တရုတ်နိုင်ငံ ဩဂုတ်လ လောင်စာဆီ တင်ပို့မှုမြင့်တက် 


19 September, 2023

တရုတ်နိုင်ငံ ဩဂုတ်လ လောင်စာဆီ တင်ပို့မှုမြင့်တက် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဩဂုတ်လတွင် တရုတ်နိုင်ငံမှ ဒီဇယ်ဆီ၊ ဓာတ်ဆီနှင့် ဂျက်လေယာဉ်ဆီ လောင်စာဆီ ၃ မျိုးစလုံး ယမန်နှစ် ဩဂုတ်လထက် ပိုများခဲ့ပါသည်။

ဩဂုတ်လတွင် ပြည်ပတင်ပို့သည့် ဈေးနှုန်းများ အမြတ်အစွန်း ပိုများနေသဖြင့် တရုတ်နိုင်ငံမှ ဒီဇယ် 
 ပြည်ပတင်ပို့မှု ပိုများခဲ့သည်။

တရုတ်နိုင်ငံမှ ဩဂုတ်လတွင် ဒီဇယ်ဆီ မက်ထရစ်တန် ၁.၂၆ သန်း တင်ပို့ခဲ့သည်။ ယမန်နှစ် ဩဂုတ်လတွင် မက်ထရစ်တန် ၈၃၀,၀၀၀ တင်ပို့ခဲ့သည်ထက် ၅၁.၅% ပိုများသည်။

ပြည်တွင်းဈေးကွက်တွင် ဒီဇယ်ဆီ အသုံးများသည့် အိမ်ရာတိုက်တာ ဆောက်လုပ်ရေးကဏ္ဍ ပြိုလဲနေသဖြင့် ဝယ်လိုအား ကျဆင်းနေသည်။ 

ဓာတ်ဆီ တင်ပို့သည့်ပမာဏမှာ ယမန်နှစ် ဩဂုတ်လတွင် တန် ၁.၁၂ သန်း ရှိခဲ့ပြီး ယခုနှစ်တွင် တန် ၁.၃၈ သန်း ရှိသဖြင့် ၂၃.၇% မြင့်တက်သည်။
ပြည်တွင်းဈေးကွက်တွင် ခရီးထွက်ကြသည့် နွေရာသီ ဖြစ်သဖြင့် ဝယ်လိုအား မြင့်တက်သည်။

ဂျက်လေယာဉ်ဆီ တန် ၁.၅၅ သန်း တင်ပို့ခဲ့သည်။ ယမန်နှစ်က တန် ၇၈၀,၀၀၀ တင်ပို့ခဲ့သဖြင့် ယခုနှစ်တွင် ၉၈.၁% ပိုများသည်။

ပြည်တွင်း လေကြောင်းခရီးစဉ်များ ခရီးသည် ရရှိသည့် အခြေအနေ ပြန်ဦးမော့လာသည်။ ပြည်ပခရီးစဉ်များတွင် ကိုဗစ်အကြိုကာလ ရေချိန်၏ ၄၉% သာ ခရီးသည် ရရှိသည်။

ဖော်ပြခဲ့သည့် ဂျက်လေယာဉ်ဆီ ပမာဏတွင် တရုတ်နိုင်ငံမှ လေဆိပ်များတွင် ပြည်ပသို့ ပျံသန်းမည့် လေယာဉ်များ ဖြည့်တင်းသည့် ဂျက်လေယာဉ်ဆီ ပမာဏကို ထည့်သွင်း တွက်ချက်ထားပါသည်။

ပင်လယ်ရေကြောင်း သင်္ဘောများကို  လောင်စာဆီ တန် ၅.၈၉ သန်း ရောင်းချဖြည့်တင်းပေးခဲ့ပါသည်။

တရုတ်နိုင်ငံသည် ဩဂုတ်လတွင်  သဘာဝ ဓာတ်ငွေ့ရည် liquefied natural gas  (LNG) တန် ၆.၃၀ သန်း တင်သွင်းခဲ့ပါသည်။

 


Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 287 times