တရုတ်ရင်းနှီးမြှုပ်နှံသူများ ကျောက်စိမ်းတွင်  ရင်းနှီးမြှုပ်နှံမှုများ  ပိုများလာ


09 August, 2022

တရုတ်ရင်းနှီးမြှုပ်နှံသူများ ကျောက်စိမ်းတွင်  ရင်းနှီးမြှုပ်နှံမှုများ  ပိုများလာ

ကျောက်စိမ်း အဓိက ထွက်တဲ့ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု၊ Covid နှင့် ပိတ်ဆို့အရေးယူမှုများကြောင့် ပစ္စည်း များများ မရတော့တဲ့ အခက်အခဲကို ကြုံခဲ့နေရချိန်မှာ ဟောင်ကောင် အပါအဝင် တရုတ်ပြည်တွင်း ဈေးကွက်ထဲမှာ ကျောက်စိမ်းများ ကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူနေကြတဲ့အတွက် ဈေးနှုန်းများ မြင့်တက်လာပါတယ်။

တရုတ်ပြည်တွင်းမှာ အိမ်ရာတိုက်ခန်းအဆောက်အဦ ဈေးကွက်ပျက်နေခြင်း၊ ငွေချေးအာမခံစာချုပ်များ အတိုးအရင်း ပေးရန် ပျက်ကွက်ကြခြင်းများ တောထနေခြင်းတို့ကြောင့် တန်ဖိုးထားပိုင်ဆိုင်မှုများဈေးကွက်မှာ အလုပ်မဖြစ်နိုင်သဖြင့် ရှေးရိုးစဉ်လာ ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ အကောင်းစား ကျောက်စိမ်း jadeite များကို ရင်းနှီးမြှုပ်နှံမှုအဖြစ် တရုတ်ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူနေကြပါတယ်။
မြန်မာမှ ကျောက်စိမ်းအရိုင်းတုံးများ အဝင်လျော့ကျသဖြင့်  ကျောက်စိမ်းအကောင်းစား ပါတဲ့ လက်ဝတ်ရတနာ အချောထည်များ ဈေးမြင့်တက်ပါတယ်။
အရည်အသွေးမြင့်ကျောက်စိမ်း jadeite ထုတ်လုပ်မှုမှာ ကမ္ဘာ့ jadeite  ထုတ်လုပ်မှုရဲ့ ၇၀~၉၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ပါတယ်။ 

ဟောင်ကောင်မှ လုပ်ငန်းရှင် Tommy Chan က မကြာသေးခင်ကမှ ဈေးသိပ်မကြီးတဲ့ jadeite လက်ဝတ်ရတနာများကို စတင်ဝယ်ယူစုဆောင်းခဲ့သူ ဖြစ်ပါတယ်။ သူက HK$80,000-HK$200,000 (US$10,200-US$25,500) အတန်းအစားကို ဝယ်ယူပါတယ်။ 
“jadeite အထွက်နှုန်းက လျော့နည်းလာတယ်။ jadeite ကျောက်စိမ်းရဲ့တန်ဖိုးက ကျိန်းသေပေါက် တက်လာလိမ့်မယ်” လို့ သူက ပြောကြားပါတယ်။ 

ကိုဗစ်သုည မူဝါဒ ကျင့်သုံးခြင်းကြောင့်နှင့် တရုတ်-အမေရိကန် တင်းမာမှုများကြောင့် ရှယ်ယာများ ဈေးကျပါတယ်။
တရုတ်နိုင်ငံရဲ့ ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက်ကလည်း  အိမ်ခြံမြေကဏ္ဍတွင် ထိပ်တန်းလုပ်ငန်းကြီးများက ငွေချေးစာချုပ်များကို အတိုး အရင်း ပေးအပ်ဖို့ ပျက်ကွက်ခြင်းများ တောထနေလို့ လှိုင်းဂယက်များ ထနေပါတယ်။ အိမ်ရာဈေးနှုန်းများ ကျဆင်းနေတာ ၁၀ လ ဆက်တိုက် ရှိပါပြီ။
"ရင်းနှီးမြှုပ်နှံသူများက အမျိုးမျိုးအဖုံဖုံမှာ ခက်ဖြာပြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားကြရပါတယ်" လို့ VP Wealth Management မှ ဌာနမှူး Will Wang က ပြောကြားပါတယ်။
“ရင်းနှီးမြှုပ်နှံသူ တော်တော်များများက ကျောက်စိမ်းနဲ့ အရည်အသွေးထိပ်တန်း ကျောက်စိမ်းတွေဟာ သူတို့ရဲ့ တန်ဖိုးထားပိုင်ဆိုင်မှုတွေကို ခွဲဝေဖြန်ကျက်ထားဖို့ အပိုင်းကဏ္ဍတစ်ခုအဖြစ် ရှုမြင်ပါတယ်။ 
စီးပွားရေးပိတ်ဆို့ အရေးယူမှုကို တရုတ်နိုင်ငံ ကြုံလာခဲ့ရင် ဆိုတဲ့ စိုးရိမ်မကင်း ဖြစ်ကြခြင်းကြောင့် ကျောက်စိမ်းနှင့် အထက်တန်းစား လက်ဝတ်ရတနာများ ဝယ်ယူပြီး တန်ဖိုးထား ပိုင်ဆိုင်မှုတစ်ရပ်အဖြစ်  ရင်းနှီးမြှုပ်နှံလာကြပါတယ်။
ဘဏ်အပါအဝင် တခြားသူများကို အားကိုးစရာ မလိုဘဲ သီးခြားရပ်တည်ကာ ပိုင်ဆိုင်မှုကို ကိုယ့်လက်ထဲ ကိုင်ထားနိုင်စေပါတယ်။

