အာရှဈေးကွက် တရုတ်ဓာတ်ဆီနှင့် ဒီဇယ်ဆီ အဝင်နည်းမည် ခန့်မှန်း


09 March, 2023

အာရှဈေးကွက် တရုတ်ဓာတ်ဆီနှင့် ဒီဇယ်ဆီ အဝင်နည်းမည် ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်ပြည်တွင် ပြည်တွင်း၌ လောင်စာပိုမိုသုံးစွဲလာသောကြောင့် အာရှဈေးကွက်များသို့ တရုတ်ဒီဇယ်နှင့် ဓာတ်ဆီ ဝင်ရောက်လာမှုသည် မတ်လတွင် သိသိသာသာ နှေးကွေး‌နေသည်။ 
တရုတ်နိုင်ငံမှ ဓာတ်ဆီနှင့် ဒီဇယ် တင်ပို့မှုများ လျော့ကျသဖြင့် အာရှဈေးကွက်တွင် ရောင်းလိုအား လျော့ကျသွားမည်ဖြစ်ရာ ဈေးနှုန်းများ မြင့်တက်နိုင်မည်လားဟု မေးခွန်း ရှိနေသည်။ 

တရားဝင်အကောက်ခွန်အချက်အလက်များအရ တရုတ်ဒီဇယ်နှင့် ဓာတ်ဆီ အာရှဈေးကွက်သို့  စီးဆင်းမှုသည် ယခုနှစ်ပထမနှစ်လ ဇန်နဝါရီနှင့် ဖေဖော်ဝါရီတို့တွင် မြင့်မားနေသေးကြောင်း တွေ့ရသည်။  တရုတ်အစိုးရမှ ချပေးသည့် ပို့ကုန်ခွဲတမ်းအသစ်ကို သက်တမ်းမကုန်ခင် အသုံးပြုရန်အတွက်လည်းကောင်း၊ အာရှတွင် ရောင်းချခြင်းသည် အမြတ်များခြင်းကြောင့်လည်းကောင်း တင်ပို့မှု များပြားခဲ့ပါသည်။ 
တရုတ်နိုင်ငံသည် ယခုနှစ် ပထမနှစ်လအတွင်း သန့်စင်ပြီး ရေနံထွက်ကုန် တန်ချိန် ၁၂ ဒသမ ၉၆ သန်း တင်ပို့ခဲ့ကြောင်း မတ်လ ၇ ရက်က ထုတ်ပြန်သည့် အကောက်ခွန် ကိန်းဂဏန်းများအရ သိရသည်။
ပျမ်းမျှအားဖြင့် ၎င်းနှစ်လတွင် လောင်စာ တစ်ရက်လျှင် စည်ပေါင်း  barrels per day (bpd) ၁. ၇၆ သန်း တင်ပို့ခဲ့သည်။ 
ပြီးခဲ့သည့် ၂၀၂၂ စတုတ္ထ ၃လပတ်တွင် bpd ၁.၅၉ သန်း တင်ပို့ခဲ့သည်ထက် အနည်းငယ် ပိုများခဲ့ပါသည်။ 

တရုတ်နိုင်ငံသည် သန့်စင်ပြီး လောင်စာဆီများကို အာရှဈေးကွက်များသို့ တင်ပို့ရတွင် ပမာဏ အတက်အကျ ရှိပါသည်။ တင်ပို့သည့် ပမာဏသည် တရုတ်အစိုးရမှ ချပေးသည့် ပို့ကုန်ခွဲတမ်းအပေါ် မူတည်သည်။ ခွဲတမ်းအနည်းအများ မည်သို့ ဆုံးဖြတ်သည်ကို အကျိုူးအကြောင်း ရှင်းပြခြင်း မရှိပါ။ ပြည်တွင်းလောင်စာဆီ ဖူလုံရေး မူဝါဒအရ ဆုံးဖြတ်ခြင်းဖြစ်ပြီး အာရှဈေးကွက်မှာ ဖြစ်ပေါ်သည့် ဝယ်လိုအားများနှင့် ရောင်းလိုအားများနှင့် မပတ်သက်ချေ။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှု အားနည်းခဲ့သော်လည်း တရုတ်အစိုးရက တင်ပို့မှု ခွဲတမ်းများ တိုးမြှင့်မှုကြောင့် ဒုတိယနှစ်ဝက်တွင် များလာခဲ့ရာ ၂၀၂၃ ပထမနှစ်လအထိ ဆက်လက်များပြားနေဆဲ ဖြစ်ပါသည်။ 
Refinitiv Oil Research သည် ယခုနှစ် ပထမနှစ်လအတွင်း ဒီဇယ်ဆီ တင်ပို့မှု ၄၄၆,၀၀၀ bpd ရှိမည်ဟု ခန့်မှန်းထားသည်။
ဓာတ်ဆီတင်ပို့မှုသည် ယခုနှစ် ပထမနှစ်လတွင် ၁၅၂,၀၀၀ bpd ခန့်ရှိကြောင်း Refinitiv မှ ခန့်မှန်းထားသည်။

