တရုတ်ယွမ် ပြည်တွင်းရောင်းဝယ်ဖောက်ကားချိန် နံနက် ၃ နာရီအထိ တိုးမြှင့်သတ်မှတ်


01 January, 2023

တရုတ်ယွမ် ပြည်တွင်းရောင်းဝယ်ဖောက်ကားချိန် နံနက် ၃ နာရီအထိ တိုးမြှင့်သတ်မှတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်အစိုးရက ယွမ်ငွေကြေးကို နိုင်ငံတကာသုံး ငွေကြေးအဖြစ်သို့ ကူးပြောင်းရန် အစီအစဉ်များကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ပြည်တွင်း ငွေကြေးဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားသည့် ကုန်းတွင်းယွမ် onshore yuan အတွက် ဈေးပိတ်ချိန်နာရီကို တိုးမြှင့်သတ်မှတ်ပါမည်။

ကုန်းတွင်းယွမ် ဈေးပိတ်ချိန်ကို နောက်တစ်နေ့ မနက် ၃ နာရီ သတ်မှတ်ချက်ကို ဇန်နဝါရီလ ၃ ရက်တွင် စတင်ကျင့်သုံးပါမည်။ လက်ရှိတွင် ည ၁၁ နာရီခွဲတွင် ဈေးပိတ်ပါသည်။
ဈေးဖွင့်ချိန် ယခုလက်ရှိအတိုင်း မပြောင်းလဲဘဲ မနက် ၉ နာရီခွဲတွင် ဈေးဖွင့်ရန် သတ်မှတ်ထားကြောင်း တရုတ်ဗဟိုဘဏ် People’s Bank of China-PBOC က ထုတ်ပြန်ပါသည်။

ဗဟိုဘဏ် ပိတ်ချိန်ကိုလည်း ယခုလက်ရှိအတိုင်း မပြောင်းလဲဘဲ ညနေ ၄ နာရီခွဲတွင် ပိတ်မည်ဖြစ်ပါသည်။ နောက်တစ်နေ့အတွက် ဗဟိုဘဏ်က ရည်ညွှန်းဈေး သတ်မှတ်ပေးသည့် China Foreign Exchange Trade System -CFETS အတွက် ဗဟိုဘဏ်ပိတ်ချိန်တွင် ထုတ်ပြန်မည် ဖြစ်ပါသည်။

တစ်နှစ်တာ ကုန်ဆုံးရက် သောကြာနေ့ ဒီဇင်ဘာလ ၃၀ ရက် ညဘက် တရုတ်ပြည်တွင်းဈေးကွက် ဈေးပိတ်ချိန်တွင် ယွမ်- ကန်ဒေါ်လာ လဲနှုန်း 6.9514 ဖြင့် ဈေးပိတ်ခဲ့ပါသည်။ တစ်နှစ်တာတွင် ယွမ်သည် ကန်ဒေါ်လာနှင့်လဲနှုန်းတွင် ၈.၆% ကျဆင်းခဲ့ပါသည်။ တစ်နှစ်တာခြုံငုံ ကျဆင်းနှုန်းတွင် ၂၈ နှစ်တာအတွင်း အများဆုံး ဖြစ်ပါသည်။
Source Reuters 

Banking & Loan Read 230 times