တရုတ်ထိပ်ပိုင်းရင်းနှီးမြှုပ်နှံသူများက စုဆောင်းမှုအဖြစ် နာရီ၊ ကား၊ ဝိုင်အကောင်းစား၊ ပန်းချီကားတို့ထက် ကျောက်စိမ်းအကောင်းစားနှင့် လက်ဝတ်ရတနာများကို ပိုလိုလားကြကြောင်း 2021 China Jadeite Industry Consumption White Paper မှာ ဖော်ပြထားပါတယ်။ 

Sheentiff Jewellery မှ အရောင်းညွှန်မှူး Chan က အစဉ်အလာအားဖြင့် အလယ်အလတ်တန်း ကျောက်မျက်များကို ရင်းနှီးမြှုပ်နှံမှုအဖြစ် မရှုမြင်ကြပေမဲ့  ယခုအခါဝယ်ယူသူများက အမြင့်တန်းကိုသာမက အလယ်အလတ်တန်း ကျောက်မျက်ရတနာများကိုလည်း ဝယ်ယူကြကြောင်း ပြောကြားပါတယ်။ 
ယခုအခါမှာ  ပစ္စည်း အဝင် လျော့ကျလာလို့ ဈေးတွေ တက်ကုန်တဲ့အကြောင်းကိုလည်း Chan က ပြောပြပါတယ်။ 
"၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ကျောက်စိမ်းဈေးမှာ  ပြန်ရောင်းတဲ့အခါ အများဆုံး ရရင် ၁ ဆခွဲ၊ ၂ ဆ လောက်ပဲ ရပါတယ်။ အခုတော့ အရည်အသွေးကောင်းတယ်ဆိုရင် ၁၀ ဆ အထိ ဈေးမြင့်တက်ပါတယ်" လို့ Chan က ပြောကြားပါတယ်။

မေလအတွင်းက အကောင်းစားကျောက်စိမ်းပုတီးစေ့လည်ဆွဲကို ဟောင်ကောင်ဒေါ်လာ ၆၉ သန်းကျော်ဖြင့် ရောင်းချခဲ့တဲ့ Christie's Jewellery Asia ရဲ့  ဥက္ကဋ္ဌဗစ်ကီဆက်က ငယ်ရွယ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများရဲ့  ဝယ်လိုအား တိုးလာခြင်းကြောင့် အရည်အသွေးမြင့် ကျောက်စိမ်းများကို စိတ်ဝင်စားမှု ပို၍ပို၍ များလာကြောင်း ပြောကြားသည်။

ထိပ်တန်းအကောင်းစား ကျောက်စိမ်းများ ဝယ်ယူပြီး ရင်းနှီးမြှုပ်ထားတဲ့ တရုတ်ဝယ်လက်များက များသောအားဖြင့် မျိုးဆက်တစ်ခုမှ တစ်ခုသို့ အမွေပေးကြပါတယ်။ လက်ထဲ ရောက်ပြီးသား အရည်အသွေး ထိပ်တန်း ကျောက်စိမ်းတွေကို ထုတ်မရောင်းကြလို့ ထိပ်တန်း အကောင်းစား ကျောက်စိမ်းများ ရှားနေကြောင်း ဗစ်ကီဆက်က ပြောကြားပါတယ်။

"ထိပ်တန်းအရည်အသွေးမြင့်ပစ္စည်းတွေက ဘယ်တော့မှ စျေးမသက်သာဘူး" လို့ သူမက ပြောကြားပါတယ်။ 
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U
Source: ft.com

Investment/Divestment Read 1563 times