(၃) ရက် ကျင်းပ ပြုလုပ်မည့် နိုင်ငံတကာ ပလတ်စတစ် ကုန်စည်ပြပွဲ


29 March, 2023

 

(၆) ကြိမ်မြောက် နိုင်ငံတကာ ပလတ်စတစ်ကုန်စည်ပြပွဲ COMEXPO ကို ယနေ့ မတ်လ (၂၉) ရက်က စတင်ပြီး Novotel Hotel Yangon တွင် ကျင်းပ ပြုလုပ်လျက် ရှိကာ မတ်လ (၃၁) ရက်နေ့အထိ (၃) ရက်တိုင် ပြုလုပ်သွားမည်  ဖြစ်သည်။

 

အဆိုပါ ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံမှ Smart Expos Fairs India Private Ltd. တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး National Small Industries Corporation, Ministry of MSME, Government of India နဲ့  FaMe TN တို့က ထောက်ပံ့ထားသည်။

 

မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ တရုတ်၊ ထိုင်ဝမ်နှင့် စင်ကာပူ နိုင်ငံ (၅) နိုင်ငံမှ လုပ်ငန်းရှင်များက ပလတ်စတစ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ စက်ပစ္စည်းကိရိယာများအပြင် ပုံနှိပ်လုပ်ငန်း၊ ထုတ်ပိုးစက်ရုံများအတွက် လိုအပ်သည့် ပစ္စည်းများကို  ပါဝင် ပြသသွားမည် ဖြစ်သည်။

 

အဆိုပါပြပွဲတွင် စုစုပေါင်း ပြခန်း (၆၀) ကျော် ပါဝင်ပြီး ပလတ်စတစ်လုပ်ငန်း စတင်လိုသူများနှင့် လုပ်ငန်းချဲ့ထွင်လိုသူများအတွက် လိုအပ်သည့် နည်းပညာ၊ ကုန်ကြမ်းနှင့် စက်ပစ္စည်းများကို စိတ်ပါဝင်စားသူ မည်သူမဆို  မနက် (၁၀) နာရီမှာ ညနေ (၅) နာရီခွဲ အချိန်အတွင်း အခမဲ့ သွားရောက် လေ့လာနိုင်သည်။

 

Advertisement

Click Here > Lucky Bag & Swallow Plastic

 

ပြပွဲတွင် ပါဝင်သည့် လုပ်ငန်းများ

 

  • Addonn Poly Compounds
  • Agroha Colourtec Pvt Ltd
  • Aung Myittar Co., Ltd
  • AKR Machinery
  • Ananda Plastic Pots
  • Aru Metal
  • Aung Thein Than Co., Ltd
  • Boucherie Machines
  • Deco-Land
  • Department of Int'l Trade
  • Promotion of Thailand
  • Ecopack Pvt Ltd
  • Food Corp Co., Ltd
  • Frank Compressors India
  • Ganga Masterbatches
  • Gemini Combs
  • HELI Myanmar Co., Ltd
  • Htun Tauk Plastic & Printing
  • Jagmohan Pla Mach Pvt Ltd
  • Jewel kolay co.,itd.
  • Jwell Machinery Co.,Ltd
  • Komal Polymers
  • M Plast India Roto Molding
  • Mahar Para Mount Group
  • Int'l Co.,Ltd
  • Minipack
  • Mount Kailash Printpack
  • Machines
  • MSS Polypack
  • Myanmar Industries Assoc.
  • Myanmar Plastic Industries Assoc
  • Naroto India
  • New A1 Family Co., Ltd
  • Nithya Enterprises
  • Peas Automation & Technologies Pvt Ltd
  • Pan Yoma Co., Ltd
  • Theingi Rice
  • Polythene Process
  • Rainbow Plastics India Ltd
  • Royal (M) Food Mfg. Co., Ltd
  • Samrat Industries
  • SBM Extrusion India
  • Shree Shiva Minerals
  • Shwe Naing Ngan Printing
  • Shwe Zee Kwat food Mfg. & Int'l Export Co., Ltd
  • Smart Machinery International
  • Spearindia Industries
  • Sri Vaari Automation
  • Starpac India Ltd
  • SVE Heaters
  • TAIWAN TRADE CENTER. INC
  • Tissue World Manufacturing
  • TPBI & Myanmar Star Co.,Ltd
  • Trinity Diamond Tools Pvt Ltd
  • Trujet Printing Inks
  • Tun Tauk Plastic
  • U M H Co., Ltd
  • Vinmar
  • Intelligent Print Solutions Co., Ltd

 

ယခု ကျင်းပလျက်ရှိသည့် (၆) ကြိမ်မြောက် COMEXPO နိုင်ငံတကာ ပလတ်စတစ် ကုန်စည်ပြပွဲကြီးသည် ၂၀၂၀ ခုနှစ်တွင် ကိုဗစ်ဖြစ်ပွားခဲ့သည့် နောက်ပိုင်းမှ ပထမဆုံး ပြန်လည် ကျင်းပသည့် ပြပွဲတစ်ခု ဖြစ်သည်။

Events & Exhibition Read 321 times