Coca-Cola မှ နိုင်ငံတကာအမှတ်တံဆိပ် Dasani ရေသန့် အား မြန်မာနိုင်ငံစျေးကွက်အတွင်း မိတ်ဆက်


12 December, 2022

Coca-Cola မှ နိုင်ငံတကာအမှတ်တံဆိပ် Dasani ရေသန့် အား မြန်မာနိုင်ငံစျေးကွက်အတွင်း မိတ်ဆက်
 
Coca-Cola ၏ ကမ္ဘာ့အဆင့်မီ ရေသန့်စင်စနစ် စံနှုန်းဝင် နိုင်ငံတကာအမှတ်တံဆိပ် Dasani ရေသန့်အား ၅၅၀ မီလီလီတာ နှင့် ၁ လီတာ အရွယ်အစားဗူးများဖြင့် နိုင်ငံတစ်ဝှမ်း ဖြန့်ချိသွားမည်ဖြစ်သည်။

 
Coca-Cola မှ ရေသန့်အမှတ်တံဆိပ်သစ် Dasani အား မြန်မာနိုင်ငံစျေးကွက်အတွင်းသို့တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်သည်။ Dasani ရေသန့်အား တစ်ကိုယ်ရည်သောက်သုံးနိုင်ရန် 550ml အရွယ်အစားဖြင့်လည်းကောင်း၊ အများဖြင့် သောက်သုံးနိုင်ရန် 1L အရွယ်အစားဖြင့်လည်းကောင်း နိုင်ငံတစ်ဝှမ်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်နှင့် ရုပ်ရှင်ရုံများတို့၌ ရရှိနိုင်ပြီဖြစ်ပါသည်။

 


 .
Dasani ရေသန့်အား ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံ၌ ဖြန့်ချီရောင်းချလျှက် ရှိသည်။  အရည်အသွေး ကောင်းမွန်သန့်စင်သည့် နိုင်ငံတကာအမှတ်တံဆိပ် သောက်ရေသန့်အား နေအိမ်တွင်သာမက နေအိမ်ပြင်ပတွင် လှုပ်ရှားသွားလာချိန်များ၌ သောက်သုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံစျေးကွက်သို့ အရောက်ပို့ဆောင်ပေးနေခြင်း ဖြစ်ပါသည်။ အဆိုပါ Dasani အမှတ်တံဆိပ် ၏ သန့်စင်ကြည်လင်ကောင်းမွန်သည့် အရည်အသွေးကို ပြသမျှဝေရန်အတွက် ရုပ်မြင်သံကြားနှင့် ဒီဂျစ်တယ် ကြော်ငြာများ၊ မီဒီယာ  များနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များ စသည့် တို့မှတဆင့်  စားသုံးသူများထံ မိတ်ဆက်ပေးနေပါသည်။
 .
ကမ္ဘာ့အဆင့်မီ ရေသန့်စင်ခြင်းစနစ် စံနှုန်းများဖြင့် အသိအမှတ်ပြုခြင်းခံရသည့် Dasani အမှတ်တံဆိပ်ရေသန့် သည် သောက်သုံးသူများအား သန့်စင်ကြည်လင်သည့် အရည်အသွေးကောင်းကို ပေးစွမ်းသွားမည်ဟု ကတိကဝတ်ပြုထားပါသည်။
 .
“ကျွန်မတို့ Coca-Cola အနေနဲ့ စားသုံးသူတွေ ရဲ့ အကြံပြုချက် စကားသံတွေကို အမြဲအလေးထားနားထောင်နေပြီးတော့ လုပ်ငန်းကို ရှေ့ဆက်နေပါတယ်။ စားသုံးသူတွေကလည်း ခေတ်ရဲ့ပြောင်းလဲလာတဲ့ လူနေမှုပုံစံများ  ကြောင့် သူတို့ရဲ့ နေ့စဥ်လုပ်ငန်းတွေ ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့အတွက် အခက်အခဲ ရှိနေတာကို တွေ့ရပါတယ်။ နေ့စဥ်လှုပ်ရှားနေကြရတဲ့ ဘဝမှာ အထောက်အကူဖြစ်စေဖို့ နဲ့ ကောင်းမွန်တဲ့ ဦးတည်ချက်တွေနဲ့ရှေ့ဆက်နိုင်ဖို့ အတွက် သန့်စင်ကြည်လင်လန်းဆန်းစေတဲ့  သောက်သုံးစရာတွေကို ရွေးချယ်ဝယ်ယူတတ်ကြပါတယ်။ ဒါကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ရာ ကျွန်မတို့ရဲ့ ကမ္ဘာ့အဆင့်မီ သန့်စင်ထားတဲ့ Dasani ရေသန့်ကို မြန်မာနိုင်ငံ‌စျေးကွက်မှာ မိတ်ဆက်ဖြန့်ချီနိုင်တဲ့အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။” ဟု Coca-Cola လုပ်ငန်း၏ မားကတ်တင်းဒါရိုက်တာ ဖြစ်သူ Ms. Richa Singh မှ ပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး “သန့်စင်ကြည်လင်တဲ့ Dasani ကိုသောက်ပါ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်မတို့ရဲ့ ရေသန့်က Coca-Cola ရဲ့ ကမ္ဘာ့အဆင့်မီ ရေသန့်စင်ခြင်းစနစ်နဲ့ ထုတ်လုပ်ထားပါတယ်။ ကျွန်မတို့ရဲ့ စားသုံးသူတွေ အားလုံး ကောင်းမွန်သန့်စင်ကြည်လင်တဲ့ ရေကိုသောက်သုံးရတဲ့အတွက် ရေဓာတ်ပြည့်ဝပြီး နေ့စဥ်ဘဝမှာ ရည်မှန်းချက်တွေကို ပိုမို အာရုံစိုက်နိုင်စေဖို့၊ တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်စေဖို့လည်း မျှော်လင့်ပါတယ်။” ဟုလည်း ပြောကြားခဲ့ပါသည်။
 .
Dasani ရေသန့် အား 550ml နှင့် 1L အရွယ်အစားနှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆိုင်များ၌ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ Dasani နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများနှင့် ပရိုမိုးရှင်းများအကြောင်းအား https://www.facebook.com/dasanimm တွင် ဖတ်ရှုနိုင်ပါသည်။
Source Dasani 
 

Local News Read 1134 times