တရုတ်- လာအို ရထားလမ်းသစ် အာဆီယံ (၅)နိုင်ငံမှ ကုန်စည်များ ပို့ဆောင်


08 February, 2022

တရုတ်- လာအို ရထားလမ်းသစ် အာဆီယံ (၅)နိုင်ငံမှ ကုန်စည်များ ပို့ဆောင်

တရုတ်- လာအို ရထားလမ်းဖြင့် ကုန်စည်ပို့ဆောင်မှုများအတွက် အာဆီယံနိုင်ငံများ အသုံးပြုနေကြပြီဖြစ်ကြောင်း လာအိုမှ နေ့စဉ်သတင်းစာ Vientiane Times မှာ သတင်းဖော်ပြခဲ့ပါတယ်။

Lao National Chamber of Commerce and Industry အသင်း ဒုဥက္ကဋ္ဌ Daovone Phachanthavong က "ဒီနှစ်မှာ လာအို စီးပွားရေး ပိုကောင်းလာမယမလို့ ကျွန်တော် ထင်တယ်။ အခုဆိုရင် လာအို- တရုတ်ရထားလမ်းကို သုံးနေကြပြီ။ လာအို၊ ဗိယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာတို့မှ လုပ်ငန်းများက လာအို-တရုတ် ရထားလမ်းကို အသုံးပြုပြီး တရုတ်နှင့် ကုန်သွယ်မှုတွေ ပိုများလာနေတယ်" လို့ ပြောကြားပါတယ်။

ကုန်စည်ပို့ဆောင်ရေးအတွက် လာအို-တရုတ် ရထားလမ်းကို လာအိုအပြင် အခြားနိုင်ငံတွေပါ သုံးစွဲလာကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနှင့် ပို့ကုန်သွင်းကုန်များ ပို့ဆောင်ရန် ရထားလမ်းကို အသုံးပြုတာ ပိုများလာနေတယ်။း

ရထားဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကို ၂၀၂၁ ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး တရုတ်ပြည် အတွက်သာမက အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသ၊ ရုရုားနှင့် ဉရောပသို့ ရထားလမ်းကွန်ရက် အချိတ်အဆက်များဖြင့် ပို့ကုန်သွင်းကုန်များ ပို့ဆောင်ရန် လမ်းပွင့်သွားစေခဲ့ပါတယ်။
 
"ကုမ္ပဏီအတော်များများ လာအိုမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ စဉ်းစားနေကြတယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် အာဆီယံနိုင်ငံတွေထံမှ ကုန်စည်တွေကို လာအို-တရုတ် ရထားလမ်းမှတစ်ဆင့် ဥရောပကို တင်ပို့လို့ ရသွားပြီ" လို့  Daovone က ပြောကြားပါတယ်။
"လာအိုမှ ကော်ဖီနဲ့ဆန် ဉရောပကို ရထားဖြင့် တင်ပို့နေပါတယ်။ ပင်လယ်ရေကြောင်းမှ တင်ပို့နေတာနဲ့ ယှဉ်ကြည့်ရင် အချိန်အများကြီး သက်သာတယ်" လို့  သူက ပြောပါတယ်။

၂၀၂၁ ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သော တရုတ်-လာအို ရထားလမ်းသစ်ဖြင့် ခရီးသည် တစ်သန်းကျော်၊ နယ်ခြားဖြတ်ကျော် ကုန်စည်တန်ချိန် တစ်သိန်း အပါအဝင် ကုန်စည်တန်ချိန် ငါးသိန်း ပို့ဆောင်ခဲ့ပြီးပြီဖြစ်သည်။

Global News Read 5345 times