တရုတ်နိုင်ငံတွင် ၂၀၂၁ ပထမ ၁၁ လ အတွင်း လုပ်ငန်းငယ် ၄ သန်းကျော် ပိတ်သိမ်း


11 January, 2022

တရုတ်နိုင်ငံတွင် ၂၀၂၁ ပထမ ၁၁ လ အတွင်း လုပ်ငန်းငယ် ၄ သန်းကျော် ပိတ်သိမ်း

တရုတ်နိုင်ငံတွင် ၂၀၂၁ ပထမ ၁၁ လ အတွင်း မိုက်ခရိုနှင့် အသေးစား လုပ်ငန်းအသစ် ၁.၃၂ သန်း မျှသာ ဖွင့်လှစ်ခဲ့သည်။ ၂၀၂၀ ခုနှစ် အလားတူကာလတွင် မိုက်ခရိုနှင့် အသေးစား လုပ်ငန်းသစ် ၆.၁၃ သန်း ဖွင့်လှစ်ခဲ့သည်။
၂၀၂၁ ပထမ ၁၁ လတွင်  အသေးဆုံး လုပ်ငန်းများ  သမိုင်းတွင်မည့် စံနှုန်းဖြင့် ကျဆုံးကုန်သဖြင့် အပြီးအပိုင် ပိတ်လိုက်ရသည့်ဆိုင်များနှင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများ စုစုပေါင်း ၄.၃၇ သန်း ရှိသည်။
အသစ်ဖွင့်သည့် အရေအတွက်ထက် ပိတ်သည့်အရေအတွက်က ၃ ဆ ကျော်သည်။

နှစ်ပေါင်း ၂၀ အတွင်း ပုဂ္ဂလိကကဏ္ဍ၏ ကျောရိုးဖြစ်သည့် မိုက်ခရိုနှင့် အသေးစားလုပ်ငန်းများ အသစ်ထူထောင်သည့် အရေအတွက်ထက် ပိတ်သိမ်းသည့် အရေအတွက် ပိုများခြင်းကို ပထမဆုံးအကြိမ် ကြုံရခြင်း ဖြစ်သည်။ 

တိုင်းပြည်စီးပွားရေး ကြီးထွားမှုအပေါ် ဖိအား သုံးမျိုးကျနေသည်။ ဝယ်လိုအား ကျုံ့သွားခြင်း၊ ဖြည့်သွင်းသည့်အပိုင်းတွင် မတည်မငြိမ် ပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်းနှင့် လုပ်ငန်းရှင်တို့ မျှော်လင့်ချက်များ အားပျော့နေခြင်း တို့ဖြစ်သည်။

၂၀၂၁ အတွင်း ပျမ်းမျှအားဖြင့် လစဉ် မိုက်ခရိုနှင့် အသေးစား လုပ်ငန်းများ ၃၉၇,၄၃၅ ခု ပိတ်သိမ်းခဲ့သည်။ 

တရုတ်နိုင်ငံတွင် မိုက်ခရိုနှင့် အသေးစား လုပ်ငန်းများကို  လုပ်ငန်းကဏ္ဍအလိုက်  ဝန်ထမ်းဦးရေနှင့် တစ်နှစ်တာဝင်ငွေတို့အပေါ် အခြေခံပြီး အမျိုးအစား ခွဲခြားသတ်မှတ်ပေးသည်။ ဥပမာ လက်လီအရောင်းဆိုင်ကဏ္ဍတွင် ဝန်ထမ်း ၅၀ ဦးထက် နည်းပြီး နှစ်စဉ်ဝင်ငွေ ယမ် ၅ သန်း( ကန်ဒေါ်လာ ၇၈၅,၀၀၀) အောက်တွင် ရှိပါက အသေးစားလုပ်ငန်းဟု အမျိုးအစားသတ်မှတ်သည်။ ဝန်ထမ်းဦးရေ ၁၀ ဦးထက်နည်းပြီး နှစ်စဉ်ဝင်ငွေ ယွမ် ၁ သန်း ထက်နည်းပါက မိုက်ခရိုလုပ်ငန်းဟု အမျိုးအစား သတ်မှတ်သည်။ 
စက်မှုကဏ္ဍတွင် အသေးစားလုပ်ငန်းများသည် ဝန်ထမ်း ဦးရေ ၃၀၀ အောက်ကိုသာ ခန့်ထားပြီး တစ်နှစ်ဝင်ငွေ ယွမ် သန်း ၂၀ အောက်တွင်သာ ရှိသည့်လုပ်ငန်းများ ဖြစ်သည်။

