ပြည်ပပို့ကုန်အမှာစာများ ရရှိရန် တရုတ်ကိုယ်စားလှယ်အဖွဲ့များ ပြည်ပစေလွှတ်


22 December, 2022

ပြည်ပပို့ကုန်အမှာစာများ ရရှိရန် တရုတ်ကိုယ်စားလှယ်အဖွဲ့များ ပြည်ပစေလွှတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြည်ပပို့ကုန်အတွက် အမှာစာများ ရရှိရန်အတွက် တရုတ်နိုင်ငံမှဒေသဆိုင်ရာ အာဏာပိုင်တို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 တရုတ်နိုင်ငံ၏ ဒေသတွင်းစီးပွားရေးအင်အားကြီးများသည် စင်းလုံးငှားလေယာဉ်များကို စင်းလုံးငှားကာ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များအား ပြည်ပသို့ စေလွှတ်ပြီး ပို့ကုန်အမှာစာများ ရရှိရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်ပခရီးစဉ်များအတွက် ထောက်ပံငွေများလည်း ပေးသည်။
 တရုတ်အစိုးရသည် တနိုင်ငံလုံးတွင် ကိုဗစ်-သုညမူဝါဒကို ဖြေလျှော့ပေးလိုက်ပြီဖြစ်ရာ  ဒေသတွင်းစီးပွားရေး ကျဆင်းလျက်ရှိသည်ကို ပြန်လည် မြှင့်တင်ပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
 
တရုတ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်စေရန်နှင့် စတုတ္ထသုံးလပတ်တွင် ပြန်လည်နာလန်ထူလာစေရန် ကူညီပေးရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တရုတ်အစုိးရက စီးပွားရေးအတွက် အဓိကကျသည့် ပြည်နယ်များကို ညွှန်ကြားထားသည်။
တရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်-သုညမူဝါဒသည် စီးပွားရေးကို ထိခိုက်နေခဲ့သည်။ ပြီးခဲ့သည့် သုံးလပတ် ၃ ခုတွင် ကြီးထွားနှုန်း ၃% သာ ရှိခဲ့သည်။ ၂၀၂၁ တွင် ကြီးထွားနှုန်း ၈.၁% ရရှိခဲ့သည်ထက် သိသိသာသာ လျော့နည်းနေသည်။

စီချွမ်၊ ကွမ်တုန်း၊ ကျန်းစူး၊ ကျဲ့ကျန်း ပြည်နယ် ၄ ခုတွင် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များကို သုံးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသို့ ခရီးထွက်နိုင်စေရန် မူဝါဒများ ချမှတ်ခဲ့သည်။

ပြည်ပမှ ဝယ်လိုအား အားနည်းခြင်းနှင့် တင်းကျပ်သော Zero-Covid မူဝါဒတို့ ပေါင်းဆုံပြီး အမှာစာများ လျော့ကျနေသည်။ 
တရုတ်နိုင်ငံ၏ ပို့ကုန်သည် ယခင်နှစ်ကထက် ၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အောက်တိုဘာလထက် ၀.၃% လျော့နည်းသည်။

အရှေ့ပိုင်းပြည်နယ်ကျဲ့ကျန်းမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများသို့ ခြောက်ရက်ကြာခရီး သွားရောက်ရန် စီစဉ်‌ေဆာင်ရွက်ခဲ့သည်။  ဂျပန်နိုင်ငံသို့ စင်းလုံးငှားလေယာဉ်ဖြင့် ၉၆ ဦးပါဝင်သောအဖွဲ့ကို စေလွှတ်ခဲ့သည်။
အဆိုပါပြည်နယ်သည် တရုတ်နိုင်ငံတွင် ပုဂ္ဂလိက လုပ်ငန်းအရေအတွက် အများဆုံးဖြစ်ပြီး ယခုအခါ ကိုရိုနာ ဗိုင်းရပ်စ် ကန့်သတ်ချက်ကြောင့် နယ်စပ်ကို သုံးနှစ်နီးပါး ပိတ်ထားခြင်း အဆုံးသတ်လိုက်ပြီးနောက် နိုင်ငံရပ်ခြား စီးပွားရေးပွဲများသို့ ကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော် စေလွှတ်ရန် စီစဉ်ထားသည်။
စီချွမ်ပြည်နယ်သည် ပြင်သစ်၊ ဂျာမနီနှင့် အီတလီနိုင်ငံများသို့ ကုန်သွယ်မှုပွဲများကျင်းပရန် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ရန်အတွက် စင်းလုံးငှားလေယာဉ်များ ထောက်ပံ့ပေးခဲ့သည်။

ပြီးခဲ့သောလတွင် တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ဆိုင်ရာမူဝါဒ ဖြေလျှော့မှုအစီအမံများကို ပထမအကျော့ စတင်ပြီးကတည်းက နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရန်ကြာချိန်ကို ထက်ဝက်လျှော့ချခဲ့သည်။
မကြာသေးမီက ကုမ္ပဏီပေါင်း ၁၀၀ ခန့်သည် စည်းဝေးပွဲများ တက်ရောက်ရန် ဟောင်ကောင်နှင့် အမေရိကန်သို့ သွားရောက်ခဲ့ပြီး ယွမ် ၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၄၃ သန်း) ကျော်တန်ဖိုးရှိ အမှာစာများ ရရှိခဲ့သည်။
စီချွမ်ပြည်နယ်သည် လာမည့်နှစ်တွင် ထိုင်း၊ ဗီယက်နမ်နှင့် အခြားသော ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက် Regional Comprehensive Economic Partnership-RCEP အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်ရန် ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းသွားရန် စီစဉ်ထားသည်။
ယခုနှစ် ဒုတိယနှစ်ဝက်တွင် အပူလွန်ကဲမှု၊ မိုးခေါင်မှုနှင့် မြေငလျင်လှုပ်ခတ်မှုနှင့် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုတို့ ဖြစ်ပွားခြင်းကြောင့် စီချွမ်တွင် ထုတ်လုပ်မှုကို ထိခိုက်ခဲ့ပြီးနောက် ဒေသဆိုင်ရာအစိုးရသည် ကုန်သွယ်မှုတည်ငြိမ်ရန် ကြိုးပမ်းခဲ့သည်

ကျန်းစူးပြည်နယ်၏အရှေ့ပိုင်းမှ ကုန်ထုတ်လုပ်မှုအချက်အချာ နန်ကျင်းမြို့သည် နိုင်ငံရပ်ခြားသွားမည့် ကုမ္ပဏီများအတွက်သယ်ယူပို့ဆောင်ရေးနှင့် quarantine ကုန်ကျစရိတ်များအတွက်ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် အမ‌ှာစာများ ရရှိရန် ပြည်ပနိုင်ငံများသို့ သွားရောက်ကြသော ကိုယ်စားလှယ်အဖွဲ့များအတွက် ရန်ပုံငွေ ပံ့ပိုးပေးမည်ဖြစ်သည်။
Source scmp
 

Industry Reviews Read 184 times