 မတ်လတွင် လောင်စာနှစ်မျိုးလုံး တင်ပို့မှု ကျဆင်းသွားနိုင်သည်ဟု Refinitiv ၏ ခန့်မှန်းထားသည်။  ဒီဇယ်ဆီ တင်ပို့မှုမှာ ၁၂၀,၀၀၀ bpd မျှသာရှိမည်ဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည့် ၉ လတာအတွင်း အနည်းဆုံး ပမာဏ ဖြစ်သည်။ 
ဓာတ်ဆီတင်ပို့မှုမှာ ၈၂,၀၀၀ bpd ရှိမည်ဟု ခန့်မှန်းသည်။ 
ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှု လျော့ကျစေမည့် အကြောင်း ၃ ချက် ရှိနေသည်။ 
ပြည်တွင်း ဝယ်လိုအား မြင့်တက်လာနေခြင်း၊ ရေနံချက်စက်ရုံများ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်မည့် အစီအစဉ် ရှိခြင်း၊ ဒေသတွင်း ရောင်းချသည့်အခါ ရသည့် အမြတ် လျော့နည်းနေခြင်း တို့ ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှုသည် ယခုလအတွင်း သိသိသာသာ ကျဆင်းသွားဖွယ်ရှိသည်။

တရုတ်နိုင်ငံမှ ဓာတ်ဆီနှင့် ဒီဇယ် တင်ပို့မှုများ လျော့ကျသဖြင့် အာရှဈေးကွက်တွင် ရောင်းလိုအား လျော့ကျသွားမည်ဖြစ်ရာ ဈေးနှုန်းများ မြင့်တက်စေမည်လားဟု မေးခွန်း ရှိနေသည်။ 

တရုတ်လောင်စာဆီ လျော့ကျသွားသည့်ကို အခြား လောင်စာဆီတင်ပို့သည့် နိုင်ငံများက တိုးမြှင့်တင်ပို့ခြင်ဖြင့် ဈေးကွက်ဝေစုကို တိုးချဲ့နိုင်သည်။ 

ယခုအခါ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ ယူအေးအီးတို့သည် လောင်စာဆီတင်ပို့မှု ပိုများလာနေသည့် အရိပ်လက္ခဏာများကို မြင့်တွေ့နေရသည်။ 

အိန္ဒိယ၏ ဒီဇယ်တင်ပို့မှုသည် ဖေဖော်ဝါရီတွင် ၄၇၀,၀၀၀ bpd ရှိခဲ့ပြီး ဓာတ်ဆီတင်ပို့မှု ၃၁၄,၀၀၀ bpd  ရှိခဲ့သည်။ နှစ်မျိုးစလုံး ယခင်ကထက် ပမာဏ ပိုများပါသည်။ 
သို့ဖြစ်ရာ တရုတ်လောင်စာဆီ အာရှဈေးကွက်သို့ အဝင်နည်းခြင်းကြောင့် ဈေးမြင့်တက်သည့် ရလဒ် အခွင့်အလမ်းနည်းပါးသော်လည်း ထိုသို့ အဝင်နည်းသည်ကို အကြောင်းပြပြီး ဈေးကစားခြင်းကြောင့်သာ ဈေးမြင့်တက်နိုင်ပါသည်။ 
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Export, Import Read 397 times