တရုတ်ဗီဇာ လက်ဗွေစနစ်နှင့် စပ်လျဉ်း၍ တရုတ်သံရုံး အသိပေးကြေညာ


17 November, 2022

တရုတ်ဗီဇာ လက်ဗွေစနစ်နှင့် စပ်လျဉ်း၍ တရုတ်သံရုံး အသိပေးကြေညာ


 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်ဗီဇာ လျှောက်ထားရာတွင် လျှောက်ထားသူကိုယ်တိုင် တရုတ်သံရုံး (ရန်ကုန်)သို့ လူကိုယ်တိုင် လာရောက်ပြီး လက်ဗွေရာ ပေးအပ်ရန် လိုအပ်ကြောင်း တရုတ်သံရုံး (ရန်ကုန်)မှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 

 

ဇီ၀အချက်အလက်လက်ဗွေစနစ်ဖြင့် ဗီဇာလျှောက်တင်ခြင်းဆိုင်ရာအသိပေးချက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေစည်းမျဥ်းစည်းကမ်းနှင့် နိုင်ငံတကာ ကူးသန်းသွားလာမှု နည်းဥပဒေအရ ပြည်ထောင်စုသမ္မတနိုင်ငံဆိုင်ရာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်သံရုံးသည် ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ (၂၈) ရက်နေ့မှစ၍ ဗီဇာလာလျှောက်ထားသူများကို ဇီ၀အချက်အလက် လက်ဗွေစနစ်ဖြင့် လက်ဗွေရာများ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။ တရုတ်ဗီဇာ လျှောက်ထားလိုသူသည် အွန်လိုင်းတွင် လျှောက်လွှာဖြည့်ပြီး ကြိုတင်ရက်ချိန်းယူပြီးပါက လိုအပ်သောစာရွက်စာတမ်းနှင့်တကွ ရက်ချိန်းရထားသောရက်တွင် တရုတ်သံရုံး (ရန်ကုန်)သို့ လူကိုယ်တိုင် လာရောက်လျှောက်တင်ရမည်ဖြစ်ပြီး လျှောက်ထားသူ၏ လက်ဗွေရာကို ကောက်ခံယူသွားမည်ဖြစ်သည်။

 

.

ဇီ၀အချက်အလက်လက်ဗွေစနစ် ကောက်ခံမှုပြုရန် မလိုအပ်သောပုဂ္ဂိုလ်များမှာ -

၁။ အသက် (၁၄) နှစ်အောက်ကလေးငယ်များနှင့် အသက် (၇၀) နှစ်အထက် သက်ကြီးရွယ်အိုများ၊

၂။ Diplomatic Passport ကိုင်ဆောင်ထားသူနှင့် diplomatic visa ၊ service visa ၊ courtesy visa နှင့် ကိုက်ညီသော ပုဂ္ဂိုလ်များ၊

၃။ ၅နှစ်အတွင်း ပတ်စပို့စ်စာအုပ်တစ်အုပ်တည်းဖြင့် ရန်ကုန်တရုတ်သံရုံး၌ တရုတ်ဗီဇာ   လျှောက်ဖူး၍ လက်ဗွေရာအချက်အလက်ပေးခဲ့ဖူးသူ၊ (ပတ်စပို့စ်အသစ်ထပ်လဲထားသူ   မပါ။)

၄။ လက်ဆယ်ချောင်းများ မသန်စွမ်းသူ (သို့) လက်ချောင်းများတွင် လက်ဗွေရာ မထင်ရှားသူ။

 

မှတ်ချက် - လျှောက်ထားသူကိုယ်တိုင် တရုတ်သံရုံး (ရန်ကုန်)သို့ လာရောက်၍ လက်ဗွေရာ ပေးရမည်။ ကာယကံရှင်ကိုယ်တိုင်မဟုတ်ဘဲ အခြားသူတစ်စုံတစ်ယောက်၏ လက်ဗွေရာ ပေးပါက လျှောက်ထားသူသည် တရုတ်နိုင်ငံသို့ ၀င်ရောက်နိုင်မည် မဟုတ်ပါ။ ထိုအကြောင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲကိစ္စရပ်များသည် မိမိကိုယ်တိုင်၏ တာ၀န်သာဖြစ်ပြီး မိမိကိုယ်တိုင် တာ၀န်ယူဖြေရှင်းရမည်ဖြစ်သည်။

 

တရုတ်ဗီဇာလျှောက်တင်ရန်ဖောင်ဖြည့်ရမည့်၀က်ဆိုဒ်  -

https://cova.cs.mfa.gov.cn

 

ကြိုတင်ရက်ချိန်းရယူရန်၀က်ဆိုဒ်   -

https://avas.cs.mfa.gov.cn

 

စုံစမ်းမေးမြန်းရန်ဖုန်းနံပါတ် -

0095-1-8221280/ 8221281(လိုင်းခွဲ)677 (ရန်ကုန်)

0095-9894853188 (ရန်ကုန်)

0095-9401470875 (မန္တလေး)

 

ပေးပို့နိုင်သောအီးမေးလ်  -

[email protected] (ရန်ကုန်)  

[email protected] (မန္တလေး)

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Laws and Regulations Read 524 times