ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်မှု ဘတ် ၁.၈ ထရီလီယံသို့ ရောက်ရှိမည် ရည်မှန်း


06 September, 2022

ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်မှု ဘတ် ၁.၈ ထရီလီယံသို့ ရောက်ရှိမည် ရည်မှန်း

အိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေးတိုးတက်မှု နှေးကွေးနေပြီး  တရုတ်နိုင်ငံတွင် ကိုဗစ် သုည zero-Covid အစီအမံများ ရှိနေသော်လည်း ထိုင်းနိုင်ငံ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ယခုနှစ်တွင် အနည်းဆုံး ၅% တိုးတက်ရန် မျှော်မှန်းထားပြီး ဘတ်ငွေ ၁.၈၀ ထရီလီယံအထိ ရောက်ရှိမည်ဟု မျှော်လင့်ထားပါသည်။
 ဓာတ်ဆီ၊ စားသုံးဆီ၊ တာယာနှင့် ကားအစိတ်အပိုင်းများအတွက် ဝယ်လိုအားများက ရည်မှန်းချက်ကို ပြည့်မီစေလိမ့်မည် ဖြစ်သည်။ 
 
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နိုင်ငံတို့မှ ကုန်သွယ်မှုဆိုင်ရာ သံတမန်များနှင့်ထိုင်းကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်များ တက်ရောက်သည့်  မကြာသေးမီက ပြုလုပ်သည့် ဒုတိယနှစ်ဝက်တွင် နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှု အခြေအနေကို အကဲဖြတ်တဲ့  ပူးတွဲအစည်းအဝေးမှာ နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Pitak Udomwichaiwat က နယ်စပ်ကုန်သွယ်မှု  အရှိန်အဟုန် ဆက်လက်ရှိနေမယ့် အလားအလာ ရှိကြောင်း ပြောကြားခဲ့ပါသည်။
 
သို့သော်လည်း လာအိုနှင့် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှာ စီးပွားရေးတိုးတက်မှု နှေးကွေးနေချိန်တွင် တရုတ်နိုင်ငံ ကိုဗစ်သုည မူဝါဒ၏ အစိတ်အပိုင်းအဖြစ် အဓိက နယ်စပ်စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်သော စီမံချက်ဆောင်ရွက်မှုများရဲ့ သက်ရောက်မှုဟာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအတွက် အဓိက အနှောက်အယှက် ဖြစ်‌နေကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မကြာသေးမီက အဆိုပါဌာနမှ အစီရင်ခံတင်ပြချက်အရ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု တန်ဖိုးပမာဏသည် ဇူလိုင်လတွင် (တစ်ဆင့်ခံဖြတ်သန်းကုန်သွယ်မှုအပါအဝင်) စုစုပေါင်း ဘတ်ငွေ ၁၅၀ ဘီလီယံရှိကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု တန်ဖိုး စုစုပေါင်းတွင် ပို့ကုန်တန်ဖိုးမှာ ဘတ် ၈၇.၇ ဘီလီယံ ဖြစ်ပြီး 
သွင်းကုန် တန်ဖိုးမှာ ဘတ် ၆၂.၄ ဘီလီယံ ဖြစ်ပါသည်။
ကုန်သွယ်ရေးပိုငွေ ဘတ် ၂၅.၂ ဘီလီယံ ရရှိခဲ့ပါသည်။

ယခုနှစ် ပထမ ၇ လ တွင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု တန်ဖိုးပမာဏ ဘတ် ၁ ထရီလီယံ ရှိပါသည်။ ပို့ကုန်တန်ဖိုး ဘတ် ၅၉၅ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ဘတ် ၄၀၅ ဘီလီယံ ဖြစ်ပါသည်။  ကုန်သွယ်ရေး ပိုငွေ ဘတ် ၁၉၀ ဘီလီယံ ရရှိခဲ့ပါသည်။
အဓိကထုတ်ကုန်များ တင်ပို့ရောင်းချမှု ပမာဏများကို  ဆက်လက် ထိန်းသိမ်းထားပါသည်။
လာအိုနိုင်ငံသို့ ဒီဇယ်ဆီ၊ ရွှေ‌ေချာင်းနှင့်သကြား တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံသို့ စားအုန်းဆီ၊ ဟင်းချက်ဆီ၊ ဒီဇယ်ဆီ တို့ကိုလည်းကောင်း၊ မလေးရှားနိုင်ငံသို့ တာယာများ၊ မော်တော်ကားများနှင့် မော်တော်ယာဥ်အစိတ်အပိုင်းများနှင့် ရော်ဘာများကိုလည်းကောင်း၊ ကမ္ဘောဒီးယားသို့ သတ္တုများ၊ လောင်စာဆီ၊ မော်တော်ကားများနှင့် မော်တော်ကားအစိတ်အပိုင်းများကိုလည်းကောင်း အဓိကအားဖြင့် တင်ပို့ရောင်းချသည်။

ဩဂုတ်လ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ပါးလာသဖြင့် နယ်စပ်စစ်ဆေးရေးဂိတ် စုစုပေါင်း ၉၇ ခုအနက် ၆၀ ခု ဖွင့်လှစ်နိုင်ခဲ့သည်။
 Source Bangkokpost
 #MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Export, Import Read 1647 times