CMA CGM Attila ကွန်တိန်နာသင်္ဘော အိန္ဒိယ ဖမ်းဆီးထားခြင်းကို ပါကစ္စတန် ကန့်ကွက်


07 March, 2024

CMA CGM Attila ကွန်တိန်နာသင်္ဘော အိန္ဒိယ ဖမ်းဆီးထားခြင်းကို ပါကစ္စတန် ကန့်ကွက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တွင်ခုံလုပ်ငန်းကဏ္ဍတွင် အသုံးပြုသော Computer Numerical Control (CNC) စက်များသည် စစ်ရေးအတွက်လည်း အသုံးပြုနိုင်သည်ဟုဆိုကာ တရုတ်မှ ပါကစ္စတန်သို့ သွားသည့် ကွန်တိန်နာသင်္ဘော CMA CGM Attila ကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းရှိ Nhava Seva ဆိပ်ကမ်းတွင် အိန္ဒိယမှ Defence Research and Development Organisation (DRDO)က ဖမ်းဆီးထားသည်။

အဆိုပါ CNC စက်များကို နျူးကလီယားစက်ရုံတွင် အသုံးပြုနိုင်ဖွယ်ရှိသည်ဟု သံသယရှိသဖြင့် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု DRDO က အစီရင်ခံသည်။ အဆိုပါ CNC စက်ကြီးများကို ပါကစ္စတန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွင် အသုံးပြုနိုင်ခြေ ရှိသည်ဟု DRDO က ဆိုသည်။

ဖမ်းဆီးထားသော ကွန်တိန်နာသင်္ဘော CMA CGM Attila သည် အရပ်ဘက် စီးပွားရေးလုပ်ငန်းသုံး  ကုန်ပစ္စည်းများကိုသာ တင်ဆောင်လာခြင်း ဖြစ်သည်ဟု ပါကစ္စတန် အခိုင်အမာ ပြောကြားသည်။

 

သတင်း ရရှိထားသဖြင့် အိန္ဒိယနိုင်ငံ  အကောက်ခွန်အရာရှိများက ဇန်နဝါရီ ၂၃ ရက်တွင် ကရာချိမြို့သို့ သွားနေသည့် မော်လ်တာအလံတင် ကွန်တိန်နာသင်္ဘော CMA CGM Attila အား မွမ်ဘိုင်းတွင် ရပ်တန့်‌စေခဲ့သည်။

DRDO အဖွဲ့သည် ကုန်ပစ္စည်းစာရင်းကို စစ်ဆေးခဲ့ပြီး CNC စက်ကြီးများသည်  ပါကစ္စတန်၏ နျူကလီးယား အစီအစဉ်အတွက် ဖြစ်နိုင်ချေကို အတည်ပြုခဲ့သည်။

 

Source splash247


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Port Read 272 times