တရုတ်နိုင်ငံ ဩဂုတ်လ ဓာတ်ဆီ တင်ပို့မှု ယမန်နှစ်ထက် ၂ ဆ ရှိခဲ့


26 September, 2022

တရုတ်နိုင်ငံ ဩဂုတ်လ ဓာတ်ဆီ တင်ပို့မှု ယမန်နှစ်ထက် ၂ ဆ ရှိခဲ့

 

တရုတ်နိုင်ငံ၏ ဩဂုတ်လတွင် ဓာတ်ဆီ တင်ပို့မှုသည် ယခင်နှစ်ထက် နှစ်ဆနီးပါး ရှိခဲ့သည်။တရုတ်နိုင်ငံ၏ ၂၀၂၂ ဩဂုတ်လ ဓာတ်ဆီတင်ပို့မှုသည် ယခင်နှစ်ထက် ၉၇.၄%  မြင့်တက်ခဲ့သည်။ ပြည်တွင်းဝယ်လိုအား ကျဆင်းနေချိန်တွင် ရေနံချက်စက်ရုံ လုပ်ငန်းရှင်များသည် အစိုးရ၏ ပို့ကုန်ခွဲတမ်းအသစ်ကို အခွင့်ကောင်း ရယူနိုင်ခဲ့ကြပါသည်။


.
ဓာတ်ဆီတင်ပို့မှုသည် ဩဂုတ်လက တန်ချိန် ၁ ဒသမ ၁၂ သန်း ရှိခဲ့သည်။  တရုတ်နိုင်ငံ အထွေထွေ ‌အကောက်ခွန် ဦးစီးဌာန General Administration of Customs. မှ ထုတ်ပြန်သည့် အချက်အလက်များ အရ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ကာလအတွင်း ဓာတ်ဆီတင်ပို့သည့် ပမာဏကို ကြည့်ပါက ယခင်နှစ်ထက် ၃၉.၄%  လျော့နည်းပါသည်။


၂၀၂၂ ဩဂုတ်လ ဒီဇယ် တင်ပို့မှုမှာ တန်ချိန် ၈၃၀,၀၀၀ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လထက် ၅၁.၈% ပိုများခဲ့ပါသည်။ ဇန်နဝါရီလမှ ဩဂုတ်လအထိ ကာလအတွင်း ဒီဇယ်တင်ပို့မှု စုစုပေါင်း တန်ချိန် ၃.၂၅ သန်း ရှိပါသည်။ ယခင်နှစ် အလားတူကာလထက် ၇၈.၃% လျော့နည်းပါသည်။ ၂၀၂၂ ဩဂုတ်လတွင် လေယာဉ်ဆီ တင်ပို့မှု တန်ချိန် ၇၈၀,၀၀၀ ရှိပြီး ယခင်နှစ် အလားတူကာလထက် ၁၅.၄% ကျဆင်းခဲ့သည်။


သို့သော် ဇန်နဝါရီလမှ ဩဂုတ်လအထိ ကာလအတွင်း တင်ပို့မှုမှာ ယခင်နှစ် အလားတူကာလထက် ၄.၄% ပိုများပါသည်။ တန်ချိန် ၅.၅၄ သန်း တင်ပို့ခဲ့ပါသည်။

 


တရုတ်၏ ဓာတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီ တင်ပို့မှုသည် ဇွန်နှင့် ဇူလိုင်လတွင် အစိုးရ၏ ပို့ကုန်ခွဲတမ်းများ ပိုမိုထုတ်ပေးခဲ့သဖြင့် တစ်နှစ်တာအတွက် အမြင့်ဆုံးသို့ ပြန်တက်လိမ့်မည်ဟု လေ့လာသုံးသပ်သူများနှင့် ကုန်သည်များက မျှော်လင့်ခဲ့ကြသည်။ အစိုးရက ယခုနှစ်တွင် စတုတ္ထအသုတ် ပို့ကုန်ခွဲတမ်း ချပေးခဲ့ရာတွင် တန်ချိန် ၁.၅ သန်းအထိ ခွင့်ပြုထားပါသည်။ ယခုနှစ်အတွက် ခွဲတမ်းပမာဏများ စုစုပေါင်း တန်ချိန် ၂၄ သန်း ချထားပေးပြီးပါပြီ။

ဩဂုတ်လတွင် တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ရည် liquefied natural gas  (LNG) တင်သွင်းမှု ကိုလည်း အကောက်ခွန်စာရင်း တွင် ဖော်ပြခဲ့ရာ တန်ချိန် ၄.၇၂ သန်း တင်သွင်းခဲ့ပါသည်။ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းဖြင့် ဩဂုတ်လတွင် တင်သွင်းခဲ့သည့် ပမာဏမှာ တန်ချိန် ၃၀.၄၀ သန်း ဖြစ်ပါသည်။


Source Reuters 

#MyanmarIndustriesGuide 

To join Telegram Channel  https://t.me/Guid4U

Energy News Export, Import Read 755 times