COCA-COLA က ၁၀၀% ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးအချိုရည်


28 November, 2022

COCA-COLA က ၁၀၀% ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးအချိုရည်ဘူးများကို စတင်မိတ်ဆက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

●      ၂၀၃၀ ခုနှစ်တွင် ထုတ်လုပ်ရောင်းချလိုက်သော (သောက်သုံးပြီးသား) ပလတ်စတစ်အချိုရည်ဘူး တိုင်းကို ပြန်လည်စုဆောင်းကောက်ခံပြီး recycle လုပ်နိုင်ရန်၊ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာအနှံ့အသုံးပြု သော ထုပ်ပိုးမှု၏ ၁၀၀% ကို ပြန်လည်အသုံးပြုနိုင်စေရန်၊ ၂၀၃၀ ခုနှစ်တွင် အနည်းဆုံး ၅၀%[1]သော ပြန်လည် အသုံးပြုနိုင်သည့်ပစ္စည်းများကိုထုပ်ပိုးမှုတွင် ပြန်လည်အသုံးချရန် ဟူသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို Coca-Cola လီမိတက်က ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့သည်။

 

●      Coca-Cola ကုမ္ပဏီသည် လာမည့်ငါးနှစ်အတွင်း ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိသော ရင်းမြစ်များမှ ထုတ်လုပ်ရသည့် ပလတ်စတစ်အသစ်များအသုံးပြုမှုကို မက်ထရစ်တန်ချိန် ၃ သန်းခန့် လျှော့ချရန် ဟူသည့် ရည်မှန်းချက်ကိုလည်း ချမှတ်ထားသည်။ တနည်းအားဖြင့် ယနေ့အသုံးပြုနေသည့် ပလတ်စတစ်အသစ် တန်ချိန်ထက် ခန့်မှန်းခြေ ၂၀% [1]ကို ၂၀၂၅ ခုနှစ်တွင် လျှော့ချအသုံးပြုရန် မျှော်မှန်းထားသည်။  

 

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် Coca-Cola လီမိတက်နှင့် ၎င်း၏ ပြည်တွင်းမိတ်ဖက် Coca-Cola Pinya Beverages Myanmar (CCPBM) တို့သည် ၁၀၀% ပြန်လည် အသုံးပြု နိုင်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် (အဖုံးနှင့် တံဆိပ်ခွံမပါ) ‘Coca-Cola’ ၅၀၀ မီလီလီတာ အချိုရည်ဘူးများကို စတင်မိတ်ဆက်ခြင်းဖြင့် ၎င်းတို့၏ ရေရှည်တည်တံ့သော ထုပ်ပိုးမှုခရီးစဉ် အတွက် အရေးကြီးသော မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့သည်။

 

မြန်မာနိုင်ငံတွင် ပထမဆုံးသော ၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် (rPET) ကို အသုံးပြုထားသည့် ဤ အချိုရည်ဘူးများသည် Coca-Cola လီမိတက်၏ “World Without Waste” (အမှိုက်ကင်းစင်တဲ့ကမ္ဘာ) မျှော်မှန်းချက်ကို ပံ့ပိုးပေးနေသည့် လုပ်ငန်းအစိတ်အပိုင်းတစ်ခုဖြစ်သည်။ Coca-Cola လီမိတက်သည် ၂၀၃၀ ခုနှစ်တွင် ထုတ်လုပ် ရောင်းချ လိုက်သော (သောက်သုံးပြီးသား) ပလတ်စတစ် အချိုရည်ဘူးတိုင်းကို ပြန်လည် စုဆောင်းကောက်ခံပြီး recycle လုပ်ကာ ပြန်လည် အသုံးပြုနိုင်ရန်ဟူသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ချမှတ်ထားသည်။

 

၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် (rPET) နှင့် ပြုလုပ်ထားသည့် ‘Coca-Cola’ ၅၀၀ မီလီလီတာ အချိုရည် ဘူးများကို အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံတွင်းတွင် ပလတ်စတစ်အသစ်သုံးစွဲမှု တန်ချိန်ပေါင်း ၁,၂၀၀ ခန့်လျော့ချနိုင် မည်ဟု မျှော်မှန်းထားသည်။ [1]

 

