ကုမ္ပဏီမှတ်ပုံတင်ကြေးများကို လျှော့ချသတ်မှတ်


13 March, 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနဌာနသည် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများအတွက် ကုမ္ပဏီ မှတ်ပုံတင်ကြေးကို လွန်ခဲ့သည့် ၂ နှစ်ခန့် ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်မှ စ၍ ကျပ် ၁၀ သိန်းမှ ၅ သိန်းသို့ ထက်ဝက်လျော့ချ သတ်မှတ်ပေးခဲ့ပြီး ယခုလာမည့် ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ ကျပ် ၅ သိန်းမှ ကျပ် ၂ သိန်းခွဲသို့ လျော့ချသတ်မှတ်မည်ဖြစ်ကြောင်း သိရပါသည်။
ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်သည့်အခါ အသေးစားလုပ်ငန်းရှင်များအနေဖြင့် ကျပ် ၅ သိန်းသည် ဆင်ဖိုးထက် ချွန်းဖိုးကြီးသည့်အတိုင်း ခံစားမိနေစေသည်။

ယခုအခါ ကျပ် ၂သိန်းခွဲသို့ လျော့ချသတ်မှတ်လိုက်သဖြင့် ကုမ္ပဏီတစ်ခုအဖြစ် တည်တည်တံ့တံ့ထူထောင်လုပ်ကိုင်ဖို့ ပိုမိုနီးစပ်သွားစေမည်ဖြစ်သည်။

register

Local News Read 530 times