တရုတ်ဗဟိုဘဏ် မထင်မှတ်ဘဲ အတိုးနှုန်း ထပ်မံလျှော့ချ 


16 August, 2022

တရုတ်ဗဟိုဘဏ် မထင်မှတ်ဘဲ အတိုးနှုန်း ထပ်မံလျှော့ချ

နိုင်ငံသည် ဘဏ်လုပ်ငန်းစနစ်မှ ငွေသားထုတ်ယူသည့် အဓိကနှုန်းထား ၂ ခုကို မမျှော်လင့်ဘဲ ဖြတ်တောက်ခဲ့သည်။
 

တရုတ်နိုင်ငံတော်ဗဟိုဘဏ်သည် ယခုနှစ်အတွင်း အဓိကအတိုးနှုန်းကို မထင်မှတ်ဘဲ လျှော့ချခဲ့သည်။ ယခုအကြိမ်သည် ဒုတိယအကြိမ် လျှော့ချခြင်း ဖြစ်သည်။ 

COVID-ဒဏ်သင့်စီးပွားရေးကိုထောက်ပံ့ရန်အတွက် ချေးငွေများ ပိုမိုထုတ်ချေးနိုင်ရန် ဘဏ်စနစ်မှ ငွေသားအချို့အဝက် ပြန်သိမ်းယူထား လိုက်သည်။ 
အဆိုပါ လုပ်ဆောင်ချက်များကို တနင်္လာနေ့ (ဩဂုတ် ၁၅) တွင် ဆောင်ရွက်ခဲ့သည်။

 အတိုးနှုန်းကို ပြင်းပြင်းထန်ထန် မြှင့်တင်နေသည့် အခြားသော အဓိကစီးပွားရေးနိုင်ငံများနှင့် ဖီလာဆန့်ကျင် ဖြစ်နေသော မူဝါဒကို တရုတ်အာဏာပိုင်များက ကျင့်သုံးခြင်းသည်  နှေးကွေး‌နေသော ပြည်တွင်းစီးပွားရေးကို ပံ့ပိုးကူညီရန် ဦးတည်ထားသည်ဟု  စီးပွားရေးပညာရှင်များနှင့် လေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။

တရုတ်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော People's Bank of China (PBOC) က တစ်နှစ်ကာလလတ် one-year medium-term lending facility (MLF) ချေးငွေများကို ငွေကြေးအဖွဲ့အစည်းအချို့အား အတိုးနှုန်း အခြေခံ ဒသမ basis points (bps) ၁၀ လျှော့ချကြောင်း ပြောကြားခဲ့ပါသည်။ ယခင် ၂.၈၅% ရှိခဲ့ရာမှ ယခု ၂.၇၅% ဖြစ်သွားပါသည်။ အဆိုပါ MLF ချေးငွေ ပမာဏ စုစုပေါင်းမှာ ယွမ် ၆၀၀ ဘီလီယံ ဖြစ်ပါသည်။

PBOC သည် ၂၀၂၂ ဇန်နဝါရီလတွင် bps ၁၀ တစ်ကြိမ်လျှော့ချခဲ့ဖူးပါသည်။

($1 = 6.7425 Chinese yuan)

#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
Source: Reuters 

Banking & Loan Read 11675 times