ယခုအချိန်တွင် rPET ပလတ်စတစ်ဘူးထုပ်ပိုးမှုအသစ်ကို ‘Coca-Cola’ ၅၀၀ မီလီလီတာ အချိုရည်ဘူးများ ဖြင့် စတင် မိတ်ဆက်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် Coca-Cola အမှတ်တံဆိပ် တစ်ခါသောက် အချိုရည်ဘူး များ အားလုံးကို  rPET ပလတ်စတစ်ဘူးများဖြင့် ထုပ်ပိုးနိုင်ရန် လုပ်ငန်းစဉ်ချမှတ် ဆောင်ရွက်လျက်ရှိသည်။

 

 

ဤထုတ်ပြန်ကြေငြာချက်သည် မြန်မာနိုင်ငံ၌ Coca-Cola ၏ circular economy စနစ်ကို တည်ဆောက် အကောင် အထည်ဖော်မည့် ရည်မှန်းချက်နှင့် ပလတ်စတစ်ဘူးဟောင်းများကို ဘူးသစ်ပြန်လည်ထုတ်လုပ် နိုင်ရန်အတွက် သိသာ ထင်ရှား အရေးပါသော ခြေလှမ်းတစ်လှမ်းဖြစ်သည်။ rPET ပလတ်စတစ်ထုပ်ပိုးမှု၏ ဘေးကင်း လုံခြုံမှုကို မြန်မာ FDA က ခွင့်ပြုချက်ရရှိထားပြီး ပလတ်စတစ်ဘူးများကို ထုတ်လုပ်သည့် အခါတွင်လည်း Coca-Cola ကုမ္ပဏီ၏ တင်းကျပ် သော နိုင်ငံတကာစားသောက်ကုန်ထုပ်ပိုးသည့် rPET ပလတ်စတစ် စံချိန်စံညွှန်းများကိုလည်း တိကျစွာလိုက်နာ ထားသည်။

 

နိုင်ငံတစ်ဝှမ်းရှိ စားသုံးသူများအနေဖြင့်ပြောင်းလဲမှုမရှိသည့် ‘Coca-Cola’ အချိုရည်၏ လန်းဆန်းသော အရသာကို ပိုမို ရေရှည်တည်တံ့သောထုပ်ပိုးမှုပုံစံအသစ်ဖြင့် သောက်သုံးခံစားနိုင်မည်ဖြစ်သည်။

 

CCPBM ၏ CEO ဖြစ်သူ Mr. Victor Wong က ယနေ့ထုတ်ပြန်ခဲ့သော ကြေငြာချက်မှာ မြန်မာနိုင်ငံတွင် Coca-Cola ၏ circular economy စနစ်ကို တည်ဆောက်အကောင်အထည်ဖော်ရန် အထောက်အပံ့ ဖြစ်စေမည့် အရေးပါသော ခြေလှမ်း တစ်ခုဖြစ်သည်ဟု ဆိုသည်။

 

 

 

 

ဆက်လက်၍ Mr. Victor Wong က “ကုန်ထုပ်ပိုးတဲ့ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေလွင့်အမှိုက်ဟာ မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ဒီစိန်ခေါ်မှုက ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေ အကောင်အထည်ဖော်ဖို့  တွန်းအားပေးနိုင်တဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ PET ပလတ်စတစ်ဘူး တွေက တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်ရောင်းချလိုက်တဲ့ (သောက်သုံးပြီးသား) ပလတ်စတစ် အချိုရည်ဘူးတိုင်းကို  ပြန်လည် စုဆောင်းကောက်ခံပြီး ဘူးအသစ်အဖြစ် recycle လုပ်နိုင် အောင် ရည်ရွယ်ထားပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံပေါင်း ၃၀ ကျော်က ဈေးကွက်ထဲမှာ ၁၀၀% ပြန်လည်အသုံးပြု နိုင်သောပလတ်စတစ် (rPET) ဘူးနဲ့ ထုပ်ပိုးထားတဲ့ Coca-Cola အချိုရည်ဘူး တွေ ရနေပါပြီ။  ၁၀၀% ပြန်လည် အသုံးပြုနိုင်သောပလတ်စတစ် (rPET)  နဲ့ ပြုလုပ်ထားတဲ့ ‘Coca-Cola’ ၅၀၀ မီလီလီတာ အချိုရည်ဘူးတွေကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့အတွက် စားသုံးသူများအနေနဲ့ Circular economy စနစ်ကိုရော၊ စွန့်ပစ်ပစ္စည်း တွေကို ပြန်လည်အသုံးပြုဖို့၊ လျှော့ချဖို့၊ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရာမှာ အထောက်အကူပြုမဲ့ အားလုံး နှစ်သက်ရတဲ့ ‘Coca-Cola’ အချိုရည်ရဲ့ မပြောင်းလဲတဲ့ အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။” ဟုထပ်လောင်းပြောကြားခဲ့သည်။

