ဧပြီလတွင် မြောက်ကိုရီးယားသို့  တရုတ်မှ တင်ပို့မှု မြင့်တက်ခဲ့


22 May, 2023

ဧပြီလတွင် မြောက်ကိုရီးယားသို့  တရုတ်မှ တင်ပို့မှု မြင့်တက်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


မြောက်ကိုရီးယားသို့ တရုတ်နိုင်ငံ၏ တင်ပို့မှုမှာ ဧပြီလတွင် ယမန်နှစ်ကထက် ပိုများခဲ့သည်ဟု စနေနေ့ (မေ ၁၉)တွင် ထုတ်ပြန်သည့်   တရုတ်အကောက်ခွန်ဒေတာက ဖော်ပြသည်။
ဆံပင်တုနှင့် ဓာတ်မြေသြဇာများ အများဆုံး တင်ပို့ခဲ့သည်။

ဧပီဲလတွင် တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူခံထားရသည့် မြောက်ကိုရီးယားသို့ တင်ပို့မှုသည် ကန်ဒေါ်လာ ၁၆၆ သန်းဖိုး ရှိခဲ့ပြီး ယမန်နှစ် ဧပြီလထက် ၆၉% ပိုများပါသည်။ 

အများဆုံး တင်ပို့ခဲ့သည့် ကုန်စည်များမှာ ခေါင်းတွင် ဆောင်းရန် အသင့်ပြုပြင်စီမံထားသည့် ဆံပင်များနှင့် ခေါင်းစွပ်ဆံပင်တု ပြုလုပ်ရာတွင် အသုံးများသည့် သိုးမွှေးများ ဖြစ်သည်။ ကန်ဒေါ်လာ ၁၁.၆ သန်းဖိုး တင်ပို့်ခဲ့ပါသည်။ 
ဓာတ်မြေဩဇာ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဟိုက်ဒရိုဂျင် ဖော့စဖိတ် (diammonium hydrogen phosphate) သည် ဒုတိယအများဆုံး ဖြစ်ပြီး ကန်ဒေါ်လာ ၈.၈၄ သန်းဖိုး တင်ပို့ခဲ့သည်။ 
မြောက်ကိုရီးယားသည် တရုတ်ဆန် ကန်ဒေါ်လာ ၅.၀၇ သန်းဖိုးကို ဧပြီလတွင် ဝယ်ယူတင်သွင်းခဲ့သည်။ 

၂၀၂၃ ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံသို့ ကန်ဒေါ်လာ ၆၀၃ သန်းဖိုး တင်ပို့ခဲ့သည်။ ယမန်နှစ် ပထမ ၄လတွင် ကန်ဒေါ်လာ ၂၇၀.၅၉ သန်းဖိုး တင်ပို့ခဲ့သည်။ 
မြောက်ကိုရီးယားသည် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို ကာလရှည်ကြာ ကြုံတွေ့နေသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များအတွက် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုအောက်တွင် ၂၀၀၆ ခုနှစ်ကတည်းက ရှိနေခဲ့သည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 255 times