မတ်လတွင် ရုရှားရေနံ တရုတ်တင်သွင်းမှု စံချိန်သစ် တင်ဖွယ်ရှိ


05 March, 2023

မတ်လတွင် ရုရှားရေနံ တရုတ်တင်သွင်းမှု စံချိန်သစ် တင်ဖွယ်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံက ပင်လယ်ရေကြောင်းမှ ရုရှားရေနံတင်သွင်းသည့် ပမာဏသည် ယခုလ မတ်လတွင် စံချိန်သစ် တင်ဖွယ်ရှိသည်။ ရေနံချက်စက်ရုံများသည် ပြည်တွင်း လောင်စာဆီ ဝယ်လိုအား ပြန်လညမြင့်တက်လာနြေခင်းကြောင့် ဈေးသက်သာသည့် ရုရှားရေနံစိမ်းကို ပင်လယ်ရေကြောင်းမှ ပိုမိုတင်သွင်းကြမည် ဖြစ်သည်။ 

ရုရှားရေနံစိမ်းကို အိန္ဒိယဝယ်လိုအားနှင့် တရုတ်ဝယ်လိုအားတို့ များပြားနေခြင်းသည့် ရုရှားရေနံစိမ်း ဈေးနှုန်း သက်သာခြင်းကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။  

"ဈေးနှုန်းက အဆုံးအဖြတ်ပေးတဲ့ ဘုရင်ပဲ" ဟု ရှန်ဒေါင်အခြေစိုက် ရေနံချက်စက်ရုံမှ ဝယ်ယူရေး မန်နေဂျာက ပြောကြားသည်။ 

ရေနံတင်သင်္ဘောများ သွားလာမှုများကိ မျက်ခြေမပြတ် စောင့်ကြည့်ပြီး မှတ်တမ်းမှတ်ရာ ထားရှိသည့် အတိုင်ပင်ခံလုပ်ငန်းများ ဖြစ်ကြသော  Vortexa နှင့် Kpler  တို့က ခန့်မှန်းထားသည့် အချက်အလက်များအရ အနည်းဆုံးအနေဖြင့်  ရုရှားရေနံစိမ်း ESPO Blend စည်ပေါင်း သန်း ၂၀ ၊ ရုရှားရေနံစိမ်း Urals စည်ပေါင်း ၁၁ သန်းတို့သည် ယခုမတ်လတွင် တရုတ်နိုင်ငံသို့ ရေနံတင်သင်္ဘောများဖြင့် ဆိုက်ရောက်လာမည် ဖြစ်သည်။ 

ယခင်က ရုရှားရေနံ တစ်လတာ တင်သွင်းသည့် စံချိန်ဟောင်းမှာ စည်ပေါင်း ၄၂.၄၈ သန်း ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လတွင် တင်သွင်းခဲ့သည်။ 

ရုရှားရေနံများ တင်သွင်းလျက် ရှိရာတွင် အာတိတ်ရေနံလည်း ပါဝင်သည်။ စုစုပေါင်း စည် ၃.၁၅ သန်း တင်ဆောင်ထားသည့် ရေနံတင်သင်္ဘော ၃ စီးသည် ယခုလတွင် တရုတ်နိုင်ငံသို့ ဆိုက်ရောက်မည် ဖြစ်သည်။ ဖေဖော်ဝါရီလတွင် အာတိတ်ရေနံစိမ်း စည် ၂.၇ သန်း တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည်။ 

ESPO ရေနံစိမ်း  အရည်အသွေး ကောင်းသည့်အတွက်  ပုဂ္ဂလိကကဏ္ဍမှ ရေနံချက်စက်ရုံများက နှစ်သက်ကြသည်။  ရယုရသည့်နေရာ နီးသဖြင့်လည်း ကြိုက်ကြသည်။ 
ရုရှားရေနံ ESPO Blend  သည်အကြဲစား ဖြစ်ပြီး ဆာလဖာပါဝင်နှုန်း နည်းပါးသည်။ အများစုကို ရုရှားနိုင်ငံ အရှေ့ဖျားရှိ ဆိပ်ကမ်းများမှ တင်ပို့သည်။ 

ရုရှားရေနံ Urals ကို နိုင်ငံပိုင်လုပ်ငန်း PetroChina နှင့် Sinopec တို့က ဝယ်ယူလျက် ရှိသည်။ Urals  ရေနံစိမ်းသည် အပျစ်အကြဲ အလယ်အလတ်ဖြစ်ပြီး ဆာလဖာ ပါဝင်နှုန်း မြင့်မားသည်။ ရုရှားနိုင်ငံ ဥရောပဆိပ်ကမ်းများမှ တင်ပို့သည်။ သို့ဖြစ်ရာ တရုတ်သို့ သယ်ဆောင်ရန် ခရီးတာ ဝေးကွာသည်။ 

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 234 times