ဩစတေးလျ ကျောက်မီးသွေး တရုတ် ပြန်လည်တင်သွင်းတော့မည်


10 January, 2023

ဩစတေးလျ ကျောက်မီးသွေး တရုတ် ပြန်လည်တင်သွင်းတော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံသည် ဩစတြေးလျမှ ကျောက်မီးသွေး တင်သွင်းခြင်းကို တရားဝင် ကြေညာခြင်း မရှိဘဲ တားမြစ်ချက်ကို ဖြေလျှော့ပေးလိုက်ပြီး ဩစတေးလျ ကျောက်မီးသွေး တင်သွင်းသည့်  ကုမ္ပဏီကို ပြန်လည်ခွင့်ပြုလိုက်သည်။ 

၂၀၂၀ ခုနှစ်အစောပိုင်းတွင် COVID ရောဂါ စတင်ဖြစ်ပွားစဉ်ကာလ တရုတ်အစိုးရက ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ရန် သြစတြေးလျက ထောက်ခံပြောကြားခဲ့သည်ကို တုံပြန်သည့်အနေဖြင့် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ဩစတေးလျ ကျောက်မီးသွေး တင်သွင်းခြင်းအပေါ်  တရုတ်နိုင်ငံမှ တရားဝင်မဟုတ်သောတားမြစ်ချက်ကို ပြဋ္ဌာန်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် National Development and Reform Commission က ယခုနှစ်တွင် သြစတြေးလျ ကျောက်မီးသွေး ဝယ်ယူမှု အသစ်များ ပြုလုပ်ရန် တရုတ်နိုင်ငံမှ ကျောက်မီးသွေး တင်သွင်းသူ လေးဦးအား ခွင့်ပြုဖို့ အစည်းအဝေး ကျင်းပခဲ့ပါသည်။ 
၎င်းကုမ္ပဏီ လေးခုမှာ 

  • China Baowu Steel Group Corp, 
  • China Datang Corporation, 
  • China Huaneng Group Co, 
  • China Energy Investment Corporation

တို့ ဖြစ်ပါသည်။ 

China Energy Investment Corp သည် ယခုအခါ သြစတြေးလျ ကျောက်မီးသွေး ပထမအသုတ် တင်သွင်းခြင်းအတွက် အမှာစာ ပေးပို့ထားပြီးပြီ ဖြစ်ပါသည်။ ယခုလအတွင်းတွင် အဆိုပါ ကျောက်မီးသွေးများကို သင်္ဘောပေါ်သို့ ကုန်စတင်မည် ဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေသဖြင့် ကျောက်မီးသွေး ထုတ်လုပ်မှု ကျဆင်းလျက် ရှိသောကြောင့် ဖြည့်တင်းရန်အတွက် သြစတြေးလျ ကျောက်မီးသွေးများကို တင်သွင်းခြင်းဖြစ်ကြောင်း ကုန်သည်များက ရိုက်တာသတင်းဌာနကို ပြောကြားကြသည်။ 
ဆောင်းကာလ အအေးဒဏ်အတွက် အပူပေးဖို့ ကျောက်မီးသွေး သုံးစွဲမှု မြင့်တက်သည်ကို ဖြည့်တင်းပေးခြင်းလည်း ဖြစ်ပါသည်။ 
Source Reuters
 

Energy News Read 247 times