တရုတ်နိုင်ငံ မေလတွင် ဓာတ်ဆီတင်ပို့မှု နှင့် LNG တင်သွင်းမှု လျော့ကျ၊ ဒီဇယ်တင်ပို့မှု မြင့်တက်


19 June, 2022

တရုတ်နိုင်ငံ မေလတွင် ဓာတ်ဆီတင်ပို့မှု နှင့် LNG တင်သွင်းမှု လျော့ကျ၊ ဒီဇယ်တင်ပို့မှု မြင့်တက်


၂၀၂၂ မေလမှာ တရုတ်နိုင်ငံ ရေနံစိမ်းတင်သွင်းမှု မြင့်တက်ခဲ့ပြီး တန်ချိန် ၄၅.၈၃ သန်း တင်သွင်းခဲ့ပါါတယ်။

ရေနံစိမ်း တင်သွင်းမှုမှာ ကမ္ဘာ့‌အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး ဌာနမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ  ပျမ်းမျှအားဖြင့်  တစ်ရက်လျှင် ဧပြီလမှာ ရေနံစိမ်း စည် ၁၀.၅ သန်း တင်သွင်းခဲ့ပြီး မေလမှာ ရေနံစိမ်း စည် ၁၀.၇၉ သန်း တင်သွင်းခဲ့ပါတယ်။
ဇန်နဝါရီလမှ မေလအထိ တစ်ရက်လျှင် ရေနံစိမ်း စည် ၁၀.၄၉ သန်း တင်သွင်းခဲ့ပါတယ်။ 

ကုန်ချော ထုတ်လုပ်မှုအပိုင်းမှာ  ရေနံချက်စက်ရုံများ ထုတ်လုပ်မှု နှစ်ဆန်းမှာ သိသိသာသာ လျော့ကျခဲ့ပြီး မတ် ၊ ဧပြီမှာ ပြန်မြင့်တက်လာခဲ့ပါတယ်။
ကိုဗစ်လော့ဒေါင်းကြောင့်  ဝယ်လိုအား လျော့ကျနေလို့ ရေနံချက်စက်ရုံများမှာ လက်ကျန်များ များပြားနေဆဲ ဖြစ်ပါတယ်။

ရှန်ဒေါင်ပြည်နယ်မှ ပုဂ္ဂလိက ရေနံချက်စက်ရုံများ  မေလမှာ စွမ်းအားပြည့်ရဲ့ ၆၀% လည်ပတ်ခဲ့ပါတယ်။ ဧပြီလမှာ ၅၀% အောက်မှာသာ လည်ပတ်ခဲ့ကြပါတယ်။

ရေနံစိမ်းလက်ကျန် ၂၀၂၁ ဇူလိုင်လ နောက်ပိုင်း အများဆုံးပမာဏမှာ ရောက်ရှိနေပါတယ်။ မတ်လမှစ၍ တစ်ပတ်ထက် တစ်ပတ် ပိုများလာခဲ့ရာ စည် ၉၂၀ သန်း ဝန်းကျင်အထိ ရောက်ရှိလာပါတယ်။
ရေနံချက်စက်ရုံများ စွမ်းအားပြည့် ရာနှုန်ူပြည့် လည်ပတ်ကြမယ်ဆိုရင်တောင် ၂ လစာ ဖူလုံနေမယ့် ပမာဏ ဖြစ်ပါတယ်။
ချက်လုပ်သန့်စင်ပြီး ကုန်ချော ရေနံထုတ်ကုန် တင်ပို့မှု မေလမှာ တန်ချိန် ၃.၂၇ သန်း ရှိခဲ့ပါတယ်။ 

တရုတ်နိုင်ငံက ၎င်း၏လောင်စာဆီ တင်ပို့မှု အထူးသဖြင့် ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှုကို ထိန်းချုပ်ထားပြီး ပြည်တွင်းတွင် အလွန်အကျွံ ချက်လုပ်သန့်စင်ခြင်းကို ကန့်သတ်ရန် ဦးတည်ထားတဲ့ မူဝါဒကို ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါတယ်။

မေလမှာ ဓာတ်ဆီ တန်ချိန် ၈၄၀,၀၀၀ တင်ပို့ခဲ့ပါတယ်။ ဧပြီလမှာ တန်ချိန် ၉၈၀,၀၀၀ တင်ပို့ခဲ့ပါတယ်။ 
မေလမှာ ဒီဇယ် တန်ချိန် ၁၂၀,၀၀၀ တင်ပို့ခဲ့ပါတယ်။ ဧပြီလမှာ တန်ချိန် ၅၃၀,၀၀၀ တင်ပို့ခဲ့ပါတယ်။


လေယာဉ်ဆီ တင်ပို့မှုမှာ တရုတ်ပြည်တွင်း လေဆိပ်များမှာ ပြည်ပလေကြောင်းလိုင်းများ လေယာဉ်ဆီ ဖြည့်တင်းခြင်းများ အပါအဝင် မေလမှာ တန်ချိန် ၈၁၀,၀၀၀ တင်ပို့ခဲ့ပါတယ်။ ဧပြီလမှာ တန်ချိန် ၉၆၀,၀၀၀ တင်ပို့ခဲ့ပါတယ်။


သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းများဖြင့်လည်းကောင်း ၊ ငွေ့ရည်သဘာဝဓာတ်ငွေ့ liquefied natural gas (LNG) အနေဖြင့်လည်းကောင်း တင်သွင်းခဲ့ရာ မေလမှာ စုစုပေါင်း တန်ချိန် ၉.၀၇ သန်း ရှိပါတယ်။ 
ယခုနှစ် ပထမ ၅ လ သဘာဝဓာတ်ငွေ့ စုစုပေါင်း တန်ချိန် ၄၄.၉၁ သန်း တင်သွင်းခဲ့ပါတယ်။
ပိုက်လိုင်းဓာတ်ငွေ့တင်သွင်းမှု မေလမှာ တန်ချိန် ၄.၁၅ တန် တင်သွင်းခဲ့ပါတယ်။ အဓိကအားဖြင့်တာ့ခ်မင်နစ္စတန်နှင့် ရုရှားနိုင်ငံတို့မှ တင်သွင်းပါတယ်။


#MyanmarIndustryGuide 
Source: Reuters

Energy News Export, Import Read 3740 times