ထိုင်း စတိုးဆိုင်ကဏ္ဍတွင် ပြိုင်ဆိုင်မှု အရှိန်မြင့်လာ


14 October, 2023

ထိုင်း စတိုးဆိုင်ကဏ္ဍတွင် ပြိုင်ဆိုင်မှု အရှိန်မြင့်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အောက်တိုဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် Bloomberg အစီရင်ခံစာအရ ယနေ့ခေတ် စားသုံးသူများသည် မရှိမဖြစ် လိုအပ်သော ပစ္စည်းများကို ပမာဏအနည်းငယ်ဖြင့် အလီလီ ဝယ်ယူလေ့ရှိပြီး ၎င်းတို့နေထိုင်ရာ နေရာ အနီးတဝိုက်တွင်  ဝယ်ယူလေ့ရှိသည်။  ယခင်ကလို တလစာ၊ နှစ်လစာ များများစားစား တကြိမ်တည်းဖြင့် စူပါမားကက်ကဲ့သို့သောနေရာမျိုးမှာ တကူးတက သွားရောက် ဝယ်ယူသည့် အလေ့အထ လျော့နည်းလာနေသည်။ သို့ဖြစ်ရာ လက်လီအရောင်းကဏ္ဍတွင် စတိုးဆိုင်ငယ်များ အရေးပါလာသည်။

၎င်းအလေ့အထ အပြောင်းအလဲကြောင့် ထိုင်းနိုင်ငံ၏ စတိုးဆိုင်လုပ်ငန်းကဏ္ဍတွင် မဟာလုပ်ငန်းကြီးများအကြား ယှဉ်ပြိုင်မှု ပြင်းထန်နေသည်။

ထိုင်းနိုင်ငံ စတိုးဆိုင်လုပ်ငန်းကဏ္ဍတွင် အစဉ်အလာအားဖြင့် Charoen Pokphand (CP) က ကြီးစိုးထားသည်။ ယခုအခါ စတိုးဆိုင်လုပ်ငန်းကဏ္ဍထဲသို့ မဟာလုပ်ငန်းကြီးများ ဝင်လာကြသဖြင့် CP သည် ဈေးကွက်ဝေစုကို ကာကွယ်ရန် ယှဉ်ပြိုင်မှုကို အရှိန်တင်လိမ့်မည် ဖြစ်သည်။

ပြိုင်ဘက်တစ်ဦးမှာ  Thai Beverage သူဌေးကြီး Charoen Siriwattanaphakdi ဖြစ်သည်။ သူသည် ပိုင်ဆိုင်မှု အဝဝ စုစုပေါင်း ဘတ် ၅၅.၅ ဘီလီယံ (ကန်ဒေါ်လာ ၁.၅ ဘီလီယံ) ရှိသူ ဖြစ်သည်။ 

သူက ထိုင်းနိုင်ငံတဝှမ်းမှ ကုန်စုံဆိုင် ၃ သောင်းကို Larn Don Jai' (Favourite Stores) အဖြစ်သို့ ၂၀၂၇ ခုနှစ် မတိုင်ခင်မှာ ပြောင်းလဲရန် အစီအစဉ် ရေးဆွဲထားသည်။ 
၎င်းအစီအစဥ်အရ Berli Jucker (BJC) သည် သမားရိုးကျ ကုန်စုံဆိုင်ငယ်များအတွက် ထောက်ပံ့ပို့ဆောင်ရေး၊ စျေးကွက်ရှာဖွေရေးနှင့် ဒေတာစီမံခန့်ခွဲမှုဆိုင်ရာ ပံ့ပိုးမှုများဖြင့် ခေတ်မီစတိုးဆိုင်များအဖြစ်သုိ့ ရောက်အောင် လုပ်ဆောင်ပေးမည်ဖြစ်သည်။
 ၎င်းစတိုးဆိုင်များသည် ရောင်းချရန် ကုန်စည်များကို Big C နှင့် Thai Beverage အပါအဝင် ကုမ္ပဏီစုကြီးအတွင်းရှိ ကုမ္ပဏီ အမျိုးမျိုးတို့ထံမှ ရယူမည်။ မယူမနေရ အနည်းဆုံး အရေအတွက်များကို သတ်မှတ်ပေးထားမည်။ 

BTS Group Holdings မှ အိမ်ခြံမြေသူဌေးကြီး Keeree Kanjanapas နှင့် Central Group မှ Chirathivat မိသားစုတို့ကလည်း စတိုးဆိုင်လုပ်ငန်းကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်မည့် အစီအစဉ် ရှိသည်။

ထိုင်းနိုင်ငံတွင် စတိုးဆိုင်လုပ်ငန်းကဏ္ဍသို့ ဝင်ရောက်လုပ်ကိုင်ရန် မလွယ်ကူပါ။ CP All Plc ၏ အပြင်းအထန်ယှဉ်ပြိုင်မှုများကို ရင်ဆိုင်ကြရလိမ့်မည် ဖြစ်သည်။

နိုင်ငံတစ်ဝှမ်းရှိ ဆိုင်ခွဲပေါင်း ၁၄,၀၀၀ ကျော်ရှိသည့် 7-Eleven စတိုးဆိုင်များ၏ အော်ပရေတာဖြစ်သော CP All Plc သည် ထိုင်းနိုင်ငံ စတိုးဆိုင်လုပ်ငန်းကဏ္ဍ တစ်ခုလုံး၏ ၇၅% ကို ချုပ်ကိုင်ထားသည်။

Source thenationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 347 times