တောင်အာရှမှ နိုင်ငံသုံးငွေများကို အားပျော့စေသည်။
ဉပမာအားဖြင့် Federal Reserve က အတိုးနှုန်းကို ၅.၂၅% နှင့် ၅.၅% ကြားတွင် ထားရှိသည်။ မလေးရှား ဗဟိုဘဏ်က ၃% ဟု အတိုးနှုန်း သတ်မှတ်ထားသည်။ 
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 457 times