ခန့်မှန်းတန်ဖိုး အဆ ၄,၀၀၀ နီးပါးဖြင့် တရုတ်‌ကြွေပန်းအိုး လေလံဆွဲ


04 October, 2022

ခန့်မှန်းတန်ဖိုး အဆ ၄,၀၀၀ နီးပါးဖြင့် တရုတ်‌ကြွေပန်းအိုး လေလံဆွဲ
TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

ပြင်သစ်လေလံပွဲမှာ လေလံတင်ရောင်းချသည့် တရုတ်‌ကြွေပန်းအိုးတစ်လုံးကို ယူရို ၇.၇ သန်း (အမေရိကန်ဒေါ်လာ ၇.၆ သန်း) ဖြင့် ရောင်းချခဲ့ပါသည်။ ခန့်မှန်းတန်ဖိုး၏ အဆ ၄,၀၀၀ နီးပါး ဖြစ်ပါသည်။
ယူရို ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၆၆) သာ ကြမ်းခင်းဈေး တန်ဖိုးသတ်မှတ်ထားသော ၎င်း‌ကြွေအိုးကို စနေနေ့ (အောက်တိုဘာ ၁) တွင် ပြင်သစ်နိုင်ငံ ပါရီမြို့‌ေတာ်အနီးရှိ Fontainebleau တွင် ကျင်းပသော လေလံပွဲ၌ လူ ၃၀ ဦးခန့်က လေလံအပြိုင်ဆွဲခဲ့ကြပါသည်။ လေလံစရိတ် အပါအဝင်  နောက်ဆုံးကျသင့်သည့်စျေးနှုန်းမှာ ယူရို ၉.၁၂ သန်းဖြစ်ပါသည်။

လေလံဆွဲသူအများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး အဆိုပါပန်းအိုးသည် ၁၈ ရာစုမှ လက်ကျန် ရှားပါးပစ္စည်းတစ်ခုဖြစ်ကြောင်း ယုံကြည်ကြသည်။

တရုတ်ဘာသာစကားဖြင့် ပန်းအိုးကို ခေါ်ဝေါ်သည့် "tianqiuping"ဟူသော ဝေါဟာရသည် "ကောင်းကင်ဘုံပန်းအိုး" ကို ဆိုလိုပြီး ပန်းအိုး၏ ပုံပန်းသဏ္ဍာန်ကို ရည်ညွှန်း ခေါ်ဝေါ်ခြင်း ဖြစ်သည်။ 

 

 

 

ပြင်သစ်နိုင်ငံတွင် နေထိုင်သော အသက် ၅၉  နှစ်အရွယ်ရှိ ရောင်းသူသည် သူမ၏ကွယ်လွန်သူမိခင်၏ အိမ်မှ ပန်းအိုးကို လေလံ ရောင်းချရန်ရန် စီစဉ်ခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ သေသေချာချာ မမြင်ဖူးကြောင်း ပြောကြားသည်။
၅၄ စင်တီမီတာ (၂၁ လက်မသာသာ) မြင့်သော ပန်းအိုး၏ မူလပိုင်ရှင်မှာ ပါရီမြို့မှ ရှေးဟောင်းပစ္စည်း စုဆောင်းသူ အဖွား ဖြစ်သည်။
 
"ကက်တလောက်ကို ထုတ်ဝေလိုက်ပြီးကတည်းက တရုတ်လူမျိုးတွေက ပန်းအိုးကို လာလာကြည့်ကြတယ်။ လာကြည့်တဲ့ လူတွေ ပိုများလာတာနဲ့အမျှ စိတ်ဝင်စားမှု ကြီးကြီးမားမား ရှိလာတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်" ဟု လေလံရုံးမှ ဒါရိုက်တာ Cedric Labord က ပြင်သစ်နေ့စဉ် Le Parisien သို့ ပြောကြားခဲ့သည်။

"ကျွန်‌တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်က ရှေးဟောင်း မဟုတ်ဘူးလို့ ထင်တုန်းပဲ" ဟု ၎င်းက ပြောကြားသည်။ 
၎င်းလေလံဌာန Osenat မှ ကျွမ်းကျင်သူက "သူတို့ ယူဆသလို သက်တမ်း နှစ်ပေါင်း ၂၀၀ ဆိုရင်တော့ အလွန်အမင်း ရှားပါး ရှေးဟောင်း ကြွေအိုးပဲ" ဟု ပြောကြားသည်။

ဝယ်သူသည် တရုတ်လူမျိုးဖြစ်ပြီး တယ်လီဖုန်းမှတစ်ဆင့် လေလံအောင်ခဲ့ကြောင်း Le Parisien က သတင်းတွင် ဖော်ပြသည်။
Source: Agencies
#MyanmarIndustriesGuide
TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

Events & Exhibition Read 1462 times