ယွမ်ဖြင့် ပေးချေရန် သဘောတူညီချက်များ ကန်ဒေါ်လာ ၅၈၀ ဘီလီယံကျော်အထိ ရောက်ရှိ


30 May, 2023

ယွမ်ဖြင့် ပေးချေရန် သဘောတူညီချက်များ ကန်ဒေါ်လာ ၅၈၀ ဘီလီယံကျော်အထိ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

နိုင်ငံတကာ အရောင်းအဝယ်များကို ယွမ်ဖြင့်သာ အသုံးပြုပြီး ပေးချေရန်  သဘောတူညီချက်များ လက်မှတ်ရေးထိုးထားသည်မှာ ယခုအခါ ကန်ဒေါ်လာ ၅၈၂.၃ ဘီလီယံဖိုး ရှိနေပြီဟု တရုတ်အစိုးရ၏ သတင်းမီဒီယာ China Daily က သတင်း ဖော်ပြသည်။
အဆိုပါ သဘောတူညီချက်များကို ၂၀၁၆ ခုနှစ်မှ စတင်၍ လက်မှတ်ရေးထိုးခဲ့သည်မှာ နိုင်ငံပေါင်း ၄၀ ကျော်သွားပြီ ဖြစ်သည်။ အဆိုပါနိုင်ငံများတွင် တရုတ်နှင့် အဓိကကုန်သွယ်ဘက် နိုင်ငံများ ဖြစ်သော ရုရှား၊ ဗင်နီဇွဲလား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ဘာရိန်း၊ ကာတာ၊ ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယား အစရှိသည်တို့ ပါဝင်သည်။
 .
နိုင်ငံတကာ ကုန်သွယ်မှုတွင် ယွမ်၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် အမေရိကန် ဒေါ်လာအပေါ် မှီခိုရန် လိုအပ်မှုကို ရှောင်ရှားရန် တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့် သဘောတူစာချုပ်များ ဖြစ်ပါသည်။
.
ယွမ်ဖြင့် ‌ နယ်ခြားဖြတ်ကျော် ပေးချေခြင်းသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ပိုမိုထိရောက်စေပြီး ယွမ်ကို နိုင်ငံတကာသုံး ငွေကြေးဖြစ်လာအောင် တွန်းပို့ပေးသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
နိုင်ငံအများအပြားတို့ အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရခြင်း လျှော့ချပေးနိုင်လိမ့်မည်ဟု ဆိုသည်။
အရေးယူပိတ်ဆို့မှုများတွင် ကန်ဒေါ်လာကို လက်နက်သဖွယ် အသုံးပြုခြင်းကိုလည်း ယွမ်သုံးစွဲခြင်းဖြင့် အကာအကွယ် ယူနိုင်မည် ဖြစ်သည်ဟု ဖော်ပြထားသည်။
Source China Daily
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Banking & Loan Read 696 times