တရုတ်နိုင်ငံ ၂၀၂၃ ရေနံစိမ်းတင်သွင်းမှု စံချိန်သစ်တင်ခဲ့


13 January, 2024

 

တရုတ်နိုင်ငံ ၂၀၂၃ ရေနံစိမ်းတင်သွင်းမှု စံချိန်သစ်တင်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံ၏ နှစ်စဉ်ရေနံစိမ်း တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် အမြင့်ဆုံးသို့ စံချိန်တင် ရောက်ရှိခဲ့ကြောင်း သောကြာနေ့ (ဇန်နဝါရီ ၁၂)တွင် ထုတ်ပြန်သည့်  တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန ဒေတာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ စီးပွားရေး နှေးနေခဲ့သော်လည်း လောင်စာဆီဝယ်လိုအားသည် ကပ်ရောဂါကြောင့် ကျဆင်းနေခဲ့ရာမှ ပြန်ဦးမော့လာသည်။ ထို့အတွက် လောင်စာဆီ ထုတ်လုပ်ရန် ရေနံစိမ်း ပိုမိုတင်သွင်းခဲ့သည်။ 

တရုတ်နိုင်ငံသည် ယမန်နှစ်က ၂၀၂၂ ခုနှစ်ကထက် ရေနံစိမ်း ၁၁ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ပြီး မက်ထရစ်တန် ၅၆၃ ဒသမ ၉၉ သန်း တင်သွင်းခဲ့ပါသည်။  ၎င်းပမာဏသည် တရက်လျှင် စည်ပေါင်း barrel per day (bpd) ၁၁.၂၈ သန်းနှင့် ညီမျှပါသည်။ 

ယခင် အများဆုံး စံချိန်ဟောင်း ၂၀၂၀ ပြည့်နှစ်တွင် bpd ၁၀.၈၁ သန်း တင်သွင်းခဲ့သည့် စံချိန်ကို ကျော်လွန်ခဲ့ပါသည်။

 

 

 

တရုတ်ပြည် ဆောက်လုပ်ရေးကဏ္ဍ ပြိုလဲနေခြင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မရေရာသော အလားအလာများ ဖြစ်ပေါ်နေခြင်းကြောင့် ဒီဇယ်ဝယ်လိုအား အားနည်းခဲ့ပါသည်။

ကိုဗစ် တားမြစ်ပိတ်ပင်မှု ရုပ်သိမ်းပြီးနောက် ခရီးသွားလာမှုများ များပြားလာသဖြင့် ဓာတ်ဆီနှင့် လေယာဉ်ဆီ ဝယ်လိုအား မြင့်တက်ခဲ့ပါသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်တွင် ရေနံစိမ်း တင်သွင်းရန် အဓိက တွန်းအားများမှာ လေယာဉ်ဆီနှင့် ဆိုလာပြားများနှင်ဘ အီးဗီများအတွက် ပစ္စည်းများ ထုတ်လုပ်ရန် ရေနံဓာတုပစ္စည်းများ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) တင်သွင်းသည့်ပမာဏ၊ ပိုက်လိုင်းဖြင့် တင်သွင်းသည့် ဓာတ်ငွေ့ ပမာဏတို့ ၂၀၂၂ ခုနှစ်ထက် ၉.၉% ပိုများခဲ့ပါသည်။ စုစုပေါင်း တန်ချိန် ၁၉၉.၉၇ သန်း တင်သွင်းခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၂၁.၄ သန်း ပြီးလျှင် ဒုတိယအများဆုံး တင်သွင်းသည့် နှစ် ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ပြည်ပသို့ လောင်စာဆီအမျိုးမျိုး တင်ပို့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ချက်လုပ်သန့်စင်ပြီး လောင်စာဆီ အမျိုးမျိုး စုစုပေါင်း တန်ချိန် ၆၂.၆၉ သန်း တင်ပို့ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်ထက် ၁၆.၇% ပိုများပါသည်။

Source Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 230 times