မလေးရှားရေနံ တရုတ် တင်သွင်းမှု စံချိန်တင် မြင့်တက် မလေးရှား ထုတ်လုပ်သည့်ပမာဏထက် ၃ ဆ ဝယ်ယူ


25 January, 2023

မလေးရှားရေနံ တရုတ် တင်သွင်းမှု စံချိန်တင် မြင့်တက် မလေးရှား ထုတ်လုပ်သည့်ပမာဏထက် ၃ ဆ ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံက မလေးရှားနိုင်ငံမှ ရေနံစိမ်း တင်သွင်းမှုသည် စံချိန်တင် မြင့်တက်ခဲ့ပါသည်။

မလေးရှားနိုင်ငံမှ တရုတ်ရေနံစိမ်းတင်သွင်းမှုသည် ဒီဇင်ဘာလတွင် တစ်ရက်လျှင် စည်ပေါင်း barrels per day (bpd) ၁.၃ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။
တရုတ်နိုင်ငံမှ ရေနံစိမ်းတင်သွင်းမှု အများဆုံးနိုင်ငံများတွင် ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့ပြီးလျှင် မလေးရှားနိုင်ငံက တတိယနေရာကို ရရှိသည်။

မလေးရှားမှ တရုတ်ရေနံစိမ်း တင်သွင်းမှုသည် ပြီးခဲ့သောလတွင် အီရတ်နှင့် ယူအေအီးကဲ့သို့သော OPEC မှ ရေနံစိမ်းဝယ်ယူမှု ပမာဏထက် ကျော်လွန်ခဲ့ကြောင်း  တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး၏ အချက်အလက်များအရ Bloomberg ၏ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကာလအတွင်း မလေးရှားနိုင်ငံ၏ ပျမ်းမျှနေ့စဉ် ထုတ်လုပ်မှု ပမာဏ၏ ၃ ဆကို တရုတ်နိုင်ငံက ဝယ်ယူတင်သွင်းခဲ့ခြင်း ဖြစ်‌နေသည်။ သို့ဖြစ်ရာ မလေးရှားရေနံဟု အမည်ခံပြီး မလေးရှားရေပိုင်နက်ထဲတွင် သင်္ဘောမှ သင်္ဘောသို့ ပြောင်းတင်ပေးခြင်း ship-to-ship (STS)transfer ဟု ယူဆကြပြီး မူရင်းနိုင်ငံမှာ အမေရိကန်က ပိတ်ဆို့အရေးယူထားသော အီရန်၊ ဗင်နီဇွဲလား၊ ရုရှား ဖြစ်နိုင်သည်ဟု သံသယ ရှိကြသည်။
မလေးရှား ရေပိုင်နက်တွင် သင်္ဘောမှ သင်္ဘောသို့ ပြောင်းတင်ပေးသည့် အချက်အချာနေရာတစ်ခု ရှိနေသည်။

ယေဘူယျအားဖြင့်  တရုတ်နိုင်ငံ ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံ  လုပ်ငန်းရှင်များဦးစားပေးသည်မှာ ဈေးနှုန်းသက်သာသော ရေနံစိမ်းများကို ဝယ်ယူကာ လောင်စာဆီ ထုတ်လုပ်ရောင်းချခြင်းဖြင့် အမြတ်အစွန်းကောင်းကောင်း ရရှိစေရေး ဖြစ်သည်။ ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို အရေးမလုပ်ကြချေ။

တရုတ်နိုင်ငံသည် အီရန်နှင့် ဗင်နီဇွဲလား ရေနံစိမ်းများကို ဆက်လက်ဝယ်ယူနေဆဲ ဖြစ်သည်။ မကြာခဏ မူရင်းနိုင်ငံအစား အိုမန်နှင့် မလေးရှားတို့ကို သုံးစွဲသည်။

၂၀၂၂ တွင် တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံထံမှ ရေနံစိမ်းကို အများဆုံးတင်သွင်းခဲ့သည်။ ရုရှားရေနံစိမ်းသည် ဒုတိယအများဆုံး ဖြစ်သည်။ 
Source Oilprice.com

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 2459 times