အီးဗီ ဘက်ထရီ အဓိကကုန်ကြမ်း ဂရပ်ဖိုက် တင်ပို့မှု အပေါ်  ထိန်းချုပ်မှုများ တရုတ် မြှင့်တင်


28 October, 2023

အီးဗီ ဘက်ထရီ အဓိကကုန်ကြမ်း ဂရပ်ဖိုက် တင်ပို့မှု အပေါ်  ထိန်းချုပ်မှုများ တရုတ် မြှင့်တင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံသည် “နိုင်ငံတော်လုံခြုံရေးနှင့်  အကျိုးစီးပွားများကို အကာအကွယ်ပေးရန်” ဟု ဆိုကာ   လျှပ်စစ်ကားဘက်ထရီများတွင် အဓိကကျသော ဂရပ်ဖိုက် အမျိုးအမည် အချို့အပေါ်  ပို့ကုန်ထိန်းချုပ်မှုများကို မြှင့်တင်ထားသည်။


အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းဟု သတ်မှတ်သော အလွန်အ‌လေးထားရသည့် ဂရပ်ဖိုက် အမျိုးအစားအချို့သည် ဒီဇင်ဘာ ၁ ရက်မှ စ၍ ကုန်ထိန်းချုပ်မှုများတွင် အကျုံးဝင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သောကြာနေ့ (အောက်တိုဘာ ၂၇)တွင် ထုတ်ပြန်ခဲ့သည်။

ဂရပ်ဖိုက် ပစ္စည်းများသည် ၂၀၀၆ ခုနှစ်တွင် တင်ပို့မှု ထိန်းချုပ်ရန် ယာယီအမိန့် ချမှတ်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားသည်။

သံမဏိ၊ သတ္တုထုတ်လုပ်ရေးနှင့် ဓာတုဗေဒ လုပ်ငန်းများတွင် အသုံးပြုသည့် အရေးမပါသော ဂရပ်ဖိုက် အမျိုးအစားများ အပေါ်တွင် ယာယီပို့ကုန်ထိန်းချုပ်မှုများ ပြဋ္ဌာန်းထားခြင်းကို ဖယ်ရှားမည်ဖြစ်သည်။

Graphite သည် အီးဗီဘက်ထရီထုပ်တွင် အားပြန်သွင်းနိုင်သော ဆဲလ်အတွင်းရှိ အဖိုတိုင်တွင် မပါမဖြစ် ပါဝင်ပစ္စည်း ဖြစ်သည်။ 

ဘထ္ထရီထုတ်လုပ်သူများသည် မိုင်းတွင်းမှ ထုတ်ယူထားသော သဘာဝဂရပ်ဖိုက်များကို အသုံးပြု၍ အဖိုတိုင် ပြုလုပ်ကြသည်။
နောက်တနည်းမှာ ဓာတုနည်းလမ်းဖြင့် ဖန်တီးထားသော ဂရက်ဖိုက် အတုကို သုံးစွဲသည်။ ကုန်ကျစရိတ်များသဖြင့် ဈေးပိုကြီးသည်။ သို့သော် ပိုကြာကြာခံသည်။ အားသွင်းသည့်အခါ ပိုမြန်သည်။ ဘေးကင်းရေးအတွက် ပိုမိုကောင်းမွန်သည်။

တရုတ်နိုင်ငံသည် ကုန်ကြမ်းအတွက် အဓိက အရင်းအမြစ် ဖြစ်သည်။
သဘာဝ ဂရက်ဖိုက်တွင် ၆၀% ကို တရုတ်နိုင်ငံက ထုတ်လုပ်သည်။ ဓာတုနည်းလမ်းဖြင့် ထုတ်လုပ်သည့် ဂရက်ဖိုက်တွင် ၉၀% ကို တရုတ်နိုင်ငံက ထုတ်လုပ်သည်။
 
တရုတ်နိုင်ငံသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံများသို့ ဂရပ်ဖိုက်များကို အဓိကအားဖြင့် တင်ပို့လျက် ရှိသည်။

Source business times 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 239 times