တရုတ်နိုင်ငံသည် ရေနံစိမ်းအရန်သိုလှောင်မှု ထပ်တိုးလျက်ရှိ


21 March, 2023

တရုတ်နိုင်ငံသည် ရေနံစိမ်းအရန်သိုလှောင်မှု ထပ်တိုးလျက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံသည် တင်သွင်းမှု နည်းပါးပြီး ရေနံချက်လုပ်မှု  မြင့်မားနေသဖြင့် ပြည်တွင်းဈေးကွက်တွင် ရေနံစိမ်း လိုအပ်သည့် ပမာဏ မြင့်တက်နေသော်လည်း ယခုနှစ် ပထမနှစ်လတွင် အရန်သိုလှောင်မှု ရေနံစိမ်းကို ပိုမိုထည့်သွင်းလျက် ရှိသည်။

တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၂၇၀,၀၀၀ ခန့် (barrels per day bpd) ခန့်ကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများတွင် ရောင်းဝယ်ဖောက်ကားရန် သိုလှောင်မှု နှင့်  မဟာဗျူဟာမြောက် သိုလှောင်ခြင်းးများတွင် ထပ်မံထည့်သွင်းခဲ့သည်။
၎င်းပမာဏသည် ၂၀၂၂  ဒီဇင်ဘာလတွင် bpd  ၁.၁၉ သန်း နှင့် ၂၀၂၂ တစ်နှစ်တာပျမ်းမျှ bpd  ၇၄၀,၀၀ တို့ထက် လျော့နည်းနေဆဲ ဖြစ်သည်။ 

ယခုနှစ် ပထမနှစ်လအတွင်း တင်သွင်းမှုနှင့် ပြည်တွင်းထုတ်လုပ်မှုမှ ရရှိနိုင်သော ရေနံစိမ်းစုစုပေါင်းပမာဏမှာ bpd ၁၄.၆၃ သန်း ဖြစ်ပါသည်။ တင်သွင်းသည့် ပမာဏမှာ bpd  ၁၀.၄ သန်း ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်သည့် ရေနံစိမ်း ပမာဏမှာ bpd ၄.၂၃ သန်း ဖြစ်ပါသည်။ 


ဒီဇယ်၊ ဓာတ်ဆီ၊ လေကြောင်းလောင်စာဆီနှင့် ရေကြောင်းလောင်စာဆီများ အပါအဝင် သန့်စင်ပြီး ရေနံထွက်ကုန်များ တင်ပို့မှုသည် ဇန်နဝါရီမှ ဖေဖော်ဝါရီ ကာလတွင် တန်ချိန် ၁၂ ဒသမ ၇ သန်းနီးပါး ရှိပါသည်။ 

Source reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 253 times