အီးဗီနှင့် လေအားလျှပ်စစ်အတွက် မြေရှားထုတ်လုပ်မှု တရုတ် တိုးမြှင့်


01 May, 2023

အီးဗီနှင့် လေအားလျှပ်စစ်အတွက် မြေရှားထုတ်လုပ်မှု တရုတ် တိုးမြှင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်အစိုးရသည် ယခုနှစ် ပထမနှစ်ဝက်အတွက် ၎င်း၏ မြေရှားထုတ်လုပ်မှု ခွဲတမ်းကို တန်ချိန် ၁၂၀,၀၀၀ သို့ တိုးမြှင့်ခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက် ခွဲတမ်းထက် ၂၀% ပိုများသည်။
.
ထိုသို့ ခွဲတမ်းကို တိုးမြှင့်သတ်မှတ်ပေးလိုက်သည့်အတွက် တရုတ် မြေရှားထုတ်လုပ်ရေး လုပ်ငန်းများသည် အီးဗီနှင့် လေအားလျှပ်စစ်ကဏ္ဍတို့ အပါအဝင် အခြားနည်းပညာမြင့် ထုတ်ကုန်ကဏ္ဍများအတွက် လိုအပ်ချက် မြင့်မားလာနေသည်ကို ဖြည့်ဆည်းပေးနိုင်စေမည့် မြေရှားသတ္တု ပစ္စည်းပေးသွင်းကွင်းဆက်ကို ထူထောင်ဖို့ လုပ်ကိုင်နေကြသည်။
.
China Northern Rare Earth (Group) High-tech Co., Ltd. သည် တရုတ်ပြည် မြေရှားကဏ္ဍတွင် အကြီးမားဆုံးလုပ်ငန်း ဖြစ်သည်။
 Inner Mongolia တွင် ကမ္ဘာ့အကြီးဆုံး ‌ေြမရှား သန့်စင်ရေး နှင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်  စက်ရုံအဖြစ်သို့ ရောက်အောင် တိုးချဲ့မည်ဖြစ်ကြောင်း မတ်လက ကြေညာခဲ့သည်။
အဆိုပါ  ယွမ် ၇.၈ ဘီလီယံ (ကန်ဒေါ်လာ ၁.၁ ဘီလီယံ) စီမံကိန်းသည် တစ်နှစ်ခွဲကြာမြင့်မည်ဟု ခန့်မှန်းထားသည်။
လျှပ်စစ်မော်တော်ယာဉ်နှင့် လေအားလျှပ်စစ်တို့အတွက် မြေရှားသတ္တုသံလိုက်များကို ကမ္ဘာ့အကြီးဆုံးစက်ရုံ ထူထောင်ပြီး ထုတ်လုပ်မည်။
.
တရုတ်အစိုးရက လျှပ်စစ်ကား သုံးစွဲရေးကို တွန်းအားများ ပေးပြီး မြှင့်တင်နေစဉ် လျှပ်စစ်ကားများအတွက် အစွမ်းထက်သော မြေရှားသတ္တုသံလိုက်များ အလုံအလောက် ရရှိနေစေပြီး ဈေးနှုန်းတည်ငြိမ်နေစေရန် ရည်ရွယ်သည်။
ယမန်နှစ်က အီးဗီအများစု ပါဝင်သည့် စွမ်းအင်သစ်မော်တော်ယာဉ်များ စီးရေ ၆.၈၈ သန်းကို တရုတ်ပြည်တွင် ရောင်းချခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် စီးရေ ၁၇ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ မြေရှားသတ္တုသံလိုက် လိုအပ်ချက် ပိုများလာနေသည်ကို အလျဉ်မီအောင် ထုတ်လုပ်သွားမည် ဖြစ်သည်။
.
တရုတ်အစိုးရသည် ခြောက်လစာအတွက် မြေရှားထုတ်လုပ်မှု ခွဲတမ်း တိုးမြှင့်သော်လည်း  cerium နှင့် neodymium ကဲ့သို့သော မြေရှား ဒြပ်စင်များ ထုတ်လုပ်မှုအတွက်မှာမူ ယခင်နှစ်ထက် ခွဲတမ်းကို ၅ ရာခိုင်နှုန်း လျှော့ချခဲ့သည်။
၎င်းဒြပ်စင်အပြင် dysprosium အပါအဝင် လေးလံသော မြေရှားဒြပ်စင်တို့ကို တရုတ်နှင့် မြန်မာနိုင်ငံတို့တွင်သာ ရရှိနိုင်သည်။ ၎င်းဒြပ်စင်တို့ကို အီးဗီများမှ ဒုံးကျည်များအထိ အသုံးပြုသည့် မြင့်မားသော အရည်အသွေးကို တသမတ်တည်း ရနေစေသော သံလိုက်များ ထုတ်လုပ်ရန် အသုံးပြုသည်။
.
