တရုတ်နိုင်ငံ  နိုင်ငံခြားငွေအရန်ငွေ ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁ ဘီလီယံ မြင့်တက်


09 January, 2023

တရုတ်နိုင်ငံ  နိုင်ငံခြားငွေအရန်ငွေ ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁ ဘီလီယံ မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေသည် ဒီဇင်ဘာလတွင် မြင့်တက်ခဲ့ကြောင်း စနေနေ့(ဇန် ၇)တွင်တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေသည် ကန်ဒေါ်လာ ၁၁ ဘီလီယံ မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၃.၁၂၈ ထရီလီယံအထိ ရောက်ရှိလာခဲ့ပါသည်။


တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေသည် ကမ္ဘာ့အများဆုံး ပမာဏဖြစ်ပြီး ကန်ဒေါ်လာ ၁၁ ဘီလီယံ ထပ်တိုးခဲ့သဖြင့် ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၃.၁၂၈ ထရီလီယံသို့ ရောက်ရှိပါသည်။ 

ဒီဇင်ဘာလတွင် တရုတ်ယွမ်၏ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းသည် နိုဝင်ဘာလထက် ၂.၈% မြင့်တက်ပါသည်။ 
ကန်ဒေါ်လာတန်ဖိုးသည် ယွမ်အပါအဝင် အခြားအဓိကငွေကြေးများနှင့် နှိုင်းယှဉ်ပါက  ကျဆင်းပါသည်။ ပျမ်းမျှအားဖြင့် ၂.၃% ကျဆင်းခဲ့ပါသည်။ 
တရုတ်နိုင်ငံတွင် အရန်ရွှေထားရှိသည့်ပမာဏသည် ဒီဇင်ဘာလကုန်တွင် ထရွှိုင်အောင်စ ၆၄.၆၄ သန်း ရှိပါသည်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁၇.၂၄ ဘီလီယံ ရှိပါသည်။ နိုဝင်ဘာလကုန်တွင် အရန်ရွှေ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၁၁.၆၅ ဘီလီယံ ရှိပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 231 times