ပုဂ္ဂလိကကဏ္ဍ၏ ကျောရိုးဖြစ်သည့် မိုက်ခရိုနှင့် အသေးစားလုပ်ငန်းများသည် အစိုးရအခွန်ဝင်ငွေစုစုပေါင်း၏ ထက်ဝက်ကို ပေးဆောင်ကြသူများ ဖြစ်သည်။ ဂျီဒီပီတွင် ၆၀ % ကျေးဇူးပြုပေးကြသည်။ မြို့ပြ အလုပ်အကိုင် ၈၀% ကို အဆိုပါလုပ်ငန်းများက ဖန်တီးပေးထားသည်။ 

တရုတ်နိုင်ငံသည် မိုက်ခရိုနှင့် အသေးစား လုပ်ငန်းများဖြင့် လုပ်ကိုင်နေသော နိုင်ငံဖြစ်သည်။ မိုက်ခရိုနှင့် အသေးစားလုပ်ငန်း ခုရေ သန်း ၄၀ ကျော် ရှိပြီး ယင်းတို့အနက် ၁၀ ပုံ ၁ ပုံ ကွယ်ပျောက်သွားခြင်း ဖြစ်သည်။

အချို့ လုပ်ငန်းကဏ္ဍများတွင် အရွယ်ငယ်သော လုပ်ငန်းများက အခရာကျသည်။ သံမဏိထုတ်လုပ်ရေးကဏ္ဍတွင် စတီးထုတ်လုပ်သော လုပ်ငန်းများ ရာချီပြီး ရှိနေရာ၌ အကြီးစားလုပ်ငန်းကြီးများတွင် အများစုသည် နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်ကြသည်။
ထုတ်လုပ်မှု ဝေစုတွင် အကြီးစား စတီးလုပ်ငန်းများက ၅၀%အောက်တွင်သာ ရှိပြီး အသေးစား ပုဂ္ဂလိကလုပ်ငန်းများက တရုတ်နိုင်ငံ စတီးစက်မှုလုပ်ငန်းကဏ္ဍကို ကြီးမားအောင် ထုတ်လုပ်ပေးနေကြသည်မှ ကမ္ဘာ့စတီးထုတ်လုပ်မှု၏ ထက်ဝက်ကျော်သည့် တရုတ်နိုင်ငံမှ ထုတ်လုပ်ပေးခြင်း ဖြစ်သည်။


အသေးစား ပုဂ္ဂလိကလုပ်ငန်းများ ပျောက်ကွက်ရသည်မှာ အဘယ်ကြောင့်နည်း။

 မိုက်ခရိုနှင့် အသေးစားလုပ်ငန်းများ ရင်ဆိုင်ရသည့် အခက်အခဲများမှာ လော့ဒေါင်းချခြင်း၊ ကုန်ကြမ်းများ ဈေးမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်စက ကြီးမားနေခြင်း၊ နည်းပညာလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အိမ်ရာအဆောက်အဦလုပ်ငန်းများကို အစိုးရက တင်းကျပ်ထားခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း စသည်တို့ ဖြစ်သည်။

အသေးစားလုပ်ငန်းများသည် လုပ်ငန်း စတင်ခဲ့ပြီး ပထမနှစ်တွင် အရှုံးပြခြင်း၊ အမြတ်နည်းပါးခြင်းများ ဖြစ်ပေါ်နေသော်လည်း ဆက်တောင့်ထားပြီး ဒုတိယနှစ်ကို ဆက်လက်လုပ်ကိုင်ကြသည်။ ဒုတိယနှစ်တွင် ဆိုးဝါးနေသည်များ အဆုံးသတ်နိုင်ဖွယ် မရှိသောအခါ လုပ်ငန်း ပိတ်သိမ်းလိုက်ကြသည်။ 

 

scmp.com

Global News Read 450 times