စက်တင်ဘာ တရုတ်ဒီဇယ် တင်ပို့မှု နှစ်ဆကျော် ပိုများ


24 October, 2022

စက်တင်ဘာ တရုတ်ဒီဇယ် တင်ပို့မှု နှစ်ဆကျော် ပိုများ

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 


စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ဒီဇယ်လောင်စာဆီ တင်ပို့မှုသည် နှစ်ဆကျော် ပိုများလာသည်။

စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ဒီဇယ်ဆီ တင်ပို့မှုသည် တစ်နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့ပြီး လေကြောင်းမှ လောင်စာဆီ တင်ပို့မှုမှာ ၂၉ လအတွင်း အများဆုံး ဖြစ်ခဲ့သည်။

 ပြီးခဲ့သည့်လက ဒီဇယ်ဆီ တင်ပို့မှုသည် ယခင်နှစ်ထက် တန်ချိန် ၁.၇၃ သန်းအထိ နှစ်ဆကျော် တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လနောက်ပိုင်း လစဉ် အမြင့်ဆုံးနှုန်းဖြစ်ကြောင်း အကောက်ခွန် အထွေထွေ ဦးစီးဌာန General Administration of Customs  ၏ အချက်အလက်များအရ သိရသည်။
ဩဂုတ်လထက် တန်ချိန် ၈၃၀,၀၀၀ ပိုများသည်။ လွန်ခဲ့သောနှစ်ထက် တန်ချိန် ၇၈၀,၀၀၀ ပိုများသည်။ 
.
 နိုင်ငံတကာ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများအတွက် တရုတ်နိုင်ငံရှိ လေဆိပ်များတွင် ဆီဖြည့်ခြင်းအပါအဝင် လေကြောင်းလောင်စာဆီ တင်ပို့မှုသည်  တန်ချိန် ၁.၂၃ သန်း ရှိပြီး ယခင်နှစ်ထက် ၃၈.၆ ရာခိုင်နှုန်း ခုန်တက်သွားသည်။ ၂၀၂၀ ခုနှစ် ဧပြီလနောက်ပိုင်း တစ်လတာ အမြင့်ဆုံးပမာဏဖြစ်သည်၊
.
လေကြောင်းသွားလာမှု ခြေရာခံ အထူးပြုလုပ်ငန်း Variflight မှ အချက်အလက်များအရ စက်တင်ဘာလက ခရီးသည်လေယာဉ်များ စုစုပေါင်း ပျံသန်းမှုတွင် ဆိုက်ရောက်နှင့်ထွက်ခွာ နှစ်မျိုးပေါင်း ခရီးစဉ်ခုရေ ၃၆၉, ၅၃၆ ရှိခဲ့ပါသည်။ ဩဂုတ်လထက် ၃၆.၅% လျော့ကျသည်။ ယမန်နှစ်ထက် ၄၂% လျော့ကျသည်။
.
စက်တက်ဘာလတွင် ဒီဇယ်ဆီနှင့် လေယာဉ်ဆီ ‌တင်ပို့သည့် တန်ချိန်ပမာဏများ မြင့်တက်ခဲ့ပြီး ဓာတ်ဆီတင်ပို့သည့် ပမာဏ လျော့ကျခဲ့ပါသည်။
စက်တင်ဘာလတွင် ဓာတ်ဆီတန်ချိန် ၆၆၀,၀၀၀ တင်ပို့ခဲ့သည်။ ယခင်နှစ်ကထက် ၂၈.၃% လျော့ကျသည်။ ဩဂုတ်လထက် ၄၁% ကျဆင်းခဲ့သည်။
.
သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုသည် အပူဓာတ်ပေးရသည့်  ဆောင်းရာသီ မတိုင်မီ တန်ချိန် ၅ ဒသမ ၉ သန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဇန်နဝါရီလနောက်ပိုင်း တစ်လတာ အမြင့်ဆုံးပမာဏဖြစ်သည်။
.
စက်တင်ဘာလတွင် ပိုက်လိုင်းဓာတ်ငွေ့တင်သွင်းမှု တန်ချိန် ၄ ဒသမ ၂၅ သန်း ရှိသည်။

 


.
တရုတ်နိုင်ငံသည်  LNG ကမ္ဘာ့ ဒုတိယအများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်သည်။ ဂျပန်နိုင်ငံသည် LNG ကမ္ဘာ့အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်သည်။ 
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Energy News Export, Import Read 189 times