China Northern Rare Earth (Group) High-tech သည် မြန်မာနှင့် တရုတ် နှစ်နိုင်ငံတို့တွင် လုပ်ငန်းလည်ပတ်ရန် ပေါင်းစပ်ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို တည်ထောင်ရန် ကြိုးပမ်းနေသည်။
ထို့အတွက် မြန်မာနိုင်ငံမှ တင်သွင်းလာသော မြေရှားသတ္တုရိုင်းများကို သန့်စင်ရန်နှင့် စီမံဆောင်ရွက်ရန်အတွက် နယ်စပ်ဒေသ ယူနန်ပြည်နယ်တွင် စက်ရုံသစ်တစ်ခု တည်ဆောက်နေပါသည်။
မြန်မာ့မြေရှားပါးသတ္တုတူးဖော်ရေးစီမံကိန်းအားလုံးနီးပါးသည် တရုတ်ပိုင်ဖြစ်ပြှီး အလုပ်သမားများ အများအပြားတို့သည် တရုတ်ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။
တရုတ်ကားလိုင်စင်နံပါတ်ပြားပါသည့် ကုန်တင်ကားများသည် မြန်မာနိုင်ငံတွင်းရှိ မိုင်းတွင်းသို့ လွတ်လပ်စွာ သွား‌ရောက်နိုင်ပြီး နယ်စပ်ဖြတ်ကျော်ကာ ယူနန်သို့ ပြန်လည်ရောက်ရှိကြသည်။
.
China Northern သည် cerium ကဲ့သို့သော မြေရှားဒြပ်စင်အပေါ့စားများကို အဓိကထုတ်လုပ်နေသော်လည်း dysprosium ကဲ့သို့သော လေးလံသော ရှားပါးဒြပ်စင်များ ၀ယ်ယူရေးကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ပြန်လည်ရောင်းချရန်အတွက် ကားထုတ်လုပ်သူများနှင့် လက်တွဲထားသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်း အီးဗီ ထုတ်လုပ်သူ BYD နှင့်အတူ လက်တွဲပြီး လေးလံ‌ေသာ မြေရှားဒြပ်စင်များအတွက် သတ္တုတူးဖော်ခွင့်ရှိသည့် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် ဖေဖော်ဝါရီလတွင် ဆုံးဖြတ်ခဲ့သည်။
..
‌မြေရှားသတ္တုကို နိုင်ငံရေး ကစားကွက်တွင်လည်း သုံးစွဲသည်။ 
တရုတ်က Diaoyu ဟုခေါ်သော Senkaku ကျွန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား တင်းမာမှု ဖြစ်ပေါ်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ မြေရှားများ တင်ပို့မှုကို ယာယီတားမြစ်ခဲ့သည်။ ယခုအခါ မြေရှားသံလိုက်နည်းပညာ တင်ပို့မှု ပိတ်ပငါရန် စဉ်းစားသုံးသပ်နေသည်။
.
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ဦးဆောင်သူ တိန့်ရှောင်ဖိန်က "အရှေ့အလယ်ပိုင်းမှာ ရေနံရှိတယ်၊  တရုတ်နိုင်ငံမှာ မြေရှားသတ္တုများ ရှိတယ်"ဟု တစ်ချိန်က ပြောကြားခဲ့ဖူးသည်။
တရုတ်နိုင်ငံသည် မိုင်းတွင်းမှာ တူးဖော်သည်မှအစ သန့်စင်ပြီး သံလိုက်များ ထုတ်လုပ်သည်အထိ လုပ်ကိုင်နိုင်သည့် အားသာချက်ရှိသည်။ 
အမေရိကန်သည် မြေရှား ထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံ ဖြစ်သော်လည်း သန့်စင်ပေးနိုင်စွမ်း မလုံလောက်သဖြင့် တရုတ်ပြည်သို့ ထွက်သမျှ မြေရိုင်းအားလုံးနီးပါး တင်ပို့ပြီး တရုတ်နိုင်ငံမှ ကုန်ချောများကို ပြန်လည်တင်သွင်းသည်။
.
 Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Global News Investment/Divestment Read 317 times