COE အစား Thailand Pass အသုံးပြုမည်


25 October, 2021

ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်အတွက် မပါမဖြစ် လိုအပ်သော certificates of entry (COE) အစား Thailand Pass စနစ်ကို နိုဝင်ဘာလ ၁ ရက် ထိုင်းနိုင်ငံကို ပြန်လည်ဖွင့်ပေးလိုက်သည့်အခါ၌ သုံးစွဲမည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေးကြေညာသည်။

 အဆိုပါကိစ္စရပ်အတွက် ပြောရေးဆိုခွင့်ရသူ Tanee Sangrat က ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသား ဧည့်သည်များအတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ရန် ၂၀၂၀ ဧပြီလမှ စ၍ ယခုအထိ  COE ခုရေ ၄၀၀,၀၀၀ ကျော်ကိုလအတည်ပြုပေးခဲ့သည်။
 ယခု အစိုးရက ထိုင်းနိုင်ငံကို ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရာမှ ပြန်ဖွင့်ပေးတော့မည်။ Department of Consular Affairs နှင့် Digital Government Development Agency (DGA) တို့ ပူးပေါင်းဆောင်ရွက်ကြပြီး "Thailand Pass'' စနစ်ကို အကောင်အထည်ဖော်ခဲ့ကြသည်။
ယင်းစနစ်သည် ဝဘ်ဆိုက်အခြေပြုစနစ် ဖြစ်ပြီး ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသား ခရီးသည်များသည် ၎င်းတို့၏ ခရီးနှင့် ကျန်းမာရေး အချက်အလက်များ ဖြည့်သွင်းရမည်။ နှီးနွှယ်သော စာရွက်စာတမ်းများကို ဝဘ်ဆိုက်သို့ တင်ပေးရမည်ဖြစ်ပြီး ခရီးမထွက်ခင် ကြိုတင် လုပ်ဆောင်ကြရမည်။
 စနစ်သစ်က မလိုအပ်သော လုပ်ထုံးလုပ်နည်းများ လျော့နည်းစေမည်။ 
 နိုဝင်ဘာလ ၁ ရက်မှစ၍ ခရီးသွားများသည် tp.consular.go.th တွင် စာရင်းပေးသွင်းနိုင်မည်
 စသဖြင့်  Mr Tanee က ပြောကြားသည်။
 Mr Tanee သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် ညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

ပြည်ပရှိ ထိုင်းသံရုံးများ၊ ကောင်စစ်ဝန်ရုံးများသည် Department of Consular Affairs နှင့အတူ "Thailand Pass'' စနစ်ကို စမ်းသပ်နေကြကြောင်း ၎င်းက ပြောကြားသည်။ 
နိုဝင်ဘာလ ၁ ရက်တွင် ထိုင်းနိုင်ငံသို့ (q) ဝင်ရန်မလိုဘဲ လာရောက်နိုင်သည့် နိုင်ငံ ဒေသ ၄၆ ခုကို ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

နိုင်ငံနှင့်ဒေသ ၄၆ ခုမှ ကာကွယ်ဆေးထိုးပြီးသော ခရီးသွားများ (q)ဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံက ပြည်ဝင်ခွင့်ပြုတော့မည်


 Thailand Pass ကို ထိုင်းနိုင်ငံ ဝင်ရောက်မည့် ထိုင်းနိုင်ငံသားများ၊ နိုင်ငံခြားသားများ အားလုံး ခရီးမထွက်ခင် ကြိုတင်ဆောင်ရွက်ထားဖို့ လိုအပ်သည်။ လုပ်ငန်းစဉ် ဆောင်ရွက်ခြင်းသည် ၂ ရက်မှ ၅ ရက်အထိ ကြာမြင့်မည်။ခရီးထွက်မည့်နေ့မတိုင်ခင် တစ်ပတ်ကြိုတင်၍ Thailand Pass ကို လျှောက်ထားသင့်သည်ဟု  အကြံပြုထားပါသည်။

Local News Read 260 times