တရုတ်ပို့ကုန် လုပ်ငန်းရှင်များအကြား ယွမ်ငွေလဲနှုန်း ရိုက်ခတ်


09 May, 2022

တရုတ်ပို့ကုန် လုပ်ငန်းရှင်များအကြား ယွမ်ငွေလဲနှုန်း ရိုက်ခတ်

 

တရုတ်နိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအကြား ရင်ဆိုင်နေရသည့် အဓိကမရေရာခြင်းများတွင် ကိုဗစ်လော့ဒေါင်းအပြင် ယွမ်ငွေလဲနှုန်း မတည်ငြိမ်မှု ပြင်းထန်နေခြင်းဖြစ်သည်။ ငွေလဲနှုန်း‌က အရှုံးအမြတ်ကို အဆုံးအဖြတ်ပြုပေးနေသည်။

ယွမ်၏ အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသည် ဧပြီလလယ်ပိုင်းမှစ၍ ကျဆင်းလာခဲ့သည်။

မေလ ၆ ရက် သောကြာနေ့တွင် ပြည်ပရောက် ယွမ်များ ငွေလဲနှုန်း တစ်အမေရိကန်ဒေါ်လာ ၆.၇၃ ယွမ် ဖြစ်ပြီး ပြည်တွင်းရှိ ယွမ်များ ငွေလဲနှုန်းမှာ ၆.၆၉ ဖြစ်သည်။  နှစ်မျိုးစလုံး ၂၀၂၀ နိုဝင်ဘာလ‌ေနာက်ပိုင်းတွင် အနိမ့်ဆုံး ဖြစ်သည်။


ပြည်ပပို့ကုန်ကို ဒေါ်လာဖြင့် ဈေးဖြတ်သည့် ပို့ကုန်လုပ်ငန်းများ အကျိုးဖြစ်ထွန်းသည်။
ရှန်ကျန်းမြို့ အခြေစိုက် မှန်စက်ရုံမှ မန်နေဂျာ Duan Lianmin က ဒေါ်လာနှင့် လဲနှုန်းတွင် ယွမ်တန်ဖိုးကျသဖြင့် စက်ရုံ အမြတ်ပိုထွက်ကြောင်း ပြောကြားသည်။
"ကျွန်တော်တို့ လုပ်ငန်းက ပြည်ပဝယ်လက်တွေကို ဒေါ်လာဖြင့် ပေးချေစေတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အရင်လနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့ လေး ကနေ ငါး ရာခိုင်နှုန်းလောက် ပိုရတယ်" ဟု ပြောကြားသည်။

Duan လုပ်ကိုင်နေသည့် မှန်စက်ရုံသည် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသ၊ တောင်ကိုရီးယား နိုင်ငံတို့ထံ အဓိကအားဖြင့် တင်ပို့သည်။

ယူရိုဒေါ်လာဖြင့် ပေးချေစေသည့် ကုမ္ပဏီများ အထိနာကြသည်။ ယူရိုဒေါ်လာသည် ယွမ်နှင့် ငွေလဲနှုန်းသည် ၂၀၂၀ နှစ်လယ်ပိုင်းမှစ၍ မှန်တန်း ကျဆင်းနေခဲ့သည်။
အွန်လိုင်း ပြည်ပပို့ကုန်လုပ်ငန်းတစ်ခုသည် ငွေလဲနှုန်းကြောင့် ကုမ္ပဏီဝင်ငွေ အနည်းဆုံး ၁၀% လျော့နည်းခဲ့သည်။

ပြည်ပတွင် မျှော်လင့်မထား ရုတ်ချည်းဖြစ်ပေါ်သော ဆိုးဆိုးဝါးဝါးများကြောင့် ယွမ်ငွေလဲနှုန်း မတည်မငြိမ် ဖြစ်ရသည်။ ရုရုားက ယူကရိန်းကို ကျူးကျော်လိုက်သဖြင့် ယူရိုဒေါ်လာ၏ ယွမ်ငွေလဲနှုန်းတွင် ယူရို တန်ဖိုးကျသည်။ အမေရိကန် ဗဟိုဘဏ် ဖြစ်သော ပြည်ထောင်စု အရန်ရန်ပုံငွေက အတိုးနှုန်း မြှင့်တင်မည်ဆိုသောအခါ ပြည်ပရောက် ယွမ်များ ဒေါ်လာငွေလဲနှုန်းတွင် ယွမ်တန်ဖိုးကျသည်။
 
ပြည်ပဝန်းကျင်တွင် အတိုးအဆုတ်များ ဖြစ်ပွားခြင်းကြောင့် သက်ရောက်မှု သက်သာအောင်ဘအချို့ ပို့ကုန်လုပ်ငန်းများက ပို့ကုန်တန်ဖိုးကို ယွမ်ဖြင့် ဈေးဖြတ်ကြသည်။

ခရစ်စမတ် ဈေးရောင်းပွဲတော် ကာလအတွက် အဝတ်အစားများ တင်ပို့သော လုပ်ငန်းတစ်ခုက "ကျွန်တော်တို့ အမေရိကန်ဒေါ်လာကို လက်မခံဘူး။  ယွမ်နှင့်သာ တွက်ချက်ပေးချေစေပါတယ်။ ငွေလဲနှုန်း အတက်အကျ မတည်ငြိမ် ဖြစ်လာနိုင်တာတွေကို ရှောင်လွှဲဖို့ ဖြစ်ပါတယ်" ဟု ပြောကြားသည်။ 
အခက်အခဲများ ရှိနေသော်လည်း ယခုနှစ်လပထမ ၄ လတွင် အမှာစာ ခုရေ အနည်းဆုံး  ၁၀%  ပိုရခဲ့သည်ဟု ပြောကြားသည်။
"ပြီးခဲ့တဲ့နှစ်မှာ  ကပ်ရောဂါကြောင့် လော့ဂျစ္စတစ်က မချောမွေ့ခဲ့ဘူး။  ဒီတော့ ယခုနှစ်မှာ ပြည်ပက ဝယ်လက်တွေလက်ထဲ လက်ကျန် ကုန်လုနီးပါး ဖြစ်နေတယ်။ ပြန်ဖြည့်တင်း နေကြတယ်"

ယမန်နှစ်က အချိန်မီ ရောက်မလာနိုင်ခဲ့သဖြင့် လည်းကောင်း၊ သင်္ဘောခများကလည်း ဈေးထပ်တက်မည့် အလားအလာများ ရှိနေသဖြင့် ဆောလျင်စွာ မှာယူထားခြင်းက စရိတ်သက်သာစေသဖြင့်လည်းကောင်း ယခုနှစ်တွင် အချိန်စောပြီး ကြိုကြိုတင်တင် မှာယူကြသည်ဟု ၎င်းက ပြောကြားပါသည်။ 

globaltimes.cn

Global News Export, Import Read 586 times