 

အသစ်တဖန်ပြန်လည်လုပ်ဆောင်နိုင်ခြင်း (recycling) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ လုပ်ဆောင်ခြင်းများကို အားပေးရန် ရည်ရွယ်ကာ Coca-Cola လီမိတက်သည် အချိုရည်ဘူးထုပ်ပိုးမှုအသစ် များတွင် ‘Recycle me’ ဟူသည့် စာတမ်းကို ထည့်သွင်းထားသည်။  ထို့အပြင် Sprite အချိုရည်ဘူးထုပ်ပိုးမှု ကိုလည်း မူလအထင်ကရ အစိမ်းရောင် ပလတ်စတစ်ဘူးအစား ပြန်လည်အသုံးပြုခြင်းလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်စေသော ပလတ်စတစ် အကြည်ရောင်ဘူးများဖြင့် ပြောင်းလဲထုတ်လုပ်ထားသည်။ ‘Coca-Cola’ သည် မြန်မာနိုင်ငံတွင် ပြန်လည်အသစ်တစ်ဖန် ပြုလုပ်အသုံးပြုခြင်းဆိုင်ရာ အလေ့အကျင့်များကို ပိုမိုလုပ်ဆောင်ရန် ရည်ရွယ်လျက် RecyGlo မြန်မာနဲ့လက်တွဲပြီး ပလတ်စတစ်ဘူးများကို ပြန်လည်စုဆောင်းကောက်ခံခြင်းနှင့် ပြန်လည်အသစ်တစ်ဖန် ပြုလုပ်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပံ့ပိုး သွားမည် ဖြစ်သည်။ RecyGlo မြန်မာသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော  ပြန်လည် အသစ်တစ်ဖန် ပြုလုပ်အသုံးပြုခြင်း ဖြေရှင်းနည်းများ ကိုပံ့ပိုးပေးနေသည့် ဒေသတွင်း လေလွင့်အမှိုက် စီမံခန့်ခွဲမှု ဖြေရှင်းချက်များကို ပံ့ပိုးကူညီနေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

 

ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် အမှိုက်ပုံး အခု (၂၀) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရန်ကုန်မြို့အနှံ့ရှိ ဈေးဝယ်စင်တာများတွင် ထားရှိသွားမည်ဖြစ်ပြီး စားသုံးသူများ အနေဖြင့် အသုံးပြုပြီးသား ပလတ်စတစ်ဘူးဟောင်းများကို ထိုနေရာများတွင် သွားရောက်စွန့်ပစ်နိုင်မည် ဖြစ်သည်။

 

RecyGlo မြန်မာ၏ CEO ဖြစ်သူ မရွှေယမင်းဦးက “RecyGlo မြန်မာအနေနဲ့ Coca-Cola လီမိတက်နဲ့ အတူ လက်တွဲ ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ ပလတ်စတစ်ဘူးတွေ ပြန်လည်စုဆောင်းကောက်ခံတဲ့ နေရာတွေထားရှိပြီး recycle လုပ်နိုင်မဲ့ နည်းလမ်းကို ထောက်ပံ့ဖန်တီးပေးခွင့်ရတဲ့ အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

 

 ‘Coca-Cola’ ပရိတ်သတ်များကို Facebook လူမှုကွန်ယက်ပေါ်တွင် ကျင်းပမည့် ၁၀၀% ပြန်လည်အသုံးပြု နိုင်သော ပလတ်စတစ်အသုံးပြုထားသည့် ‘Coca-Cola’ ၅၀၀ မီလီ လီတာ အချိုရည်ဘူးသစ်များအကြောင်းမျှဝေရင်း စီစဉ်ထား သည့်ဆုလက်ဆောင်များရယူနိုင်မည့် “Pass the Bottle” လှုပ်ရှားမှု တွင်ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။ မိမိသာမက နီးစပ်ရာ မိသားစုဝင်များနှင့် သူငယ်ချင်းများကို ဤလှုပ်ရှားမှုကို ဆက်လက်ပါဝင်ဖို့ လက်ဆင့်ကမ်းဖိတ်ခေါ်ရန် တိုက်တွန်း လိုပါသည်။ 

