“COVID နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ


02 December, 2020

ကိုဗစ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် သိသင့်သိထိုက်သည်များအား “COVID နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ကိုဗစ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် သိသင့်သိထိုက်သည်များနှင့်စပ်လျဉ်း၍ “COVID နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်း” ဆွေးနွေးပွဲအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် Virtual Seminar ပုံစံဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းမှ “ဒီနေ့အစီအစဉ်ဟာ ဆွေးနွေးဟောပြောပွဲမဟုတ်ဘဲ အလုပ်ရုံဆွေးနွေးပွဲသဘောမျိုးနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ပေါ်ထွန်းလာဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ ကိုဗစ်ကာလတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များအား ထည့်သွင်းစဉ်းစားထားပါက လိုအပ်ချက်များအား သတိထားမြင်သိလာနိုင်ပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေလာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး အသင်းချုပ် အလုပ်ရှင်အဖွဲ့အစည်းဌာန (EOD) ဌာနမှူး ဦးမြင့်ကျော်မှ ကိုဗစ်ကာလအတွင်း လုပ်ငန်းခွင်များ၌ နိုင်ငံတော်မှသတ်မှတ်ထားသော ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သင့်သော အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဖော်ပြပါ Virtual Seminar အား ကုန်သည်စက်မှုအသင်းချုပ် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်အလုပ်သမားဆက်ဆံရေးဆိုင်ရာကော်မတီမှ ဦးစီး၍ ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ရာတွင် ဆောင်ရန်၊ ရှောင်ရန်နှင့် သိသင့်သိထိုက်သည်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ EOD ဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်

Local News Tips Events & Exhibition Read 552 times