Coca-Cola Vietnam ကို ဗြိတိသျှလုပ်ငန်းစု Swire Pacific Group က ဝယ်ယူ


22 January, 2023

Coca-Cola Vietnam ကို ဗြိတိသျှလုပ်ငန်းစု Swire Pacific Group က ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗြိတိသျှလုပ်ငန်းစု Swire Pacific Group (UK) က  ရာနှုန်းပြည့် ပိုင်ဆိုင်သော လုပ်ငန်းခွဲာ Swire Coca-Cola Limited သည် Coca-Cola Vietnam Beverage Company Limited ကို ဇန်နဝါရီ ၂ ရက်တွင် ဝယ်ယူမှု ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ 

Coca-Cola Vietnam Beverage Company Limited သည် Coca-Cola Group (USA) ထံမှ လုပ်ငန်းခွဲလိုင်စင်ရယူပြီး ဗီယက်နမ်တွင် Coca-Cola မှ ထုတ်လုပ်သည့် ဖျော်ရည်ကို ပုလင်းသွပ် ထုတ်လုပ်သည့် လုပ်ငန်း ဖြစ်ပါသည်။ 

 

 Swire Coca-Cola Limited သည် အဖျော်ယမကာထုတ်လုပ်ရေးစက်ရုံ ၃ ခု၊ ထုတ်လုပ်မှုလိုင်း ၁၈ ခုနှင့် ဗီယက်နမ်တွင် ဖြန့်ဖြူးရေးစင်တာ ၆ ခုတို့ကို ပိုင်ဆိုင်ပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည်။  ဝန်ထမ်း ၃,၅၀၀ ကို  တိုက်ရိုက်နှင့် သွယ်ဝိုက် အလုပ်အကိုင်များ  ဖန်တီးပေးထားသည်။ 

 

Swire Coca-Cola က Cambodia Beverage Company Limited ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဝယ်ယူခဲ့သည်။ သို့ဖြစ်ရာတွင် ဗီယက်နမ်တွင် ယခုဝယ်ယူလိုက်သည်မှာ အရှေ့တောင်အာရှတွင် Swire Coca-Cola ၏ ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့လိုက်ခြင်း ဖြစ်သည်။ 

အရောင်းအဝယ်တန်ဖိုးကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။

 

 Swire Pacific Group သည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားရှိ Coca-Cola ထုတ်လုပ်မှုလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ရယူရန် အစီအစဉ်ကို လုပ်ဆောင်နေကြောင်း Bloomberg က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် သတင်းဖော်ပြခဲ့သည်။ ၎င်းအစီအစဉ်ကို ၆ လအတွင်း ပြီးမြောက်ရန် မျှော်မှန်းထားကြောင်းလည်း ဖော်ပြခဲ့သည်။ 

 

ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှတွင် ကြီးထွားဆုံး အမြန်ဆုံး နိုင်ငံစီးပွားရေးတစ်ရပ် ဖြစ်ပြီး ကပ်ရောဂါ ကာလတွင် ဂျီဒီပီ ကြီးထွားနှုန်း ၇ % ရရှိခဲ့ပြီး လူဦးရေ ၉၇ သန်း ရှိနေသည့်အပြင် မြို့ပြနေထိုင်မှု ပိုများလာနေသဖြင့် ဗီယက်နမ်သည် အာရှတွင် ကြီးထွားနှုန်း အကောင်းဆုံးဖြစ်မည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ Swire Coca-Cola အတွက် ရေရှည်တွင် သိသိသာသာ ကြီးထွားနိုင်မည့် အလားအလာကောင်းများ ရှိနေကြောင်း Swire Coca-Cola က Coca-Cola Vietnam ကို ဝယ်ယူကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

Swire Coca-Cola သည် Swire Pacific Limited ၏ လက်အောက်ခံလုပ်ငန်းဖြစ်ပြီး ဟောင်ကောင်စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည်။ Coca-Cola နှင့် လက်တွဲထားသည့် ကုမ္ပဏီများတွင် ပဉ္စမအကြီးဆုံး ကုမ္ပဏီ ဖြစ်သည်။ 

Coca-Cola Group ၏ ထုတ်ကုန်များကို တရုတ်နိုင်ငံရှိ ပြည်နယ်နှင့် မြို့ကြီးများ ၁၁ ခု၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်ဦ အမေရိကန်ရှိ ပြည်နယ် ၁၃ ခုတို့အတွက် တစ်ဦးတည်း ထုတ်လုပ်ခွင့်၊ ဈေးကွက်တင်ခွင့်နှင့် ဖြန့်ဖြူးခွင့်တို့ကို ရရှိထားသည်။ 

 

Swire Coca-Cola ၏ Coca-Cola Group နှင့် ပူးပေါင်းဆောင်ရွက်မှုသည် Swire သည် ဟောင်ကောင်ရှိ  Bottling Company ၏ အစုရှယ်ယာအများစုကို ရယူခဲ့သည့်  ၁၉၆၅ ခုနှစ်တွင် စတင်ခဲ့သည်။ 

 

Swire Coca-Cola သည် လက်ရှိတွင် အချိုရည် အမှတ်တံဆိပ် ၆၀ ကျော်ကို ထုတ်လုပ်နေပြီး အဆိုပါထုတ်ကုန်များကို လူဦးရေ သန်း ၈၈၀ သို့  ဖြန့်ဖြူးပေးလျက်ရှိသည်။

 

Swire Pacific သည် အဖျော်ယမကာများအပြင် လေကြောင်း၊ အိမ်ခြံမြေ၊ ရေကြောင်းဝန်ဆောင်မှုများ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းစသည့် နယ်ပယ်အသီးသီးတွင်  လုပ်ကိုင်လျက် ရှိသည့် ကော်ပိုရေးရှင်းတစ်ခုဖြစ်သည်။

 

ယမန်နှစ်တွင် အဖျော်ယမကာကဏ္ဍသည် Swire ၏ ဝင်ငွေအများဆုံး ရရှိခဲ့သည့် ကဏ္ဍဖြစ်ပြီး  ဝင်ငွေ စုစုပေါင်း၏ ၅၈% ကို အဖျော်ယမကာကဏ္ဍမှ ရရှိခဲ့သည်။ အဖျော်ယမကာကဏ္ဍ ဝင်ငွေမှာ ကန်ဒေါ်လာ ၈ ဘီလီယံကျော်သည်အထိ ရောက်ရှိခဲ့သည်။

 

ဗီယက်နမ်တွင် Swire သည် Swire Coca-Cola လုပ်ငန်းခွဲကို လုပ်ကိုင်လျက် ရှိသည့်အပြင် အဆောက်အဦစီမံကိန်း နှစ်ခုကို ဟိုချီးမင်းစီးတီးတွင် Swire Properties လုပ်ငန်းခွဲက လုပ်ကိုင်လျက် ရှိသည်။ 

Source vnexpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Investment/Divestment Read 808 times