ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ကွန်ဒိုအခန်း ဝယ်ယူမှု တန်ဖိုးအရ  မြန်မာ တတိယနေရာ ရောက်ရှိ


26 March, 2023

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ကွန်ဒိုအခန်း ဝယ်ယူမှု တန်ဖိုးအရ  မြန်မာ တတိယနေရာ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံတစ်ဝန်းရှိ နိုင်ငံခြားသားများထံ ရောင်းချ လွှဲပြောင်းပေးသည့် ကွန်ဒိုတန်ဖိုးသည် ယခင်နှစ် စတုတ္ထသုံးလပတ်တွင် ငါးနှစ်တာအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC)   ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောကြားသည်။

ဘတ် ၁၉.၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃,၇၈၀ ကို ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် နိုင်ငံခြားသားများထံ ရောင်းချလွှဲပြောင်းပေးအပ်ခဲ့သည်။
"ကွန်ဒို ရောင်းအား အတက်ဘက် လမ်းကြောင်း‌ပေါ် ရောက်လာခဲ့တာ ၂၀၂၁  ခုနှစ် တတိယသုံးလပတ်မှာ စတင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးလပတ် ငါးခုမှာ  ဆက်တိုက် ကြီးထွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ၂၀၂၂ ခုနှစ် ဇွန်လမှာ  ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာတာကြောင့် အကောင်းရှုမြင်ကြပြီး ကွန်ဒိုတွေ အဝယ်များစေခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 ၂၀၂၂ ခုနှစ် တစ်နှစ်တာတွင် နိုင်ငံခြားသားများထံ လွှဲပြောင်းပေးသည့် ကွန်ဒိုအခန်းစုစုပေါင်း အရေအတွက်သည် ၁၁,၅၆၁ ခန်း ရှိခဲ့ပြီး  ၂၀၂၁ ခုနှစ်ထက် ၄၁% မြင့်တက်ခဲ့သည်။ တန်ဖိုး စုစုပေါင်းမှာ ဘတ် ၅၉.၃ ဘီလီယံ ဖြစ်ပါသည်။
 
၂၀၂၂ တွင် တရုတ်နိုင်ငံသားများသည် ကွန်ဒိုအခန်း ၅,၇၀၇ ခန်း ဝယ်ယူခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၂၉ ဘီလီယံ ဖြစ်ပါသည်။ 
ရုရှားနိုင်ငံသားများသည် ကွန်ဒိုအခန်း ၈၁၃ ခန်း ဝယ်ယူခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၂.၆၈ ဘီလီယံ ဖြစ်ပါသည်။ 
အမေရိကန်နိုင်ငံသားများသည် ကွန်ဒိုအခန်း ၅၄၂ ခန်း၊ ဗြိတိန်နိုင်ငံသားများသည် ကွန်ဒိုအခန်း ၃၉၃ ခန်း၊ ပြင်သစ်နိုင်ငံသားများသည် ကွန်ဒိုအခန်း ၃၅၁ ခန်း ဝယ်ယူခဲ့ကြသည်။

Advertisement

Click Here > Cheery Everline
.
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်း ဆဌမ အများဆုံး  ဝယ်ယူသည့် နိုင်ငံသား ဖြစ်ပါသည်။ စုစုပေါင်း ၃၄၉ ခန်း ဝယ်ယူခဲ့သည်။  တန်ဖိုးစုစုပေါင်းမှာ ဘတ် ၂.၅၅ ဘီလီယံ ဖြစ်ပါသည်။ ၎င်းတန်ဖိုးပမာဏသည် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံသားများ ဝယ်ယူသည်ထက် ပိုများပါသည်။ ၎င်းစုစုပေါင်းတန်ဖိုးသည် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ကွန်ဒိုအခန်း ဝယ်ယူမှု တန်ဖိုးအရ တတိယအများဆုံး ဖြစ်ပါသည်။
မြန်မာနိုင်ငံသားများသည် ၂၀၂၂ တွင် ကွန်ဒိုအခန်း ဝယ်ယူမှု အများဆုံး နိုင်ငံသားများ ထိပ်တန်း(၁၀) စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်ပါသည်။

ကမ္ဘောဒီးယား နိုင်ငံသားများ ကွန်ဒိုအခန်း ဝယ်ယူမှုသည် စုစုပေါင်းတန်ဖိုး အဌမအများဆုံး ဖြစ်ပြီး ဘတ် ၁.၆၃ ဘီလီယံ ရှိပါသည်။
Source Bangkokpos
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 817 times