ရေနံစိမ်း စည် ၁ သန်း ဒေါ်လာအစား ရူပီးဖြင့် ပေးချေ


16 September, 2023

ရေနံစိမ်း စည် ၁ သန်း ဒေါ်လာအစား ရူပီးဖြင့် ပေးချေ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဩဂုတ်လလယ်တွင် အိန္ဒိယသည် ရေနံစိမ်း ဝယ်ယူခြင်းအတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ကို အိန္ဒိယနိုင်ငံသုံးငေွ ရူပီးဖြင့် ပေးချေခဲ့သည်။ ကန်ဒေါ်လာဖြင့် ပေးချေနေကျအစား ရူပီးဖြင့် ပထမဆုံးအကြိမ် ပေးချေခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယ၏ ထိပ်တန်း ရေနံသန့်စင်သည့် ကုမ္ပဏီဖြစ်သည့် Indian Oil Corp သည် UAE မှ Abu Dhabi National Oil Company ထံမှ ရေနံစည် တစ်သန်းဝယ်ယူခြင်းအတွက် ရူပီးငွေဖြင့် စတင်ပေးချေခဲ့သည်။

ထို့နောက် များမကြာမီတွင် UAE ရွှေတင်ပို့သူထံမှ အိန္ဒိယဝယ်သူထံသို့ ရူပီး ၁၂၈.၄ သန်း (ဒေါ်လာ ၁.၅၄ သန်း) ဖြင့် ရွှေ ၂၅ ကီလိုဂရမ် (၅၅ ပေါင်) ရောင်းချခဲ့သည်။ 
အမေရိကန်ဒေါ်လာအစား  နိုင်ငံသုံးငွေကြေးဖြင့် ကုန်သွယ်မှုပြုရန် အသွင်ကူးပြောင်းမှုသည် အိန္ဒိယနိုင်ငံသည် ဇူလိုင်လတွင် UAE နှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် ကန်ဒေါ်လာအစား ရူပီးဖြင့် ပေးချေခွင့် ရရှိသွားသည်။ 

အိန္ဒိယနှင့် ယူအေအီး နှစ်နိုင်ငံကြား ကုန်သွယ်မှု ပမာဏသည် ၂၀၂၂/၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၄.၅ ဘီလီယံ ရှိခဲ့သည်။

Source Benzinga
 

Energy News Banking & Loan Read 629 times