တရုတ်နိုင်ငံက တိုင်ဝမ်အပေါ် ကုန်သွယ်ရေး ပိတ်ပင်မှုများစတင်


04 August, 2022

တရုတ်နိုင်ငံက တိုင်ဝမ်အပေါ်  ကုန်သွယ်ရေး ပိတ်ပင်မှုများစတင်

ဗုဒ္ဓဟူးနေ့(ဩဂုတ် ၃ရက်) မှာ တရုတ်နိုင်ငံက တိုင်ဝမ်သို့ သဘာဝသဲ တင်ပို့ခြင်းကို ပိတ်ပင် လိုက်ပါတယ်။
ထို့ပြင် တိုင်ဝမ်မှ လိမ္မော်၊ ကဗ္ဗလာမျိုးဝင်အသီးများနှင့် ငါးအမျိုးအစားတစ်မျိုးတို့ တရုတ်ပြည်သို့ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်ခဲ့တာအတွက် လက်တုံ့ပြန်တာလို့ ယူဆရပါတယ်။
နန်စီပလိုစီ တိုင်ဝမ်သို့ ဗုဒ္ဓဟူးနေ့ လာရောက်မယ်လို့ ဆိုကတည်းက တရုတ်နိုင်ငံ အ‌ကောက်ခွန်ဌာနက တနင်္လာနေ့မှာ တိုင်ဝမ်မှ တရုတ်ပြည်သို့ တင်ပို့နေကျ  ဘီစကွတ်နှင့် မုန့် ပို့ကုန်လုပ်ငန်း ၃၅ ခုကို  ပိတ်ပင်ခဲ့ပါတယ်။ 
၂၀၂၂ ဇန်နဝါရီမှ ဇွန်လအတွင်း ထိုင်ဝမ်ထံမှ တရုတ်နိုင်ငံ တင်သွင်းတဲ့တန်ဖိုးစုစုပေါင်း  အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၅ ဘီလီယံ ရှိပါတယ်။ 

အများဆုံးတင်သွင်းတဲ့ ကုန်ပစ္စည်းများတွင် ပေါင်းစပ်ဓာတ်စီးပတ်လမ်းများ integrated circuits နှင့် အီလက်ထရွန်နစ် အစိတ်အပိုင်းများ ပါဝင်ပါတယ်။

သဘာဝသဲ
 ဆောက်လုပ်ရေးနှင့် ကွန်ကရစ်တွင် အသုံးများသော သဘာဝသဲများ တင်ပို့မှုကို ထိုင်ဝမ်သို့ ဗုဒ္ဓဟူးနေ့မှစ၍ ရပ်ဆိုင်းထားကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

ဝန်ကြီးဌာနက ပိတ်ပင်ရတဲ့ အကြောင်းရင်းကို 
အသေးစိတ် ပြောကြားခြင်းမရှိဘဲ ယင်းကဲ့သို့ ဆောင်ရွက်မှုသည် ဥပဒေနှင့် စည်းမျဉ်းများအပေါ် အခြေခံထားကြောင်းကိုသာ ပြောကြားခဲ့ပါတယ်။

၂၀၀၇ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကြောင့် ထိုင်ဝမ်သို့ သဘာဝသဲတင်ပို့မှုကို ရပ်ဆိုင်းခဲ့တာ တစ်နှစ်ကြာ ရပ်ထားခဲ့ပြီးမှ တင်ပို့ခွင့် ပြန်လညမခွင့်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ထုတ်ပြန်တဲ့ တရားဝင်အချက်အလက်များအရ ၂၀၀၇ ခုနှစ်တွင် ထိုင်ဝမ် သဘာဝသဲတင်သွင်းမှု စုစုပေါင်းရဲ့  ၉၀ ရာခိုင်နှုန်းကျော်သည်  တရုတ်နိုင်ငံမှဖြစ်ဪါတယ်။


သစ်သီးနှင့်ငါး
 တရုတ်နိုင်ငံသည် ထိုင်ဝမ်မှ လိမ္မော်၊ ကဗ္ဗလာမျိုးဝင်အသီးများ၊ အအေးပေး ငါးတံခွန်၊ အေးခဲငါးမြင်းခွာတို့ တင်သွင်းခြင်းကို ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းထားလိုက်ပါတယ်။
 လိမ္မော်၊ ကဗ္ဗလာမျိုးဝင်အသီးများမှာ ပိုးသတ်ဆေး အကြွင်းအကျန် ရှိနေတယ်လို့ သံသယရှိလို့ တင်သွင်းမှု ရပ်ထားတယ်လို့ ဆိုပါတယ်။ အေးခဲငါးတွေရဲ့ အထုပ်အပိုးတချို့ပေါ်မှာ ဇွန်လတုန်းက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ တင်သွင်းမှု ရပ်ထားတာလို့ ဆိုပါတယ်။
 

ထိုင်ဝမ်မှ တရုတ်နိုင်ငံက အများဆုံး တင်သွင်းတဲ့ စားသောက်ကုန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များမှာ ပင်လယ်စာ၊ ကော်ဖီ၊ နို့ထွက်ပစ္စည်း၊ အဖျော်ယမကာနှင့် ရှာလကာရည်တို့ ဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ငါးနှင့် အခြားရေနေ ကျောရိုးမဲ့ သတ္တဝါများ  ယွမ် ၃၉၉ သန်းဖိုး တရုတ်နိုင်ငံက တိုင်ဝမ်မှ တင်သွင်းခဲ့ပါတယ်။
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
Source: Reuters 

Export, Import Read 609 times