ထိုင်း NEA က CLMVT Executive Program 2018 ကိုဖွင့်လှစ်


10 August, 2018

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးဌာန New Economy Academy (NEA) ကအာဆီယံအဖွဲ့ကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး "CLMVT Executive Program on New Economy 2018" ကို ဖွင့်လှစ်ကာ နှစ်ဖက်မူဝါဒများကို အထောက်အကူပြုရန်နှင့် ပူးပေါင်းကုန်သွယ်ရန်အတွက် အစိုးရဆိုင်ရာ အေဂျင်စီများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးအရာရှိ ကွန်ရက်တစ်ခုကို တည်ဆောက်ခဲ့ပါသည်။ တက်ရောက်သူများသည် "New Mega Trends for the Future of New Economy" အယူအဆ သဘောတရားအောက်မှာ ကမ္ဘာ့စီးပွားရေးဂုရုကြီးများဖြစ်လာရန်အတွက် ကမ္ဘာ့စီးပွားရေးအပြင် စီးပွားရေး ပြောင်းလဲမှုဆိုင်ရာအခြေအနေများနှင့် ပတ်သက်ပြီး အသိအမြင်အသစ်များ ရရှိမှာဖြစ်ပါသည်။

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန လက်အောက်ရှိ New Economy Academy (NEA) ဒါရိုက်တာ Mr. Phonwit Sila-on က NEA သည် "CLMVT Executive Program on New Economy 2018" အစီအစဉ်အတွက် ပြင်ဆင်ထားပါသည်။ အကြောင်းမှာ အာဆီယံ၏ တန်ဖိုးချိတ်ဆက်မှုကို မြှင့်တင်ရန် အရေးကြီးကြောင်း သိထားသည့်အတွက်ကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးချိတ်ဆက်မှုမှာ အဓိကနေရာက ပါဝင်လာနိုင်ရန် အလားအလာကောင်းများရှိသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော CLMVT နိုင်ငံများ၏ Regional Collaboration Network ကို တည်ဆောက်ပြီး ဒေသတွင်းရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ကာ၊ သူတို့၏အားဖြင့် အနာဂတ်မှာ ပူးပေါင်းရင်းနှီးမြှုပ်နှံခြင်းကဏ္ဍနှင့် ကုန်သွယ်မှုတိုးချဲ့ရေး အပိုင်းများကို ဦးဆောင်သွားကြမည်ဖြစ်ပါသည်။

အထက်ပါ အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကနှင့် အများပိုင်ကဏ္ဍ နှစ်ခုလုံးက အဓိက ဦးဆောင်စီမံခန့်ခွဲသူများအတွက် ကွန်ရက်တစ်ခုကို တည်ဆောက်ပြီး ချဲ့ထွင်နိုင်ရန်အတွက်နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို ပိုမိုအားကောင်းလာစေရန်အတွက်ပါ ဒေသတွင်းရှိ စီးပွားရေးကဏ္ဍအားလုံးက အသင်းအဖွဲ့ ပြုလုပ်ရမည်ဖြစ်သည်။ အဲဒီအခါမှာ CLMVT နိုင်ငံများအကြားမှာ ပိုမိုခိုင်မြဲသော ဆက်ဆံရေးကို ရရှိလာပါလိမ့်မည်။