 

 ‘Coca-Cola’ နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများနှင့် အကြောင်းအရာများကို ‘Coca-Cola’ ၏ လူမှုစာမျက်နှာ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 


[1] ၂၀၂၂ ခုနှစ်တွင်အသုံးပြုထားသော ပမာဏပေါ်တွင် အခြေခံထားသော ၂၀၂၃ ခုနှစ်အတွက် ခန့်မှန်းချက်

 

 

မြန်မာနိုင်ငံအတွင်းရှိ Coca-Cola အကြောင်း

 

Coca-Cola သည် မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၂ ခုနှစ်မှစတင်ဝင်ရောက်ကာ ဂုဏ်ယူစွာ လုပ်ငန်းလည်ပတ်ခဲ့ပြီး နိုင်ငံတွင်းစီးပွားရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၂၉ သန်းကျော် ရင်းနှီးမြှုပ်နှံထားပါသည်။ Coca-Cola အချိုရည် ၊ Sparkling အမျိုးအစားအချိုရည်များ ၊ Max+ အမှတ်တံဆိပ်အချိုရည်များ၊ Energy၊ ရေသန့် နှင့် နို့ပါဝင်သော အချိုရည်များကို ပြည်တွင်းရှိ မှော်ဘီနှင့် လှိုင်သာယာမြို့နယ်တို့တွင် ထုတ်လုပ်လျက်ရှိပြီး မိမိတို့၏ လုပ်ငန်း လည်ပတ်မှုမှတဆင့် သာတူညီမျှသော စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးဖော်ဆောင် ပေးလျက် ရှိပါသည်။ ထို့အပြင် Coca-Cola သည် ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်အတွက်အလုပ်အကိုင် အခွင့်အလမ်းများနှင့် ကျယ်ပြန့်သော ဈေးကွက်ဖြန့်ဖြူးရေးကွန်ရက်ကိုလည်းဖန်တီးပေးထားပါသည်။

 

Coca-Cola Myanmar သည် တာဝန်သိစီးပွားရေးလုပ်ငန်းအဖြစ် တစ်စိုက်မတ်မတ် လုပ်ငန်းလည်ပတ်လျက် ရှိကာ  မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် ပေးရန် လေလွင့်အမှိုက်ကင်းစင်ကမ္ဘာ (World Without Waste) အစီအစဉ်၊ စီးပွားရေးစွမ်းရည်မြှင့်တင်ရေး အစီအစဉ်၊ ရေပြန်လည်ဖြည့်တင်းပေးခြင်းအစီအစဉ် နှင့် လူထုအားကူညီပံ့ပိုးပေးသည့် အစီအစဉ်များ ကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစတင်၍ Coca-Cola သည် လူမှုအဖွဲ့အစည်းအတွက် ကောင်းမွန်သော ပြောင်းလဲမှုများ ဖော်ဆောင်ပေးရန် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် မျှဝေလှူဒါန်းခဲ့ပါသည်။

 

၂၀၂၀ ခုနှစ် "Myanmar Employer Awards Ceremony" တွင် ရရှိခဲ့သည့်ဂုဏ်ပြုဆုများစွာ ("Best of the Best" နှင့် "People's Choice" ဆုများ အပါအဝင်) သည် ကျွန်ုပ်တို့၏ ကတိကဝတ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ချက် များနှင့် ဂုဏ်သတင်းအား မြန်မာနိုင်ငံလူထု၏ အသိအမှတ်ပြုမှုလည်းဖြစ်ပါသည်။

 

RecyGlo မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ဧပြီ ၃၁ အထိ ရန်ကုန်မြို့၏ အထင်ကရ ဈေးဝယ်စင်တာများဖြစ်သော လှည်းတန်း စင်တာ၊ City Mart Holdings Company လက်အောက်ရှိ Ocean (ပုစွန်တောင်)၊ Ocean (ရွှေဂုံတိုင်)၊ Ocean (North Point)၊ Ocean (လှိုင်သာယာ)၊ Market Place (Junction City)၊ Market Place (ကန်သာယာ)၊  Market Place (ရွှေတောင်ကြား)၊ Market Place (၆မိုင်ခွဲ) တို့တွင်ထားရှိပေးသွားမည် ဖြစ်သည်။

 

#IndustriesGuide

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Local News Read 502 times