CMA CGM ဒုတိယမြောက်ကားတင်သင်္ဘော ဥရောပသို့ ခရီးနှင်


28 February, 2024

CMA CGM ဒုတိယမြောက်ကားတင်သင်္ဘော ဥရောပသို့ ခရီးနှင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

CMA CGM ဒုတိယမြောက်ကားတင်သင်္ဘောသည် တရုတ်နိုင်ငံ ယန်တိုင်းဆိပ်ကမ်းသို့ သွားရောက် ဆိုက်ကပ်ပြီး ဥရောပသို့ တင်ပို့မည့် ကားများ တင်ဆောင်ခဲ့ပါသည်။ ယခုအခါ ဥရောပသို့ ခရီးနှင်နေပါသည်။ ယူကေမှ Tilbury ဆိပ်ကမ်းသို့ မတ်လလယ်တွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။

 

 ကားအစီးရေ ၇,၀၀၀ အထိ တင်ဆောင်နိုင်သော အဆိုပါ ကားတင်သင်္ဘော အမည်မှာ CMA CGM Monaco ဖြစ်ပါသည်။

တရုတ်နိုင်ငံမှ Jinling Shipyard Jiangsu တွင်လတည်ဆောက်ခဲ့ပါသည်။

LNG နှင့် ရေကြောင်းလောင်စာဆီ နှစ်မျိုးသုံးနိုင်သည့် အင်ဂျင်များ တပ်ဆင်ထားပြီး LNG ကို အဓိကထား သုံးစွဲပါသည်။ LNG နှင့် ဘက်ထရီ ဟိုက်ဘရစ် နည်းပညာ သုံးစွဲထားပါသည်။

 

မော်လ်တာအလံတင် CMA CGM Monaco သည်  အလျား မီတာ ၂၀၀၊ အကျယ် ၃၈ မီတာ ရှိပြီး ကားများ ထားရှိရန် ကုန်းပတ် ၁၂ ထပ် ရှိပါသည်။  တရုတ်-ဥရောပ ခရီးစဉ်ကို ပြေးဆွဲမည် ဖြစ်ပါသည်။

 

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကို ကျော်တက်ပြီး မော်တော်ကား ပြည်ပတင်ပို့သည့် အရေအတွက် ကမ္ဘာ့အများဆုံး နိုင်ငံ ဖြစ်လာပါသည်။ သို့ဖြစ်ရာ ကားတင်သင်္ဘောများ ပိုမိုလိုအပ်လျက် ရှိပါသည်။ သို့ဖြစ်ရာ CMA CGM သည် ကားတင်သင်္ဘောများ ဖြည့်တင်းပြီး တရုတ်ပြည်မှ ကားများကို ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

 

လွန်ခဲ့သည့် တပတ်က CMA CGM ၏ ပထမဆုံး ကားတင်သင်္ဘော CMA CGM Indianapolis ဂျာမနီသို့ ဆိုက်ရောက်ခဲ့သည်ကို Logistics Guide တွင် တင်ပြခဲ့ပါသည်။

 

CMA CGM ပထမဆုံး ကားတင်သင်္ဘော ပွဲဦးထွက်ခရီးစဉ် ကုန်ချဆိပ်ကမ်း ဆိုက်ကပ်

#LogisticsGuide

https://www.industrialdirectory.com.mm/article/cma-cgm-indianapolis.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 

တတိယမြောက် ကားတင်သင်္ဘော CMA CGM Monza နှင့် စတုတ္ထမြောက် ကားတင်သင်္ဘော CMA CGM Silverstone တို့ကို များမကြာမီ ရရှိမည် ဖြစ်ပါသည်။ 

 

Source offshore-energy 

 

 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Sea Read 581 times