တရုတ်နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မယ့် တရုတ် - မြန်မာ ကုန်စည်ပြပွဲ


11 May, 2019

တရုတ် - မြန်မာ ကုန်စည်ပြပွဲ ၂၀၁၉ ကို မေလ၂၆ ရက်မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာ ရန်ကုန်မြို့ သာကေတမြို့နယ် မင်းနန္ဒာလမ်းနဲ့ သုမနလမ်းထောင်ရှိ Fortune Plaza Myanmar Expo Hall မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌနမှ သိရပါတယ်။

ပွဲကျင်းပမယ့် အချိန်ကတော့ နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲအထိ ဖြစ်ပါတယ်။

အဆိုပါကုန်စည်ပြပွဲကနေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တရုတ်နိုင်ငံအပြင် အာဆီယံဒေသတွင်း အခြားသောနိုင်ငံတွေနဲ့ပါ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများကို ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကုန်စည်ပြပွဲဟာ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြန်မာ့ထုတ်ကုန်များအတွက် တရုတ်ဈေးကွက်ကို ဝင်ရောက်နိုင်ဖို့နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ဖို့ အကျိုးရှိတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

၎င်းပြပွဲမှာ မော်တော်ယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ထုပ်ပိုးမှုစက်ကိရိယာများ၊ အထွေထွေသုံး စက်ကိရိယာများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ နေ့စဉ်သုံး၊ လူသုံးကုန်ပစ္စည်းများနဲ့ အစားအသောက်များ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ဝန်ကြီးဌာနမှ အဆိုပါ ကုန်စည်ပြပွဲမှာ ပြသသွားမယ့် တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ကုန်ပစ္စည်းများဟာ အရည်အသွေးအဆင့်မီတဲ့ ထုတ်ကုန်များဖြစ်တယ်လို့ အာမခံထားပါတယ်။

Events & Exhibition Read 618 times