အမေရိကန်စတော့ဈေးကွက်မှ တရုတ်နိုင်ငံပိုင် မဟာလုပ်ငန်းကြီး ၄ ခု နုတ်ထွက်မည်


12 August, 2022

အမေရိကန်စတော့ဈေးကွက်မှ တရုတ်နိုင်ငံပိုင် မဟာလုပ်ငန်းကြီး ၄ ခု နုတ်ထွက်မည်

တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီးများ ဖြစ်ကြသည့် အာမခံလုပ်ငန်း China Life Insurance ၊ ရေနံကုမ္ပဏီကြီး Sinopec နှင့် PetroChina ၊ အလူမီနီယံလုပ်ငန်းကြီး Aluminium Corporation of China (Chalco) တို့က  အမေရိကန်စတော့ဈေးကွက် နယူးယောက်စတော့အိပ်ချိန်း New York Stock Exchange (NYSE) စာရင်းဝင်ကုမ္ပဏီ အဖြစ်မှ နုတ်ထွက်မည် ဖြစ်ကြောင်း သောကြာနေ့ (ဩဂုတ် ၁၂)တွင် ကြေညာခဲ့သည်။
အဆိုပါလုပ်ငန်းကြီးများသည် ဟောင်ကောင်နှင့် တရုတ်ပြည်မတွင် တည်ရှိသော စတော့ဈေးကွက်များတွင်သာ ဆက်လက်လုပ်ကိုင်မည် ဖြစ်သည်။


China Life Insurance နှင့် Chalco တို့က ဩဂုတ်လ ၂၂ ရက်တွင် နုတ်ထွက်ကြောင်း အစီရင်ခံစာ စာရွက်စာတမ်းများ တင်သွင်းမည်ဖြစ်ပြီး စာရင်းဝင်အဖြစ်မှ နုတ်ထွက်ခြင်းနောက် ၁၀ ရက်အကြာတွင် စတင်သက်ရောက်မည်ဟု ကြေညာသည်။
Sinopec နှင့်  PetroChina တို့က ဩဂုတ်လ ၂၉ ရက်တွင် ထွက်ကြောင်း အစီရင်ခံစာ စာရွက်စာတမ်းများ တင်သွင်းမည်ဟု ကြေညာသည်။

တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းကြီးများ ဖြစ်ကြသည့် China Telecom  ၊ China Mobile  နှင့် China Unicom  တို့သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် စတော့ဈေးကွက်မှ နုတ်ထွက်ခဲ့ကြသည်။ ထရန့်အစိုးရက တရုတ်နည်းပညာ လုပ်ငန်းကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ချုပ်ချယ်ရန် ဆုံးဖြတ်သဖြင့် နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U
Source:Reuters

Investment/Divestment Read 43953 times