CLMVT Executive Program ကို ၂၀၁၇ခုနှစ်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး CLMVT အဖွဲ့ဝင်နိုင်ငံများ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကဏ္ဍများမှ အကြီးတန်းအုပ်ချုပ်ရေးမှူးများကို တစ်နေရာထဲစုကာ လှုံ့ဆော်မှုများပေးခြင်းနှင့် တစ်ယောက်နှင့် တစ်ယောက် အုပ်ချုပ်ရေးဆိုင်ရာ အကြံဉာဏ်များ၊ မဟာဗျူဟာများဖလှယ်နိုင်မည် ဖြစ်ပါသည်။ ယခုလိုမျိုးလုပ်ခြင်းအားဖြင့် မူဝါဒများဖွံ့ဖြိုးတိုးတက်မှု လမ်းညွှန်ချက်များ ဖန်တီးနိုင်မည် ဖြစ်သလိုအစိုးရ အေဂျင်စီများနှင့် CLMVT အဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းများပါဝင်နိုင်သော စီးပွားရေးမဟာမိတ်တစ်ရပ် တည်ဆောက်မည် ဖြစ်ပါသည်။ ယခုပွဲမှာဆိုလျှင် ပါဝင်တက်ရောက်သူများမှ စီးပွားရေးအသစ်အတွက် မူဝါဒများ၊ လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်သော အကြံဉာဏ်အများကြီးပေးပြီး ထိုမှတစ်ဆင့် CLMVT အဖွဲ့ဝင်နိုင်ငံများကို နိုင်ငံတကာအဆင့်မှာ ယှဉ်ပြိုင်နိုင်မှုများကို တိုးတက်စေသော အတွေးအခေါ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ယခု program က ထိုဒေသမှာ ပထမဦးဆုံးဟု ပြောလို့ရပါသည်။ ဘာကြောင့်လဲဆိုသော် ယခုပွဲမတိုင်ခင်မှာ အတွေးအခေါ်များ ထင်မြင်ချက်များ ဖလှယ်ခြင်းကို အဓိကထားပြီး CLMVT အဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းရှင်များ၊ ဦးဆောင်နေသော လုပ်ငန်းရှင်ကြီးများနှင့် ထိုင်းနိုင်ငံအစိုးရရုံးများမှ ကိုယ်စားလှယ်များအားလုံး တွေ့နိုင်ရန် ကွန်ရက်တစ်ခုအဖြစ် လုပ်ပေးဖူးသော အစီအစဉ်များ၊ ဆွေးနွေးပွဲများ ယခင်တုန်းက မရှိခဲ့ပါဘူး။

၂၀၁၈ ခုနှစ်တွင် Mr. Phonwit က NEA သည် "CLMVT Executive Program on New Economy 2018" အား “New Mega Trends for the Future of New Economy” အယူအဆ၏ ဒုတိယပွဲအဖြစ် ကျင်းပမည်ဖြစ်ကြောင်း၊ ခေတ်သစ် စီးပွားရေးခေတ်တွင် လုပ်ငန်းရှင်များကို မြှင့်တင့်ပေးရာတွင် ကမ္ဘာတစ်ဝှမ်း ကျော်ကြားသော ကုမ္ပဏီများမှ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ တက်ရောက်ပြီး မူဝါဒအကြံပြုချက်များ ရယူကာ၊ CLMVT နိုင်ငံများ၏ ဒေသစီးပွားရေးကို မောင်းနှင်ရန် CLMVT မှ လုပ်ငန်းရှင်များ၏ စွမ်းရည်မြှင့်တင်ရန်၊ ဒေသတစ်ခုလုံး စီးပွားရေးတိုးတက်ရန်၊ ဒေသတစ်ခုလုံးအား စီးပွားရေး အသစ်ဆီသို့ မောင်းနှင်ရန် ကြိုးပမ်းသင့်ကြောင်း ပြောကြားပါသည်။ အခမ်းအနားကို ဘန်ကောက်ရှိ ထိပ်တန်းဟိုတယ်တစ်ခုမှာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၅ မှ ၂၈ အထိ ၄ ရက်ကြာ ကျင်းပမည် ဖြစ်ပါသည်။ CLMVT နိုင်ငံများက အစိုးရဌာန အဆင့်မြင့်အရာရှိများ၊ ပုဂ္ဂလိကအဖွဲ့များ တက်ရောက်မည်ဟု မျှော်လင့်ထားပါသည်။

ထိုအခမ်းအနားကို စိတ်ဝင်စားသော လုပ်ငန်းရှင် သို့မဟုတ် လူပုဂ္ဂိုလ်များသည် New Economy Academy (NEA), Ministry of Commerce, Thailand ဖုန်းနံပါတ် +၆၆၂ ၅၀၇ ၇၉၉၉၊ အီးမေးလ် [email protected] ၊ ဝက်ဘ်ဆိုက် www.nea.ditp.go.th ၊ သို့မဟုတ် ဖေ့စ်ဘွတ်ခ် facebook.com/nea.ditp သို့မဟုတ် Department of International Trade Promotion (DITP) ကို နောက်ထပ် အချက်အလက်များအတွက် ဆက်သွယ်နိုင်၊ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Myanmar times

Events & Exhibition Read 506 times