အာဆီယံ ၂၀၂၃ ခုနှစ် အကျင့်ပျက်ခြစားမှု ခံယူချက် ညွှန်းကိန်း


31 January, 2024

အာဆီယံ ၂၀၂၃ ခုနှစ် အကျင့်ပျက်ခြစားမှု ခံယူချက် ညွှန်းကိန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Transparency International က ၂၀၂၃ ခုနှစ်အတွက် Corruption Perception Index (CPI)  ထုတ်ပြန်ပါသည်။ 

 

CPI သည် သုည မှ ၁၀၀ အကြား စကေးပေါ်တွင် တိုင်းတာပြီး ရမှတ် သုည သည် အကျင့်ပျက်ခြစားမှု အမြင့်ဆုံးအဆင့်ကို ညွှန်ပြပြီး ၁၀၀ သည် အကင်းရှင်းဆုံးဖြစ်သည်။ သို့ဖြစ်ရာ ရမှတ်များလေ အကျင့်ပျက်ခြစားမှု နည်းလေလေ ဖြစ်သည်။ 

 

အာဆီယံနိုင်ငံများတွင် စင်ကာပူသည် ၈၃ ဖြင့် ထိပ်ဆုံးမှာ ရှိနေသည်။ ၂၀၂၂ ခုနှစ် ရမှတ်နှင့် အတူတူပင် ဖြစ်သည်။ 

ဒုတိယနေရာတွင် ရမှတ် ၅၀ ဖြင့် မလေးရှား ရှိနေသည်။ ယခင်နှစ်ထက် ၃ မှတ်တိုးလာသည်။ 

တတိယနေရာတွင် တီမောက ရမှတ် ၄၃ ဖြင့် ရပ်တည်နေသည်။ ယခင်နှစ်ထက် ၁ မှတ် တိုးပါသည်။ 

 

မြန်မာနိုင်ငံသည် ရမှတ် ၂၀ ဖြင့် အောက်ဆုံးမှာ ဆက်ရှိနေပြီး ယခင်နှစ်ထက် ၃ မှတ် လျော့နည်းပါသည်။

 

 

နိုင်ငံနှင့် နယ်မြေပိုက်နက် ၁၈၀ ပါသည့် CPI စာရင်း ထိပ်တန်း ၅ နိုင်ငံတွင် အာဆီယံနိုင်ငံများအနက် စင်ကာပူ တနိုင်ငံတည်းသာ ပါဝင်ပါသည်။

 

ဒိန်းမတ်သည် ရမှတ် ၉၀ ဖြင့် ၂၀၂၃ ခုနှစ်တွင် အမြင့်ဆုံး CPI ရမှတ် ရရှိပါသည်။ 

ဒုတိယနေရာတွင် ရမှတ် ၈၇ ဖြင့် ဖင်လန် ရှိပြီး နယူးဇီလန်က ရမှတ် ၈၅ ဖြင့် တတိယနေရာ ရရှိပါသည်။ နော်ဝေးသည် ရမှတ် ၈၄ ဖြင့် စတုတ္ထနေရာကို ရရှိပါသည်။ စင်ကာပူသည် ရမှတ် ၈၃ ဖြင့် ပဉ္စမနေရာ ရရှိပါသည်။

 

CPI ရမှတ် အနိမ့်ဆုံးနိုင်ငံများတွင် ယီမင် (၁၆)၊ ဆီးရီးယား၊ တောင်ဆူဒန်၊ ဗင်နီဇွဲလား (၁၃) နှင့် ဆိုမာလီယာ (၁၁) နိုင်ငံတို့ ပါဝင်သည်။ ၎င်းနိုင်ငံများတွင် ရမှတ်နိမ့်ကျခြင်းသည် ကာလရှည်ကြာ လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်သည်ဟု ယူဆကြသည်။

 

 

ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ CPI ရမှတ်သည် ၄၃ တွင် ဆက်လက်တည်ရှိနေသည်မှာ ၅ နှစ် ရှိပြီ ဖြစ်ပါသည်။ 

Source CPI 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Tips Read 246 times